လောကတွင် အသိပညာ,အတက်ပညာအမျိုးမျိုးရှိကြသော်လည်း တူရာတူရာပေါင်းလိုက်သော် ------
၁။လောကီကောင်းကျိုးကိုသာပေးသောပညာနှင့်၂။ လောကီ၊လောကုတ္တ ရာအကျိုး နှစ်မျိုးလုံးကိုပေးသည့် ပညာဟူ၍ နှစ်မျိုးသာရှိ၏။
လောကီလောကုတ္တရာအကျိုးနှစ်မျိုးလုံးကို ပေးစွမ်းနိုင်သော ပညာ ရပ်တို့တွင်လည်း ဗုဒ္ဓ၏ အဘိဓမ္မာသည် ထိပ်ဆုံးမှ ရပ်တည်နေပေသည်။ အဘိဓမ္မာပညာရပ်တွင် လူသားတို့ခေတ်အဆက်ဆက် တွေးတောကြံဆ အဖြေရှာလို့မရခဲ့သည့်-
ဘ၀ဟာဘယ်လိုဖြစ်ခဲ့တယ်၊ ဘယ်ကစဖြစ်ခဲ့တယ်၊ ဘယ်လိုဆက်ဖြစ်အုံးမယ်၊ ဘ၀အဓိပ္ပါယ်၊
ဘ၀ကိစ္စ၊ ဘ၀ပန်းတိုင်စသည့် သိမ်မွှေ့နက်နဲသော ပြဿနာပေါင်းစုံတို့၏အဖြေကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်ပေသည်။
ဗုဒ္ဓဘာသာသည် ကိုးကွယ်မှုဆိုင်ရာ (Religion)တစ်ခုသက်သက်မဟုတ်ပေ၊ တွေးခေါ်မှု ဆိုင်ရာ ဒဿနိကဗေဒ(Philosophy) ၊ လက်တွေ့ကျင့်ကြံမှုဆိုင်ရာ (Practically)၊ ထိုးထွင်းသိမြင်မှု ဆိုင်ရာ(insightly)တို့ ပေါင်းစပ်ပါဝင်နေသော ဘာသာတစ်ခုဖြစ်ပေသည်။
အမေရိကန်တက္ကသိုလ်များတွင် ဗုဒ္ဓအဘိဓမ္မာကို ဆရာတော်ဦးသေဋ္ဌိလ ဟောပြောသောအခါ Professorကြီးများ အံ့သြောမှင်သက် သဘောအကျကြီးကျလျှက် ဗုဒ္ဓအဘိဓမ္မာကို '(Mental science)စိတ်သိပ္ပံ'လို့ ကင်ပွန်းတပ်ကြပါတယ်။ ထို့ကြောင့် ပါဠိဘာသာဖြင့် လက်သန်းအထူမျှသာ ရှိသော လက်သန်းအဋ္ဌကထာဟုခေါ်သော အဘိဓမ္မာသင်္ဂြိုကျမ်းသည် တင်ပြပုံရှင်းလင်းပြတ်သားလှသဖြင့် ကမ္ဘာ့ဘာသာအသီးသီးသို့ ပြန်ဆိုခြင်းကိုခံခဲ့ရပေသည်။
ယခုဆိုလျှင် အနောက်တိုင်းတက္ကသိုလ်များ၌ အမြင့်ဆုံးဘာသာရပ်အဖြစ် သက်မှတ်ထားသော
ယခုဆိုလျှင် အနောက်တိုင်းတက္ကသိုလ်များ၌ အမြင့်ဆုံးဘာသာရပ်အဖြစ် သက်မှတ်ထားသော
ဒဿနိကဗေဒ(Philosophy) ဘာသာရပ်၌ ဗုဒ္ဓအဘိဓမ္မာကို ပြဋ္ဌာန်းပို့ချနေပေပြီ။
ကျန်ုပ်တို့မြန်မာလူငယ်ညီအစ်ကို မောင်နှများအတွေးမချော်ကြပါနှင့် ဘ၀အတွက်မှန်ကန် တည့်မတ်တဲ့ အတွေးအခေါ် ဘ၀ဒဿန(Life philosophy)၊ မှတ်ကျောက်တင်ခံနိုင်သော အမှန်တရား (Verified Truth)တို့သည် ဗုဒ္ဓအဘိဓမ္မာထဲတွင် အပြည့်အ၀ရှိပေသည်။
"Life is not a gamble" ဘ၀ဆိုတာ လောင်းတမ်းကစားစရာ မဟုတ်ပါဘူး။ အမှောင်ထဲ မှာ လမ်းလျှောက်နေတဲ့သူဟာ ဆူးငြောင့်ခလုတ် ကန်သင်းတို့ကို တိုးမိပြီး ချောက်ထဲကျနိုင်သလို ဘ၀အ ကြောင်းကို သိနားလည်ထားတဲ့ ဘ၀အမြင် Life Philosophy မရှိဘဲ စမ်းတ၀ါးဝါးနဲ့ ဒီဘခရီးနှင့်နေရင် ဘ၀ ဆုံးရှုံးသွားမှာ သေချာတယ်။ ဘ၀အမြင်မှန်ပေါ်မှာ ရပ်တည်မှ ဘ၀ကြီးပွားချမ်းသာလိမ့်မယ်" လို့ ဆရာ ဒေါက်တာမင်းတင်မွန်ရဲ့ ဗုဒ္ဓအဘိဓမ္မာအနှစ်ချုပ်ထဲမှ စကားလေးကို ကိုးကားပြီးပြောလိုက်ပါရစေ။
ဒါကြောင့် ဗုဒ္ဓအဘိဓမ္မာဓမ္မာကို အခန်းဆက်အနေနဲ့ posts များကိုကြိုးစားပြီး တင်ပေးသွား မည်ဖြစ်ကြောင်း၊ စာရေးဆရာမဟုတ်တဲ့အတွက် တင်ပြပုံအစီအစဉ်မကျလျှင်လည်း သည်းခံပြီး အကြံ ညာဏ်များ မရှင်းလင်းတာများကို Commendမှဖြစ်စေ Emailမှဖြစ်စေအကြံပေးမေးမြန်းနိုင်ပါ ကြောင်းပြော ကြားရင်း
ဒီနေ့ရဲ့ ဗုဒ္ဓအဘိဓမ္မာ ပထမပိုင်းကို ဤတွင်ပဲနိဂုံးချုပ်လိုက်ပါပြီ.......................