စစ်မြေပြင်သို့ ရောက်သော ဆင်ပြောင်ကြီးကို...
မြားလှံကန်တို့ဖြင့် ထိုးဆွသကဲ့သို့ ...
ကိုယ်နှုတ်နှလုံး...မစောင့်စည်းသော လူတို့သည်...
သူတစ်ပါးတို့ကို ...နှုတ်လှံကန်ဖြင့် ထိုးဆွကုန်၏...
ရဟန်းသည် ...
သူတစ်ပါးတို့ ပြောဆိုအပ်သော...ကြမ်းတမ်းသော စကားကို ...
ကြားရသောကြောင့်...ဒေါသစိတ် မရှိဘဲ သည်းခံရာ၏...။

- ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် စိုးရိမ်ရေအမှတ်သို့ ကျော်လွန်ရောက်ရှိ ကာ ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်းမကြီးအား ရေကျော်နေပြီ ဖြစ်ကြောင်း သိရ

ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ၂၀၁၀ခုနှစ်၊ သြဂုတ်လ (၃၀)ရက်နေ့ နေ့လည် (၁၂း၃၀)နာရီ အချိန်မှစတင်၍ ပဲခူးမြစ်ရေ၏ စိုးရိမ်ရေအမှတ်ဖြစ်သည့် (၉၁၀)စင်တီမီတာကို ကျော်လွန်ရောက်ရှိနေပြီး ညနေ(၃း၀၀)နာရီ
အချိန်ခန့်မှစတင်၍ ပဲခူးမြို့၊ ခေါင်းဆေးကျွန်းတွင်
ရန်ကုန်-မန္တလေးအဝေးပြေးကားလမ်းမကြီးအား ရေအမြင့်(၁)ပေခန့်
ကျော်လွန်နေပြီဖြစ်ကြောင်း သိရသည်။
မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သြဂုတ်လ (၃၀)ရက်နေ့ နေ့လည် (၁၂း၃၀)နာရီမှ စတင်၍ နောက်(၂၄)နာရီအတွင်း မြစ်၏စိုးရိမ်ရေအမှတ်အထက်တွင်
ဆက်လည်တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။ ဤကဲ့သို့
ရန်ကုန်-မန္တလေးအဝေးပြေးကားလမ်းမကြီးအား ရေအမြင့် (၁)ပေခန့်
ကျော်လွန်နေသဖြင့် အဝေးပြေးကားကြီးများ၊ ကုန်တင်ကားကြီးများနှင့်
ပဲခူးမြို့ခံများအနေဖြင့် ခက်ခဲစွာသွားလာနေရကြောင်း သိရသည်။

(from news.eleven.com)












- ပဲခူးမြို့ရေကြီးမှု လူ (၆၀၀) ကျော် အိုးအိမ်ပစ် ထွက်ခွာရ


ပဲခူးမြို့တွင် တနင်္ဂနွေနေ့ နေ့လယ်ပိုင်းမှ စတင်တက်လာသော ပဲခူးမြစ်ရေကြောင့် ပဲခူးမြို့ရှိ ဇိုင်းဂနိုင်းတောင်နှင့်မြောက်၊ အိုးလေးစု၊ မဇင်း၊ ကျွန်းသာယာ၊ ကျောက်ကြီးစု၊ ကလျာဏီ ရပ်ကွက်တို့ ရေမြုပ်နေသဖြင့် ရပ်ကွက်နေ မိသားစုများသည် နီးစပ်ရာ ဓမ္မာရုံ၊ ဘုန်းကြီးကျောင်းများတွင် ယာယီမှီခိုနေကြရသည်။

ပဲခူးမြို့ မဇင်းရပ်ကွက်ထိပ် ရန်ကုန်မန္တလေး အဝေးပြေးကားလမ်းပေါ်ရှိ အနောက်ရွှေနံ့သာ ဘုန်းကြီးကျောင်းတွင် မိသားစု (၂၀၀) ကျော်တို့မှ လူဦးရေ (၆၀၀) ကျော်တို့သည် အစိုးရမှ မည်သည့်အထောက်အပံ့မှ ပြုလုပ်ပေးခြင်းမရှိသဖြင့် ဘုန်းတော်ကြီးကျောင်းနှင့် စေတနာရှင်များမှ လှူဒါန်းသော အစားအသောက်များကိုသာ အားထားနေရသည်။ ရွှေနံ့သာကျောင်းမှ နေ့စဉ် ဆန်အိတ် (၁၅) အိတ်ကို ဒုက္ခရောက်နေသူများအတွက် ပေးလှူနေရသည်ဟု ပဲခူးမြို့သားတဦးက ပြောသည်။

နှစ်စဉ်နှစ်တိုင်းလိုလို ဖြစ်ပွားလေ့ရှိသည့် ပဲခူးမြစ်ရေလျှံမှုသည် မြစ်ဖျားပိုင်းမိုးများသည့်အချိန်နှင့် ပဲခူးမြစ် မြစ်ဖျားခံရာ ဇောင်းတူတာတမံမှ ရေလွှတ်ချိန်တိုက်ဆိုင်ပြီး ယခုကဲ့သို့ မြစ်ရေမျက်နှာပြင် မြင့်တက်လာခြင်းဖြစ်သည်။ အထူးသဖြင့် ယခုကဲ့သို့ ဝါထပ်သည့်နှစ်များတွင် ဖြစ်ပေါ်လေ့ရှိသည်။ ပဲခူးမြို့တွင်မူ ယခုနှစ် မိုးရွာသွန်းမှု နည်းပါးသည်။

အစိုးရ သတင်းစာမှ သတင်းထုတ်ပြန်ချက်တွင် ပဲခူးမြို့၏ စိုးရိမ်ရေမှတ် (၉၁၀) စင်တီမီတာသို့ ရောက်ရှိနေပြီး နောက်ထပ် (၂၄) နာရီအတွင်း ဆက်လက်တည်ရှိနေဦးမည်ဟု ဖော်ပြပါရှိသည်။ အဆိုပါရေကြီးမှုကြောင့် စာသင်ကျောင်းအချို့ ပိတ်ထားရပြီး၊ ရန်ကုန်မန္တလေး အဝေးပြေး ကားလမ်းမကိုလည်း ရေကျော်နေပြီဖြစ်သည်။

ကားလမ်းကို ကားငယ်များဖြတ်သန်းခြင်းမရှိတော့ဘဲ ကားကြီးများသာ ဖြတ်ကူးနေကြပြီး ရပ်ကွက်များတွင် လှေများဖြင့် သွားလာကူးသန်းနေကြရသည်ဟု ပဲခူးမြို့သား ကိုတိုးက ပြောသည်။

“ဒီနှစ်က အခုနောက်ကျမှရေကြီးတာ၊ ဝါထပ်တဲ့နှစ်တွေက ပိုဆိုးသေးတယ်။ အဝေးပြေးဝင်းဆို ခါးတောင်ကျော်နေပြီ” ဟု ၎င်းက ပြောသည်။

လွန်ခဲ့သည့် (၃) နှစ်ခန့်က (၃) လနီးပါး ပြန်လည်ပြင်ဆင်ထားသော ပဲခူးတံတားသည် နဂိုမူလထက် အနည်းငယ်ပိုမြင့်သွား၍ ရေကျော်မှုမျိုး မဖြစ်သေးသော်လည်း တံတားအောက်ခြေ နှုတ်ခမ်းဘောင်နားသို့ ရောက်ရှိနေပြီဖြစ်သည်။

ယခုအခါ ရေကြီးခြင်းကို အကြောင်းပြု၍ ယခင်က (၁၅၀) ကျပ်သာပေးရသော ခရီးတိုကို ယခုအခါ ခရီးသည်တယောက်လျှင် (၄၀၀) ကျပ်ဖြင့် ကုန်ကား၊ ဖောကား (တရုတ်လုပ် မြေသယ်ကား) များက တဘက်ရေစပ်မှ တဘက်ရေအစပ်သို့ ပို့ဆောင်ပြေးဆွဲနေကြသည်။

ယနေ့နံနက်တွင် ပဲခူးမြို့၊ တောင်သူစုကျေးရွာ ပရဟိတကျောင်းဆရာတော် ဥူးကိတ္တကျောင်းမှဦးစီး၍ ရေဘေးဒုက္ခသည်များအား ထမင်းဟင်းများ သွားရောက် လှူဒါန်းခဲ့ကြသည်။

အလှူရှင်တဦးက “ဘယ်သူမဆိုပါ၊ ဘယ်လိုလူမျိုးဒုက္ခရောက်ရောက် ကူညီသင့်တယ်။ အလှူရှင်များတော့ ပိုကောင်းတာပေါ့။ သူတို့မှာ ထမင်းချက်စားဖို့ဆိုတာ အစဉ်မပြေဘူး။ ဒီလိုဒုက္ခရောက်တဲ့သူကို စာဝတ်နေရေးအရလည်းကောင်း၊ ကျန်းမာရေးအရလည်းကောင်း ကူညီစောင့်ရှောက်မှု ရရင်ကောင်းတာပေါ့။ အဲဒီလိုဖြစ်စေချင်တာ။ ဒါပေမယ့် ကိုယ့်နိုင်ငံက သူများနိုင်ငံလို ကူညီစောင့်ရှောက်တာက ထုံးစံမရှိသလိုဖြစ်နေတယ်” ဟု ဆိုသည်။

ယခုလောလောဆယ်တွင် ရေကြီးမှုကြောင့် ဖြစ်ပွားတတ်သည့် မည်သည့်ရောဂါမျိုးမှ ဖြစ်ပွားမှုမရှိသေးဟု သိရသည်။

- လူသေအလောင်း အစုလိုက် အပြုံလိုက် စုပြုံမြုပ်ထားသောတွင်း

မက္ကဆီကိုနိုင်ငံသည် မူးယစ်ဂိုဏ်းများ အချင်းချင်း တိုက်ခိုက်ရာ နေရာတစ်ခုဖြစ်ပြီး မြောက်ပိုင်းရှိ နွေဗိုလေယွန်းန် (Nuevo León) ပြည်နယ်တွင် လူသေအလောင်း ၂၁
လောင်းပါသော ကြောက်လန့်ဖွယ် တွင်းတစ်ခုကို စစ်သားများက တွေ့ရှိ ကြသည်။
၎င်းလူများမှာ အသတ်မခံရမီ ညှင်းပန်းနှိပ်စက်ခံထားခဲ့ရသည်ဟု ယူဆ ရသည်။



အမည်မဖော်သူတစ်ဦးပေးသော သတင်းအရ စစ်ဖက်မှ တာဝန်ရှိသူတို့သည် ၎င်းနေရာသို့ ရောက်ရှိခဲ့ကြရာ ၎င်းနေရာမှာ ဘောလုံးကွင်း တစ်ကွင်းနီးပါးရှိပြီး ပြည်နယ်၏ ဝေးလံ ခေါင်ဖျားကျေးလက် အရပ်တွင် တည်ရှိပေသည်။ တွင်းကြီးမှာ မွန်ထရေး
(Monterrey) မြို့၏ အရှေ့ဖက်နားတွင် ရှိပြီး သောကြာနေ့ (၂၃.၀၇.၂၀၁၀) တွင်
တွေ့ရှိရာ အထဲတွင် လူသေအလောင်း ၂၁ လောင်း တွေ့ရှိခဲ့ရသည်။
စုံစမ်းစစ်ဆေးသူများက တွင်းသို့ ဆင်းသော ဆင်ခြေလျောတွင် သွေးကွက်ကြီးများကို တွေ့ရပြီး အောက်ပိုင်းတွင် ဓာတ်ဆီ အကြွင်းအကျန်များကို တွေ့ရသည်။ နွေဗိုလေယွန်းန် (Nuevo León) ပြည်နယ်မှာ မူးယစ်ဂိုဏ်း
အုပ်စုများ အုပ်စုတစ်ခုနှင့် တစ်ခု အသာစီးရရန် တိုက်ခိုက်ကြသော
နေရာဖြစ်နေသည်။
လွန်ခဲ့သော ၁၄ ရက်အတွင်းတွင် ယင်းကဲ့သို့ စုပြုံမြုပ်နှံရာ တွင်း ၂ ခု တွေ့ခဲ့ကြရပြီး၊ လွန်ခဲ့သော ခုနှစ်အတွင်း လူ ၂၀၀ ခန့် ပျောက်ဆုံးနေခဲ့သည်။ သွေးကွက်ကြီးများ တွေ့ရ သည်မှာ တွင်းထဲသို့ ပစ်မချမီ လူများအား
အချိန်အတန်ကြာ ညှင်းပန်းနှိပ်စက်ပြီးမှ တွင်းထဲ ပစ်ချပြီး
မီးရှို့ခဲ့ကြသည်ဟု ထင်ရသည်။ ဓာတ်ဆီလောင်း မီးရှို့စဉ် လူများ အားလုံး
သေဆုံးပြီးသား ဟုတ်မဟုတ်ကိုမူ မသိရပေ။
နွေဗိုလေယွန်းန် (Nuevo León) ပြည်နယ်တွင် မူးယစ်ဆေးနှင့် ဆက်စပ်သော အကြမ်းဖက်မှုများ၊ များပြားနေခြင်းမှာ ၎င်းသည် အမေရိကန်ပြည်ထောင်စုသို့ မူးယစ်ဆေးဝါး တင်သွင်းရာ အဓိက လမ်းကြောင်းပေါ်တွင် တည်ရှိ နေ၍ ဖြစ်သည်။

- ၁၄နှစ်အရွယ် ကောင်လေးသည် အမေ၊ ညီမနှစ်ယောက်နှင့် ညီငယ်အား သတ်ဖျက် မီးရှို့ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်



နယူးယောက် ဇူလိုင်၂၂ - နံနက် ၄ နာရီ ၁၅မိနစ်တွင်
နယူးယောက်မြို့ စတေးတန် ကျွန်း (Staten Island) တွင် အိမ်မီးလောင်မူ
ဖြစ်ပွားကာ လူကြီး တစ်ယောက် ကလေး ၄ယောက် ငါးလောင်းပြိုင် သေဆုံးခဲ့ကြ သည်။
အစပိုင်းတွင် တာဝန်ရှိသူ မီးသတ်ဖွဲ့နှင့် ရဲအရာရှိများသည်
သာမန်မီးလောင်မှုဟု ထင်ခဲ့သော်လည်း မီးလောင်သေဆုံးသူ အလောင်းများအား
စစ်ဆေးကြည့်သောအခါ ဧည့်ခန်းတွင် သေဆုံးနေသော မိန်းကလေး အလောင်း
နှစ်လောင်းနှင့် အိပ်ခန်း ကုတင်ပေါ်ရှိ ယောက်ျားလေးအလောင်းတစ်လောင်း
စုစုပေါင်း သုံးလောင်းမှာ လည်မျိုများ အလှီးခံထားရသည်ကို တွေ့ရှိလိုက်ရကာ
ရှို့မီးဖြစ်မှန်း သိရှိခဲ့ရသည်။





ယောက်ျားလေးအလောင်းသည် ၁၄နှစ်အရွယ် စီဂျေဂျူန်း (C.J Jones) ဖြစ်ပြီး ၎င်းသည် မိမိ၏ ညီမငယ်များဖြစ်ကြသော ၁၀နှစ်အရွယ် ဘရီယ်နီဂျူန်း (Brittany Jones) နှင့် ၇နှစ် အရွယ် မယ်လိုနီဂျူန်း (Melony Jones) တို့၏
လည်မျိုများအား မိခင် အလှပြင်သုံး ဓါးဖြင့်လှီးဖြတ်သတ်ပြီးကာ အပြင်လူများ
လွယ်လင့်တကူ ဝင်ရောက်မကူညီနိုင်ရန် အိမ်ဝင်ဝ မှစ၍ မီးရှို့ ကာ မိမိ
ကိုယ်ကိုယ် လည်လှီး၍ အဆုံးစီရင်ခဲ့သည်ဟု ရဲအရာရှိများက ကောက်ချက်ချကြသည်။
သမီးငယ် နှစ်ဦး၏ အနီးတွင် နှစ်နှစ်သားအရွယ် ညီငယ် ဂျာမိန်းဂျူန်း (Jermaine Jones) နှင့် ၃၃ နှစ်အရွယ်ရှိ ကလေးများ၏ မိခင် လီရှားဂျူန်း (Leisha Jones) အား ကြမ်းပေါ်တွင် မှောက်လျှက်တွေ့ခဲ့ကြသည်။ ကလေးငယ်
ဂျာမိန်းဂျူန်း (Jermaine Jones) သည် အရေးပေါ် လူနာ ဌာနသို့ရောက်ရှိပြီး
များမကြာခင်တွင် သေဆုံးခဲ့သည်။ မိခင်နှင့် ညီထွေးလေးတို့အား
မျက်နှာမှောက်လျက်တွေ့ရှိသည်ကို ကြည့်ခြင်းအားဖြင့် အိမ်ပေါက်ဝသို့
တွားသွားနေစဉ် မီးခိုးမွှန်၍သေဆုံးခဲ့ရသည်ဟု ကျွမ်းကျင်သူများက ဆိုခဲ့သည်။
“ဒီကောင်လေးက ငယ်ငယ်တုန်းကတော်တော်ဆိုးတာ.. ဒါပေမဲ့ ကြီးလာရင် သူ့အသိနဲ့သူ လိမ်မာသွားမှာပါလို့ထင်ထားတာ ဒီလိုလုပ်လိမ့်မယ်လို တစ်ခါမှမထင်ထားမိဘူး”
“C.J က မဆိုးပါဘူး အိမ်မှာဆို သူကသားယောက်ျားလေး အဖြစ်နဲ့ အားကိုးရတာ.. သူ့ညီမတွေဆိုလည်း အရမ်းချစ်တာ ဘယ်လိုဖြစ်သွားပါလိမ့်..” ဟု အိမ်နီးချင်းများက ပြောကြားခဲ့ပါသည်။ အဘွားဖြစ်သူကလည်း
“သူတို့ဘာတွေလာပြောနေကြတာလဲ ကျွန်မမြေးလေး C.J ကအရမ်းလိမ်မာတာ..
ပျော်ပျော်ရွှင်ရွှင်နေတတ်သူပါ.. သူ ညီ ညီမ တွေကိုလည်း အရမ်းချစ်တာ..
ရှင်တို့ပြောကြသလို လူသတ်သမား မဖြစ်နိင်ပါဘူး..”
မယုံကြည်နိင်စွာပြောကြားခဲ့ပါသည်။
“ဒီကလေးက တစ်ခုခုကို မကျေမချမ်းဖြစ်ပြီး တော်တော်ကို ဒေါသထွက်နေတဲ့ ကလေးငယ် တစ်ယောက်ပဲ ဖြစ်ရမယ်။ ဘာကိုဒေါသထွက်နေလဲဆိုတာကိုတော့ ကျွန်တော်တို့လည်း မသိကြသေးပါဘူး” ဟုရဲအရာရှိ စုံထောက်များက
ပြောကြားခဲ့ပါသည်။ ၁၄နှစ်အရွယ် စီဂျေဂျူန်း (C.J Jones) သည် Intermediate
School 72 Staten Island မှ အိမ်သာထဲတွင် မီးရှို့ ဆော့ကစားသောကြောင့်
များမကြာခင်ကပင် ကျောင်းမှ ထုတ်ခံခဲ့ရသူ ဖြစ်သည်။ ၎င်းအား
ကျောင်းမှတာဝန်ရှိသူများက စိတ်ရောဂါကု ဆရာဝန်ဖြင့် ပြသရန် မိခင်ဖြစ်သူအား
အကြံပေးခဲ့သေးသည် ဟုသိရှိရပါသည်။ “ဒီနေ့ပဲ ခြံထဲမှာ C.J စက္ကူတွေနဲ့
မီးဆော့နေတာကိုတွေ့လို့ ကျွန်မ မီးမဆော့ဖို့ ပြောတော့သူက အေးအေးဆေးဆေးပဲ
“အိုကေ” လို့ကျွန်မကို ပြောပြီး ဆက်မဆော့တော့ဘူး”
အိမ်နီးချင်းကပြောကြားခဲ့ပါသည်။


 
 








၁၄နှစ်အရွယ် စီဂျေဂျူန်း (C.J Jones)









နှစ်နှစ်အရွယ် ညီငယ် ဂျာမိန်းဂျူန်း (Jermaine Jones)












၁၀နှစ်အရွယ် ညီမလေး ဘရီယ်နီဂျူန်း (Brittany Jones)








၇နှစ်အရွယ် ညီမလေး မယ်လိုနီဂျူန်း (Melony Jones)







မီးလောင်ပျက်စီးသွားသော ဂျူန်းမိသားစုတို့၏ ငှားနေသောအိမ်

- အဖြစ်များသော ကျန်းမာရေးပြဿနာများနှင့် ဖြေရှင်းနည်းများ

သမ်းခြင်း
သင့်ခန္ဓာကိုယ်ဟာ အောက်ဆီဂျင် နည်းလာတဲ့အခါ သင့်ပါးစပ်ကို ကျယ်ကျယ်ဖွင့်စေပြီး လေတွေကို ပိုများများစုပ်ယူဖို့ ကြိုးစားပါတယ်။
ဒါကိုသမ်းတယ်လို့ သိထားကြပါတယ်။ သမ်းတာဟာ သင့်ရဲ့ သွေးထဲမှာရှိတဲ့
ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ အောက်ဆီဂျင်တွေရဲ့ ပမာဏကို ထိန်းညှိပေးတဲ့
နည်းလမ်းတစ်ခုပါ။ ကံမကောင်းစွာပဲ လူကြားထဲမှာ သမ်းချင်တဲ့အခါ
ထိန်းချုပ်အောင့်အည်းလို့ မရပါဘူး။



ယားယံခြင်း
အရေပြားဟာ ပတ်ဝန်းကျင်နဲ့ ဆက်စပ်ပြီးဖြစ်တဲ့ ခြောက်သွေ့မှုကြောင့် မကြာခဏယားယံနိုင်ပါတယ်။ ဆပ်ပြာနဲ့ ရေသုံးပြီး အလွန်အကျွံ
ဆေးကြောခြင်းကလည်း အရေပြားက သဘာဝအဆီတွေကို ဖယ်ရှားပစ်တဲ့အတွက်
အစိုဓာတ်ခန်းခြောက်လာကာ ယားယံစေပါတယ်။ အရေပြားခြောက်သွေ့မှုကြောင့်
ယားယံခြင်းကို ထိန်းချုပ်ဖို့အတွက် မျက်နှာနဲ့ ခန္ဓာကိုယ်မှာ
လိုးရှင်းလိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် ဆပ်ပြာတွေနဲ့ ကိုယ်တိုက်
ဆပ်ပြာရည်ဝယ်တဲ့အခါ အစိုဓာတ် ထိန်းပေးတယ် (Moisturizing) စာတန်းပါတာကို
ရွေးဝယ်ပါ။ ဒါပေမယ့် သင့်မှာ ယားယံနေတဲ့အကွက်တွေ ရှိနေသေးရင်တော့
ဓာတုပစ္စည်း၊ အပင်၊ အစားအစာ၊ တိရစ္ဆာန် ဒါမှမဟုတ် ဆေးဝါးတွေကို
ဓာတ်မတည့်တုံ့ပြန်မှုကြောင့် ဖြစ်နိုင်ပါတယ်။ ယားယံတာက မပျောက်နိုင်ရင်တော့
ဆရာဝန်နဲ့ ပြပါ။
မျက်စိဆန့်ငင်ဆန့်ငင်လှုပ်ခြင်း
မျက်စိကို ထိန်းချုပ်လို့မရဘဲ ဆန့်ငင်ဆန့်ငင် လှုပ်နေတာ အာရုံကြောဆိုင်ရာ ပြဿနာတစ်ခုခုရဲ့ လက္ခဏဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါတရံ မထူးဆန်းတဲ့
အကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မျက်စိဆန့်ငင်ဆန့်ငင်
လှုပ်ခြင်းရဲ့ အဖြစ်များတဲ့ အကြောင်းတွေထဲမှာ စိတ်ဖိစီးမှု၊
အိပ်ရေးပျက်ခြင်း၊ အကြာကြီး ငေးစိုက်ကြည့်ခြင်း ဒါမှမဟုတ်
မျက်စိညောင်းညာခြင်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် အရင်ဆုံး
စိတ်ဖိစီးမှုလျှော့တာ၊ ကဖင်းလျှော့သောက်တာနဲ့ အိပ်ရေးဝအောင် အိပ်တာတွေ
အရင်လုပ်ကြည့်ပါ။ မပျောက်ရင်တော့ ဆရာဝန်နဲ့ ပြပါ။
ကြို့ထိုးခြင်း
သင်ဟာ မကြာခဏကြို့ထိုးတတ်ရင် အစာစားတဲ့အခါနဲ့ အရည်သောက်တဲ့အခါ ဖြည်းဖြည်းချင်းသာ စားသောက်ပါ။ အလွန်မြန်မြန်စားသောက်ခြင်းဟာ အစာအိမ်ကို ဖောင်းကားစေပြီး
ရင်ဝမ်းခြားကြွက်သားကို လှုံ့ဆော်တဲ့အတွက် အဲဒီကြွက်သားကျုံပြီး
ကြို့ထိုးတတ်ပါတယ်။ ဒါ့အပြင် ကြို့ထိုးတာဟာ စိတ်ပိုင်းဆိုင်ရာအခြေအနေ၊
ဒါမှမဟုတ် အပူချိန် ရုတ်တရက် ပြောင်းလဲမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒီလိုအခါတွေမှာ သင်ရဲ့ အာရုံကြောတွေမှာ ရှုပ်ထွေးမှားယွင်းမှု ဖြစ်တဲ့အတွက်
ကြို့ထိုးလာတာဖြစ်ပြီး ရုတ်တရက်လန့်သွားတဲ့အခါ အာရုံကြောတွေကို
နာနာလှုပ်ပြီး ပြန်ချိန်ပေးသလိုဖြစ်တဲ့အတွက် ကြို့ထိုး ပျောက်သွားတတ်ပါတယ်။
ကြက်သီးမွေးညင်းထခြင်း
သင်ဟာ အေးတဲ့အခါ ဒါမှမဟုတ် ကြောက်လန့်တဲ့အခါ ကြက်သီးမွေးညင်း ထတာဟာ ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ အရေပြားနဲ့
မွေးညင်းအိတ်ကို ဆက်ထားတဲ့ ကြွက်သားသေးလေးတွေ ကျုံပြီး အရေပြားပေါ်က
အမွေးအဆုံးကို ထောင်စေတဲ့အခါ ကြက်သီးမွေးညင်း ထလာတာပါ။
ကမ္ဘာဦးလူသားတွေကတော့ အခုခေတ်လူတွေထက် အမွေးတွေ ထောင်သွားတဲ့အခါ
လေကိုဖမ်းယူပြီး ခန္ဓာကိုယ်ကို နွေးထွေးစေပါတယ်။ ဒါမှမဟုတ်ရင်လည်း
သားရဲတိရစ္ဆာန်တွေ ရန်မူတဲ့အခါ အမွေးတွေထောင်သွားခြင်းကြောင့်
တိရစ္ဆာန်တွေကို ကြောက်လန့်အောင်ခြိမ်းခြောက်နိုင်ပါတယ်။

နှာချေခြင်း
သင့်ခန္ဓာကိုယ်ဟာ အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေကို နှာခေါင်းတွင်းမှ ဖယ်ရှားဖို့ကြိုးစားတဲ့အခါ နှာခေါင်းတွင်းမှ ဖယ်ရှားဖို့ကြိုးစားတဲ့အခါ နှာချေတာဖြစ်ပါတယ်။ သင့်မှာ ဓာတ်မတည့်မှု ပြဿနာရှိရင် ပန်းဝတ်မှုန်တွေနဲ့
တိရစ္ဆာန် အညစ်အကြေးတွေကြောင့် ဖြစ်နိုင်ပါတယ်။ သင်ဟာ
အအေးမိရောဂါဖြစ်နေရင်တော့ သင့်ခန္ဓာကိုယ်ဟာ ဗိုင်းရပ်စ်ပိုးတွေကို
ဖမ်းယူဖို့ ချွဲသလိပ်တွေကို ပိုထုတ်ပေးပြီး နှာချေခြင်းနည်းနဲ့
ခန္ဓာကိုယ်အပြင်ကို ထုတ်ပစ်ပါတယ်။ အအေးမိပျောက်ဆေးနဲ့
ဓာတ်မတည့်ပျောက်ဆေးတွေက နှာချေတာကိုဖြစ်စေတဲ့ ချွဲသလိပ်ထုတ်လုပ်မှုကို
လျော့နည်းစေတာ ဒါမှမဟုတ် ဓာတ်မတည့်ဖြစ်စေတဲ့ ပစ္စည်းကို သင့်ခန္ဓာကိုယ်က
တုံ့ပြန်မှုကို ဖိနှိပ်တာပါ။

ချောင်းဆိုးခြင်း
ချောင်းဆိုးခြင်းဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့အရာတွေကို ထုတ်ပစ်တဲ့ နောက်ထပ်စနစ်တစ်ခုပါ။ သင်ရဲ့ အသက်ရှူလမ်းကြောင်းတစ်လျှောက်မှာ အထူးဆဲလ်တွေ ရှိပါတယ်။ ဒီဆဲလ်တွေက အနှောင့်အယှက်ပေးမယ့် အရာတွေကို သိရှိပြီး
အားနဲ့ဖယ်ထုတ်ပစ်တာပါ။ အအေးမိခြင်း၊ နှာခေါင်းတွင်း လိုဏ်ခေါင်းမှာ
ပိုးဝင်ခြင်းနဲ့ နမိုးနီးယားရောဂါတွေဟာ သင့်ခန္ဓာကိုယ်ရဲ့
ချွဲသလိပ်ထုတ်လုပ်မှုကို ပိုများစေပြီး ချောင်းဆိုးစေပါတယ်။
ဆေးလိပ်သောက်ခြင်းနဲ့ ပန်းနာရင်ကျပ် ရောဂါတွေကလည်း ဆဲလ်တွေကို
အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ နာတာရှည် ချောင်းဆိုးနေတဲ့ ပြဿနာကို
လျော့နည်းစေဖို့အတွက်တော့ လေ့ကျင့်ခန်းမှန်မှန်လုပ်ပြီး
ကောင်းမွန်တဲ့ကိုယ်ဟန်အနေအထားဟာ အသက်ရှူလမ်းကြောင်းကို ပွင့်နေအောင်
ထိန်းသိမ်းပေးပါတယ်။

ကြွက်တက်ခြင်း
ရုတ်တရက်ကြွက်သားနာကျင်ပြီး ကြွက်တက်တာဟာ ရေဓာတ်ခန်းခြောက်တာ ဒါမှမဟုတ် ပြင်းထန်တဲ့ အားကစားလုပ်ပြီး ခန္ဓာကိုယ်ထဲမှာ ဓာတ်ဆားတွေ မညီမျှတာအပါအဝင်
အကြောင်းအချက် များစွာကြောင့် ဖြစ်နိုင်ပါတယ်။ ကြာရှည်ပြေးပြီး ဒါမှမဟုတ်
လေ့ကျင့်ခန်းလုပ်ပြီး နောက်မှာ အားကစားသမားတွေ သောက်ရတဲ့အချိုရည် (Sports
Drink) သောက်တာဟာ သင့်ခန္ဓာကိုယ် စနစ်တွေကို ချောမွေ့လွယ်ကူစေပါတယ်။
နာကျင်မှု သက်သာဖို့ အတွက်တော့ လမ်းလျှောက်ပေးပါ။
ချမ်းတုန်ခြင်း
ချမ်းတုန်ခြင်းဟာ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ခါနေခြင်းပါ။ သင့်ခန္ဓာကိုယ်အပူချိန် အလွန်အမင်း ကျဆင်းသွားတဲ့အခါ ခန္ဓာကိုယ်ဟာ တုန်လာပြီး အပူကို ဖြစ်စေတာပါ။
ဒီလိုချမ်းတုန်တာကို ကုသဖို့ တစ်ခုတည်းသော နည်းလမ်းကတော့
သင့်ခန္ဓာကိုယ်အပူချိန်ကို ၉၈ ဒဿမ ၆ ဒီဂရီဖာရင်ဟိုက်
ပြန်ရောက်အောင်လုပ်ဖို့ပါ။
နားအူခြင်း
အလယ်နားမှာ အရည်ရှိနေခြင်း ဒါမှမဟုတ် ပိုးဝင်ခြင်းကြောင့် နားအူနိုင်ပါတယ်။ ဒါပေမယ့် ပိုပြီးအဖြစ်များတဲ့ အကြောင်းကတော့ သင်ရဲ့ အကြားအာရုံကြော အဆုံးကို
ထိခိုက်မှုကြောင့်ဖြစ်ပြီး အများအားဖြင့် အလွန်ကျယ်လောင်တဲ့ ဆူညံသံကြောင့်
ဖြစ်ပါတယ်။ အမြဲတမ်း နားလေး သွားတာမျိုးမဖြစ်အောင် စင်မြင့်ဂီတ
ဖျော်ဖြေပွဲတွေနဲ့ ဘောလုံးပွဲတွေကို သွားတဲ့အခါ နားဆို့တပ်ထားပါ။
အစာအိမ်ထဲမှာ အသံမြည်ခြင်း
အစာ၊ ရေနဲ့ ဓာတ်ငွေ့တွေဟာ သင်ရဲ့ အစာခြေလမ်းကြောင်းတစ်လျှောက် ဖြတ်သွားတဲ့အခါ အစာအိမ်ကြွက်သားတွေနဲ့ အူကြွက်သားတွေက ကျုံ့ပြီး အသံထွက် စေနိုင်ပါတယ်။
လူတိုင်းရဲ့ အစာအိမ်က အစာခြေနေစဉ်မှာ အသံထွက်ပါတယ်။ ဒါပေမဲ့
အလွန်ကျယ်လောင်တဲ့ အသံထွက်နေရင်တော့ သံလွင်ဆီလက်ဖက်စားဇွန်းတစ်ဇွန်း
ဒါမှမဟုတ် Herbal Tea တစ်ခွက်ကို သောက်ပေးရင် သက်သာနိုင်ပါတယ်။
ခြေ၊ လက်ကျဉ်ခြင်း
ခြေ၊ လက်အစိတ်အပိုင်းတစ်ခုခုပေါ်မှာ ကြာရှည်ဖိထားတဲ့အခါ ကျဉ်တတ်ပါတယ်။ သင်ဟာ ခြေထောက်ကို ဖိပြီး အကြာကြီးထိုင်တဲ့အခါ ဒါမှမဟုတ် လက်ကိုဖိပြီး
အကြာကြီးအိပ်မိတဲ့အခါ အဲဒီနေရာမှာကျရောက်တဲ့ ဖိအားက သင်ရဲ့
အာရုံကြောတွေကို ညှစ်ထားပြီး ဦးနှောက်ကို ပေါက်တတ်ကရ
သတင်းတွေပို့ပေးပါတယ်။ ဦးနှောက်က ဘာလုပ်ရမယ်ဆိုတာ
ပြောဖို့ခက်ခဲသွားတဲ့အတွက် ဒီရောထွေးနေတဲ့အတင်းတွေက အဲဒီနေရာမှာ ခံစားမှု
ပျောက်သွားစေပါတယ်။ ခြေလက်ကျဉ်တာကို ကာကွယ်ဖို့ အတွက်တော့ အာရုံကြောတွေကို
ဖိမိတဲ့အနေအထားမှာထိုင်တာ ဒါမှမဟုတ် အိပ်တာကို ရှောင်ကြဉ်ဖို့ပါ။
ကြယ်မြင်ခြင်း
သင်ဟာအိပ်နေရာကနေ အလွန်မြန်မြန်မတ်တတ်ရပ်လိုက်တဲ့အခါ သင့်ခေါင်းကို အထိုးခံလိုက်ရသလို ဒါမှမဟုတ် ခေါင်းတစ်ခြမ်းကိုက်ရောဂါက ဒုက္ခပေးသလိုမျိုး ခံစားရပြီး မျက်စိထဲမှာ ကြယ်တွေမြင်သွားရနိုင်ပါတယ်။ ဒါဟာ သင့်ခန္ဓာကိုယ် အစိတ်အပိုင်း
အသီးသီးဆီကို သွေးတွေ အရှိန်အဟုန်နဲ့ တိုးထွက်သွားတာကြောင့်ပါ။
ယေဘုယျအားဖြင့် ဒီလိုမျက်စိထဲအလင်းပွင့်တွေမြင်ရတာဟာ စက္ကန့်အနည်းငယ်သာ
ကြာပါတယ်။ သင်ဟာ အချိန်ခဏထက်ပိုပြီး ကြယ်တွေမြင်နေရရင်တော့ သင်ရဲ့
မျက်စိအာရုံခံလွှာမှာ စုတ်ပြဲနေတာ ဒါမှမဟုတ် သွေးခဲလေးသေးလေး ရှိနေတာ
ဖြစ်နိုင်တဲ့အတွက် ဆရာဝန်ဆီ ချက်ချင်းသွားပါ။

- အမျိုးသမီးများ ရှက်သွေးဖြာမယ့် ကိုးရီးယား လေဆိပ်က ကိုယ်လုံးဖေါ် Scanner

www.monetine999.com s Korea airport
www.monetine999.com s Korea airport
တောင်ကိုရီးယား လေဆိပ်တွေမှာ ခရီးသည်တွေရဲ့ တစ်ကိုယ်လုံး စကင်နာတွေနဲ့ အောက်တိုဘာ ၁ ရက်နေ့က စပြီးစတင်ရှာဖွေတော့မှာ ဖြစ်တယ်လို့ သယ်ယူပို့ဆောင်ရေး ဝန်ကြီး
ဌာနက ဩဂုတ် ၁၆ ရက်က ပြောကြား ပါတယ်။

ခန္ဓာကိုယ်အသေးစိတ်ကို သရီးဒီနဲ့ အသေးစိတ်ဖော်ပြပေးတဲ့အတွက် ခရီးသည်တွေရဲ့ ပုဂ္ဂလိက လျှို့ဝှက်ချက်ကို ဖောက်ဖျက်သလို ဖြစ်နေပါတယ်..လေဆိပ်ဝန်ထမ်းတွေက
လူကိုယ်တိုင်စစ်ဆေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ စက်ကိရိယာ သုံးစွဲမှုဟာ
ဥရောပနိုင်ငံတွေနဲ့ အမေရိကန် ပြည်ထောင်စုမှာပါ စတင်သုံးစွဲနေတဲ့ အတွက်
ကမ္ဘာတစ်ဝှန်းမှာ အငြင်းပွားစရာ ဖြစ်နေပါတယ်..............
Tags: news

- အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်ဟောင်းတစ်ခု ပေါက်ကွဲမှုဖြစ်ပွား

မူရင်း CNN-မှ သတင်းကို ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။ professional - ဘာသာပြန်တစ်ယောက်မဟုတ်တဲ့ အတွက် ဘာသာပြန်ရာမှာ လွဲမှားမှုလေးများရှိရင် ပြုပြင်သင်ကြားပေးစေလိုပါတယ်။ (မိုးမခ)


Mount Sinabung spews thick smoke after erupting in North Sumatra.
Mount Sinabung spews thick smoke after erupting in North Sumatra.


(အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်ဟောင်းတစ်ခု ပေါက်ကွဲမှုဖြစ်ပွား)

ဂျာကာတာ၊ အင်ဒိုနီးရှား၊ ( CNN )

အင်ဒိုနီးရှား နိုင်ငံတွင် နှစ်ပေါင်း (400)ကျော် မလှုပ်ရှားပဲ ငြိမ်သက်နေသော မီးတောင်ဟောင်းတစ်ခု တနင်္ဂနွေနေ့ အစောပိုင်းက
ပေါက်ကွဲမှုဖြစ်ပွါးခဲ့ပါတယ်။ လူပေါင်း (1000) ကျော် အိုးအိမ်တွေကို စွန့်ပြီးထွက်ပြေးခဲ့ကြရတယ်လို့ တာဝန်ရှိသူတစ်ဦးက
ပြောခဲ့ပါတယ်။
      '' ဆူးမတြာပြည်နယ်ရဲ့ မြောက်ပိုင်းမှာ တည်ရှိတဲ့ Sinabung-ဆိုတဲ့တောင်ဟာ 1600-ခုနှစ် လောက်ကထဲက ငြိမ်သက်
နေခဲ့တာပါ။ ဒါပေမဲ့ တနင်္ဂနွေနေ့က အဲဒီမီးတောင်ဟာ သူ့ရဲ့ချော်ပြာတွေကို 1-မိုင်လောက်အထိ လေထဲကို မှုတ်ထုတ်ခဲ့တယ်
လို့''  တိုင်းပြည်ရဲ့ မီးတောင်နှင့် ဘူမီဗေဒ anency အကြီးအကဲဖြစ်သူ ဆူရိုနို-က ပြောကြားခဲ့ပါတယ်။
        '' သူက နှစ်ပေါင်းများစွာ မြုံနေတဲ့ မီးတောင်ဖြစ်တဲ့အတွက် သူ့ရဲ့ထူးခြားတဲ့ လက္ခဏာတွေကို ကျွန်တော်တို့ မသိနိုင်ခဲ့
ပါဘူး'' လို့လည်း သူကပြောပါတယ်။
          သေဆုံးသူများနဲ့ ထိခိုက်ဒဏ်ရာရသူများ သတင်းကိုတော့ မရရှိသေးပါဘူး။
          '' အခြေအနေတွေအားလုံးက ထိန်းချုပ်မှုအောက်မှာပဲ ရှိနေပါတယ် အရေးပေါ်သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း
ဒီအခြေနေတွေအတွက် အဆင်သင့်ပါပဲ'' လို့ ပြည်ထောင်စု ဘေးအန္တရာယ် စီမံကွပ်ကဲရေးအဖွဲ့မှ ပရီယာဒီကာဒိုရို-က
ပြောကြားခဲ့ပါတယ်။
         ''တနင်္ဂနွေနေ့ မနက် 12.15-နာရီ ကျော်ကျော်လောက်မှာ စတင်ပေါက်ကွဲခဲ့ပြီးနောက် မီးတောင်အနီးမှာရှိတဲ့ ရွာပေါင်း
14-ရွာမှ ရွာသားပေါင်း 12.000-ကို ဘေးကင်းရာအရပ်သို့ တာဝန်ရှိသူများက ပြောင်းရွေ့ပေးခဲ့တယ်'' လို့ Antara News -
agancy-မှ သတင်းထုတ်ပြန်ပါတယ်။
       '' ပြီးခဲ့တဲ့ညက ပြင်းပြင်းထန်ထန်တုန်ခါနေတာကို သတိထားမိခဲ့ပါတယ်'' '' အဲဒီလိုတုန်ခါပြီးတော့ Sinabung-တောင်
ရဲ့ ထိပ်ဝကနေပြီး တောက်ပတဲ့ချော်ရည်တွေ ပန်းထွက်လာပါတယ်''
         ''တောင်ရဲ့ ကုန်းစောင်းမှာရှိတဲ့ သစ်ပင်တွေဟာ မီးလောင်ကျွမ်းမှု့ကြောင့် ကောင်းကင်ပြင်မှာ ကြီးမားတဲ့တိမ်တိုက်
ကြီးတွေ ဖြစ်ပေါ်လာတာကို 5-မီတာ အကွာလောက်ကနေ မြင်နိုင်ပါတယ်'' လို့ အင်ဒိုနီးရှားလူမျိုး Red cross-အလုပ်သမား
မိုဟမ်မက် အစ္စရေးက သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
         တနင်္ဂနွေနေ့က မီးတောင်နှင့် ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်ကာကွယ်စောင့်ရှောက်ရေး စင်တာမှာ-
         '' မီးတောင်တစ်လျှောက် ပတ်ပတ်လည် 6- ကီလိုမီတာ(3.7 မိုင်) အတွင်းမှာ နေထိုင်ကြတဲ့ သူတွေအားလုံး
ဘေးကင်းရာသို့ ပြောင်းရွှေ့ကြရမယ်" လို့ သတိပေးချတ်ထုတ်ပြန်ခဲ့ပါတယ်။
          '' စူးစမ်းလေ့လာရေးအဖွဲ့က သူတို့ရရှိထားတဲ့ အချတ်အလတ်တွေပေါ်မှာ အခြေခံပြီး မီးတောင်ကို စောင့်ကြည့်လေ့လာ
နေပါတယ်'' လို့ ဆူရိုနိုက ပြောကြားခဲ့ပါတယ်။
          "ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုကတော့ မယုံနိုင်အောင်ပါပဲဗျာ"
         " သဘာဝဓာတ်ငွေ့ ဘေးအန္တရာယ်နဲ့ ပတ်သတ်ပြီးတော့ ဘာမှစိုးရိမ်စရာမရှိပါဘူး Sunday-ပေါက်ကွဲမှုအပြီးမှာ သေသေ
ချာချာ ရှာဖွေလေ့လာပြီးပါပြီ'' လို့လည်း တစ်ဆက်တည်း ပြောကြားသွားခဲ့ပါတယ်။

- လူရဲ့သွားအစစ်နဲ့လုပ်ထားတဲ့ လက်ဝတ်ရတနာပစ္စည်းတွေပါ။

- ဆော် ​ဒီ​အာ​ရေ​ဗျ​တွင်​ ​အ​လုပ်​ သွား​လုပ်​သ​ည့်​ ​သီ​ရိ​လ​င်္ကာ​ ​အိမ်​ဖော်​ ​အိမ်​ရိုက်​သံ​များ​ ​ရိုက်​သွင်း​ နှိပ်​စက်​ခံ​ရ


ဆော် ​ဒီ​အာ​ရေ​ဗျ​တွင်
အ​လုပ်​သွား​လုပ်​သော​ ​သီ​ရိ​လ​င်္ကာ​ ​အိမ်​ဖော်​အ​မျိုး​သ​မီး​ကြီး
တစ်ဦး​သည်​ ​အိမ်​ရှင်​များ​၏​ ​နှိပ်​စက်​မှု​နှင့်




ကြုံ​တွေ့​ခဲ့​ပြီး​ ​ခ​န္ဓာ​ကိုယ်​ထဲ​သို့​ ​အိမ်​ရိုက်​သံ​ ​၂၃​ ​ချောင်း​ ​ရိုက်​သွင်း ​ခံ​ခဲ့​ရ​ကြောင်း​ ​သိ​ရ​သည်​။

အ​ရေ​ယာ​ဝက်​သီ​အ​မည်​ရှိ​ ​အ​သက်​ ​၅၀​ ​အ​ရွယ်​ ​အ​မျိုး​သ​မီး​ကြီး​သည်​ ​ကို​လံ​ဘို​မြို့​တော်​သို့​ ပြီး​ခဲ့​သည့်
သီ​တင်း​ပါတ်​က​ ​ပြန်​ရောက်​လာ​ခြင်း​ဖြစ်​သည်​။ ​သူ​မ​သည်
အ​လွန်​အ​ကျွံ​ ​ခိုင်း​စေ​သည့်​ ​အ​လုပ်​ရှင်​များ​အား​ ​စော​ဒ​က
တက်​မိ​သည့်​နောက်​ ​အ​လုပ်​ရှင်​ ​ဇ​နီး​မောင်​နှံ​က
မီး​ဖုတ်​ထား​သည့်​ ​သံ​ချောင်း​များ​ကို​ ​သူ​မ​၏​ ​ခ​န္ဓာ​ကိုယ်​ထဲ
ရိုက်​သွင်း​ခဲ့​ခြင်း​ဖြစ်​သည်​။ ​အ​များ​စု​သည်
ခြေ​နှင့်​လက်​များ​တွင်​ ​အ​ရိုက်​သွင်း​ခံ​ရ​ပြီး​ ​သူ​မ​အ​နေ​နှင့်
သံ​ချောင်း​မည်​မျှ​ဖြင့်​ ​အ​ရိုက်​ခံ​ရ​သည်​ကို
မ​မှတ်​မိ​တော့​ကြောင်း​ ​အ​ရေ​ယာ​ဝက်​သီ​အား​ ​တာ​ဝန်​ယူ
ကု​သ​ပေး​နေ​သည့်​ ​ဒေါက်​တာ​ ​ပ​ရာ​ဘက်​ဂါ​ဂျာ​ဒ​ရာ​က
ပြော​ကြား​ခဲ့​သည်​။

သူ​မ​၏​ ​ခ​န္ဓာ​ကိုယ်​အ​တွင်း​ရှိ​ ​သံ​ချောင်း​အား​လုံး​ကို​ ​ဖယ်​မ​ထုတ်​ပေး​ရ​သေး​သော်​လည်း
အ​သက်​အ​န္တ​ရာယ်​ ​စိုး​ရိမ်​လောက်​အောင်​ ​မ​ရှိ​တော့​ဟု​ ​သိ​ရ​သည်​။
ဒေါက်​တာ​ပ​ရာဘက်​က​ ​အ​မျိုး​သ​မီး​ကြီး​၏​ ​ခြေ​ထောက်​အတွင်း​ရှိ
သံ​လေး​ချောင်း​က​ ​လမ်း​လျှောက်​ရန်​ ​အ​ခက်​အ​ခဲ​ ​ဖြစ်​နေ​စေ​ကြောင်း
ပြော​ကြား​ခဲ့​သည်​။ ​သူ​မ​၏​ ​ခြေ​လက်​များ​အ​တွင်း​ ​သံ​ချောင်း​များ
အ​ရိုက်​သွင်း​ ​ခံ​ရ​သည့်​အ​ပြင်​ ​မျက်​လုံး​အ​ပေါ်​ဖက်​တွင်​ပါ
သံ​ချောင်း​တစ်​ချောင်း​ ​ဝင်​နေ​ကြောင်း​ ​ဓာတ်​မှန်​မှတ်​တမ်း​များ​က
ဖော်​ထုတ်​နိုင်​ခဲ့​သည်​။ ​အာ​ရေ​ယာ​ဝက်​သီ​၏​ ​ခ​န္ဓာ​ကိုယ်​အ​တွင်း
အ​ရှည်​တစ်​လက်​မ​နှင့်​ ​နှစ်​လက်​မ​အ​ရွယ်​ ​သံ​ချောင်း​များ
ရိုက်​သွင်း​ခံ​ရ​မှု​နှင့်​ သီ​ရိ​လ​င်္ကာ​ ​အ​လုပ်​သ​မား​ရေး​ရာ​ ​ဌာ​န​က
ဆော်​ဒီ​အ​စိုး​ရ​ထံ​ ​အ​ရေး​ဆို​သွား​မည်​ဟု​ ​သိ​ရ​သည်​။

ဆင်း​ရဲ​နွမ်း​ပါး​သည့်​ ​သီ​ရိ​လ​င်္ကာ​မှ​ ​လူ​ပေါင်း​ ​၂
သန်း​နီး​ပါး​သည်​ ​ယ​မန်​နှစ်​က​ ပြည်​ပ​နိုင်ငံ​များ​တွင်
သွား​ရောက်​အ​လုပ်​လုပ်​ခဲ့​ပြီး​ ​ဆော်​ဒီ​သို့​ ​သွား​ရောက်​သူ​ ​၄
သိန်း​ကျော်​ ​ရှိ​ခဲ့​သည်​။ ​အ​များ​စု​သည်​ ​လူ​မှု​ရေး​အ​ရ
အ​နိုင်​ကျင့်​ ​ဖိ​နှိပ်​မှု​များ​ ​ကြုံခဲ့​ရ​ပြီး​ ဥ​ပ​ဒေ​ကြောင်း​အ​ရ
အ​ကာ​အ​ကွယ်​ ​ပေး​မည့်​သူ​ ​မ​ရှိ​ကြောင်း​ ​သ​တင်း​များ​က
ဖော်​ပြ​ခဲ့​သည်​။


posted by ၀င်းဝင်းခင်, Credit :လူထုအသံ (http://peoplemediavoice.net)

- ညှိ့အားပြင်းသော အမျိုးသမီး မှ ခန့်ညားသော အမျိုးသား ဘဝသို့ ပြောင်းလဲသွားတဲ့ ဂျိုလီ





ကမ္ဘာ့မီဒီယာများ အလယ်တွင် အမြဲတစေ ညှိ့အားပြင်းသော အမျိုးသမီး တစ်ဦး အဖြစ် သတ်မှတ်ခြင်း ခံရသော


ဟောလိဝှဒ် အချောအလှ အန်ဂျယ်လီနာ ဂျိုလီကို သူမ၏ နောက်ဆုံးတွက် ရုပ်ရှင်ဇတ်ကား “Salt” တွင် ခန့်ညား ချောမောသော အမျိုးသား တစ်ဦးအဖြစ် အံ့သြဖွယ် မြင်တွေ့ရသည်။

မင်းသမီး အန်ဂျယ်လီနာ ဂျိုလီသည် စီအိုင်အေ စပိုင်ဇတ်ကြမ်း “Salt” တွင်
အမျိုးသား အရာရှိတစ်ဦးအဖြစ် ရုပ်ဖျက် သရုပ်ဆောင်ခဲ့ရာ ခန့်ညား ချောမောသော
ပုရိသ တစ်ဦးအဖြစ် မယုံနိုင်စရာ ပြောင်းလဲသွားသော မင်းသမီး၏ အံ့သြဖွယ်
သရုပ်ဆောင်မှုများကို သူမ၏ ပရိသတ်များအကြား ဝက်ဝက်ကွဲအောင် လူကြိုက်များလျက်
ရှိသည်ဟု သိရသည်။

သြဂုတ်လ ၁၈ ရက်နေ့က "Salt" ရုပ်ရှင်ကာ ပရိုမိုးရှင်းအတွက် ဂျာမနီသို့ ရောက်ရှိနေသော ဂျိုလီကို တွေ့ရစဉ်

ဂျိုလီသည် ယခုလအတွင်း သူမ၏ ရုပ်ရှင်ဇတ်လမ်း “Salt” ကို ကမ္ဘာတစ်ဝှမ်းလှည့်လည်ကာ ပရိသတ်အကြား မိတ်ဆက် ပရိုမိုးရှင်းပွဲများ ဆက်တိုက် ပြုလုပ်ခဲ့သည်။ “Salt” ရုပ်ရှင်ကားမှ
ဂျိုလီ၏ အမြင်တစ်မျိုးဆန်းသော အမျိုးသားသဖွယ် သရုပ်ဆောင်ကွက် အချို့ကို
မြို့တော်ပုသိမ် ပရိသတ်များအတွက် ကောက်နှုတ် ဖော်ပြလိုက်ပါသည်။




posted by ၀င်းဝင်းခင်, Credit : PatheinCity News | Source:Xinhua

More Articals

 
မဟာပါသာဏ ကျောက်လုံးကြီးဓမ္မရိပ်သာ(မြ၀တီ). Design by Wpthemedesigner. Converted To Blogger Template By Anshul Tested by Blogger Templates.