သက်တော်ရှည် စံကင်းဆရာတော်ဘုရားကြီးအမြဲရွတ်ဖတ်တော်မူသော
ဂါထာ(၃)ပုဒ်
ပါဠိဂါထာ
(၁) ယေ စ ဗုဒ္ဓါ အတီတာ စ၊ ယေ စ ဗုဒ္ဓါ အနာဂတာ။
ပစ္စုပ္ပန္နာ စ ယေ ဗုဒ္ဓါ၊ အဟံ ၀န္ဒာမိ သဗ္ဗဒါ။
(၂) ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗ မဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။
(၃) အဋ္ဌာနမေတံ ဘိက္ခဝေ အန၀ကာသော၊ ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ၊
အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ။
(၁) ယေ စ ဗုဒ္ဓါ အတီတာ စ၊ ယေ စ ဗုဒ္ဓါ အနာဂတာ။
ပစ္စုပ္ပန္နာ စ ယေ ဗုဒ္ဓါ၊ အဟံ ၀န္ဒာမိ သဗ္ဗဒါ။
(၂) ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗ မဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။
(၃) အဋ္ဌာနမေတံ ဘိက္ခဝေ အန၀ကာသော၊ ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ၊
အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ။
ဂါထာတော်များ၏ အနက်နှင့် အကျိုး
(၁) ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူပြီးကုန်သော မြတ်စွာဘုရားတို့ကို၎င်း၊
အရိမေတ္တေယျ စသော နောင်ပွင့်တော်မူလတံ့သော မြတ်စွာဘုရားတို့ကို၎င်း၊
ယခုလောက ပစ္စုပ္ပန်၌ ပွင့်တော်မူကုန်သော မြတ်စွာဘုရားတို့ကို၎င်း၊
အကျွန်ုပ်သည် အခါခပ်သိမ်း ရှိခိုးပါ၏။
(၂) နေမင်းသည် နေ့အခါ၌သာ ထွန်းလင်းတောက်ပ၏။
လမင်းသည် ညအခါ၌သာ ထွန်းလင်းတောက်ပ၏။
မင်းသည် မင်းမြှောက်တန်ဆာ ဆင်ယင်မှသာ တင့်တယ်၏။
ရဟန္တာသည် ဈာန်ဝင်စားမှသာ တင့်တယ်၏။
မြတ်စွာဘုရားသော်ကား နေ့ညဥ့်ပတ်လုံး တန်ခိုးတော်ဖြင့် တင့်တယ်၏။
(၃) မြတ်စွာဘုရားတို့သည် သူတပါးတို့၏ လုံ့လပယောဂဖြင့် ပရိနိဗ္ဗာန်စံရိုးမရှိ။
သူတပါးတို့၏ လုံ့လပယောဂ လုံးဝမရှိဘဲလျက်သာလျှင် ပရိနိဗ္ဗာန်စံတော်မူကြကုန်၏။
(၁) ယေ စ ဗုဒ္ဓါ-ဂါထာကို မြတ်စွာဘုရားသခင်သည် မိမိကိုသတ်ရန် ဒေ၀ဒတ် ကျောက်တုံးလှိမ့်ချစဉ်ကနှင့် နာဠာဂီရိဆင်ကို ဒေ၀ဒတ် စေလွှတ်စဉ်က ကိုယ်တော်တိုင် နှစ်ကြိမ်ရွတ်ဆိုခဲ့ကြောင်း စူဠ၀ါပါဠိတော်၌ ဖော်ပြထားသည်။
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေသည်။
အနာရောဂါ ကင်းပျောက်စေသည်။
အကြံအစည် အလုပ်အကိုင် အောင်မြင်စေသည်။
တောင့်တတိုင်း ပြည့်စုံစေသည်။
(၂) ဒိဝါတပတိ ဂါထာကို သီဟိုဠ်ကျွန်း (သီရိလင်္ကာ) ဘာတိကမင်းလက်ထက် ဘာတိကမင်း တောင်းပန်သဖြင့် ပညာရှိအမတ် ရွတ်ဖတ်ရာ ရွတ်ဆဲခဏ၌ အသပြာတထောင် ရရှိကြောင်း သံယုတ်အဋ္ဌကထာ၌ ဆိုသည်။ ဤဂါထာကို ရွတ်ဖတ်ပါက ဘုန်းတန်ခိုးကျက်သရေနှင့် ပြည့်စုံနိုင်သည်။
လာဘ်လာဘ ပေါများနိုင်သည်။
အလုပ်အကိုင် အကြံအစည် အောင်မြင်နိုင်သည်။
လိုအင်ဆန္ဒ အလုံးစုံနှင့် ပြည့်စုံစေနိုင်သည်။
(၃) အဋ္ဌာနမေတံ ဂါထာသည် လက်နက်ဘေး၊ သူတပါးတို့၏ ကိုယ် နှုတ် စိတ်ဖြင့် ရန်ပြုသည့်ဘေး စသော ဘေးအပေါင်းတို့မှ ကင်းလွတ်စေသော ဂါထာဖြစ်သည်။
အသက်ရှည်ခြင်း၊ အနာကင်းခြင်းနှင့်လည်း ပြည့်စုံစေသည်။
မင်းဉာဏ်ဝေ
(မြတ်မင်္ဂလာ ၂၀၀၉-ခု မတ်လ)




၁ ဒေါ်လာ= ၉၈၀ ကျပ်
၁ ဘတ် = ၃၁ ကျပ်