ဓမ္မက္ခန္ဓာ-(၉)ပါး
၁။ သုတ္တ - မင်္ဂလသုတ်၊ မေတ္တာသုတ်စသော သုတ်အမည်များနှင့် ၀ိနည်းငါးကျမ်းလုံးသည်
သုတ်မည်၏။
၂။ ဂေယျ - အလုံးစုံသော ဂါထာတို့ဖြင့်ပြီးသော သုတ်များ။
၃။ ဝေယျာကရဏ - ရှင်းလင်းဖြေဆို ဟောကြားအပ်သော တရားတော်များ အဘိဓမ္မာခုနှစ်ကျမ်းသည်
ဝေယျာကရဏ မည်၏။
၎။ ဂါထာ - ဓမ္မပဒ ထေရာ ထေရီဂါထာများ။
၅။ ဥဒါန - ပီတိအဟုန်ကြောင့် နှုတ်တော်မှမြွတ်ဆိုသော ဥဒါန်းပါဠိတော်များ။
၆။ ဣတိဝုတ္တက - မြတ်စွာဘုရား ဤသို့ဟောတော်မူ၏ဟူသော စကားဖြင့်စသော တရားတော်များ။
၇။ ဇာတက - အဖြစ်တော် ပေါင်းချုပ် ၅၅၀-ဇာတ်တော်များ။
၈။ အဗ္ဘုတ - မဖြစ်ဘူးမြဲ ထူးကဲသောအကြောင်းအရာများနှင့် စပ်သော တရားတော်များ။
၉။ ဝေဒလ္လ - ၀မ်းသာဝမ်းမြောက် လာရောက်လျှောက်ထားကြသော သုတ်များ။
(ပါ ဌ-၁-၂၂-)