စစ်မြေပြင်သို့ ရောက်သော ဆင်ပြောင်ကြီးကို...
မြားလှံကန်တို့ဖြင့် ထိုးဆွသကဲ့သို့ ...
ကိုယ်နှုတ်နှလုံး...မစောင့်စည်းသော လူတို့သည်...
သူတစ်ပါးတို့ကို ...နှုတ်လှံကန်ဖြင့် ထိုးဆွကုန်၏...
ရဟန်းသည် ...
သူတစ်ပါးတို့ ပြောဆိုအပ်သော...ကြမ်းတမ်းသော စကားကို ...
ကြားရသောကြောင့်...ဒေါသစိတ် မရှိဘဲ သည်းခံရာ၏...။

ဣစ္ဆန္တော န၀င်းဂါထာတော်


                 တ၀ဂူ ဆုတောင်းပြည့် ပတ္တမြားမျက်ရှင် မြတ်စွာဘုရားကြီး၏ စမ္မခဏ်တွင် ရေးသားထားသော
ဣစ္ဆန္တော န၀င်းဂါထာတော်---------

                          * ဘဂ၀ါ ဣစ္ဆန္တော သာသပဂဗ္ဘေပိ ဣတော စိတော စင်္ကမတိ။
                          * ဘဂ၀ါ ဣစ္ဆန္တော စက္က၀ါဠဂဗ္ဘမှိ ကာယေန ဆာဒယိ။
                          * ဧတေန သစ္စ၀ဇ္ဖေန သိဒ္ဓိ မေ ဇယမင်္ဂလံ၊ အာယု မေ သုခ၀ဍ္ဎနံ။

                                                         ( မြန်မာပြန်)

           မြတ်စွာဘုရားသည် သေးငယ်သည့် အသွင်သဏ္ဍာန် ဖန်ဆင်းလိုသည်ရှိသော် မုန်ညင်းစေ့အတွင်း၌ ပရိက္ခရာ ရှစ်ပါးနှင့်တကွ စင်္ကြံလျှောက်နိုင်၏။

          မြတ်စွာဘုရားသည် ကြီးမားသော အသွင်သဏ္ဍာန် ဖန်ဆင်းလိုသည်ရှိသော် စကြာဝဠာ ကမ္ဘာတခု လုံး မိမိကိုယ်တော်ဖြင့် ဖုံးလွှမ်းထားနိုင်၏။

         ဤမှန်ကန်သော သစ္စာစကားကြောင့် ကျွန်ုပ်အား အရာခပ်သိမ်း အောင်မြင် ပြီးစီးပါစေသတည်း။
ကိုယ်ရောစိတ်ပါ ချမ်းသာ၍ အသက်ရှည်ပါစေသတည်း။

More Articals

 
မဟာပါသာဏ ကျောက်လုံးကြီးဓမ္မရိပ်သာ(မြ၀တီ). Design by Wpthemedesigner. Converted To Blogger Template By Anshul Tested by Blogger Templates.