စစ်မြေပြင်သို့ ရောက်သော ဆင်ပြောင်ကြီးကို...
မြားလှံကန်တို့ဖြင့် ထိုးဆွသကဲ့သို့ ...
ကိုယ်နှုတ်နှလုံး...မစောင့်စည်းသော လူတို့သည်...
သူတစ်ပါးတို့ကို ...နှုတ်လှံကန်ဖြင့် ထိုးဆွကုန်၏...
ရဟန်းသည် ...
သူတစ်ပါးတို့ ပြောဆိုအပ်သော...ကြမ်းတမ်းသော စကားကို ...
ကြားရသောကြောင့်...ဒေါသစိတ် မရှိဘဲ သည်းခံရာ၏...။

( တိရစ္ဆာန်များတွင် အနာပိုးလောက် တွယ်လျှင် )


               ဆင်၊ မြင်း၊ ကျွဲ နွား၊ သိုး၊ ဆိတ်၊ ၀က် အစရှိသော မိမိတို့မွေးမြူထားသော တိရစ္ဆာန်များတွင် ထိခိုက်ဒဏ်ရာကြောင့် အနာများဖြစ်ကာ ထိုအနာများတွင် ပိုးလောက်များဝင်တွယ်ခဲ့သော်-

               ပရုတ်လုံးများကို အနာနှင့်သင့်လျော်ရုံယူပြီး အမှုန့်ကြိတ်ပါ၊ ရရှိလာသော ပရုတ်လုံးအမှုန့်များကို ခွက်တခုထဲသို့ ထည့်ပြီး ရေနံဆီ သင့်လျော်ရုံဖြင့် သမသွားအောင် ရောမွှေပေးကာ ပိုးလောက်တွယ်နေသော အနာထဲသို့ လောင်းထည့်ပေးပါ၊ ထိုအခါ ပိုးလောက်များ အနာတွင်းမှ အပြင်ဘက်သို့ ထွက်လာပါလိမ့်မည်။ ထွက်လာသော ပိုးလောက်များကို ဇာဂနာဖြင့် ဆွဲနုတ်၍ ဖယ်ရှားပေးပါ၊

               ပိုးလောက်များ ကုန်စင်သောအခါ ကွမ်းစားရာတွင် အသုံးပြုသော ထုံးကို သင့်လျော်ရုံယူ၍ ခွက်တလုံးထဲတွင် ထည့်ပါ။ ထို့နောက် နနွင်းအနည်းငယ်ထည့်ပြီး သမသွားအောင် ရောမွှေပြီးနောက် ပိုးလောက်တွယ်နေသော အနာပေါ်သို့ ဖိသိပ်ပြီး အုံထားပေးပါ၊ မကြာမီ အနာကျက်၍ အသားနုတက်လာ ပါလိမ့်မည်။

                                                                                                         ( ဆရာ သန်းဆောင်-နဘဲကန် )

More Articals

 
မဟာပါသာဏ ကျောက်လုံးကြီးဓမ္မရိပ်သာ(မြ၀တီ). Design by Wpthemedesigner. Converted To Blogger Template By Anshul Tested by Blogger Templates.