စစ်မြေပြင်သို့ ရောက်သော ဆင်ပြောင်ကြီးကို...
မြားလှံကန်တို့ဖြင့် ထိုးဆွသကဲ့သို့ ...
ကိုယ်နှုတ်နှလုံး...မစောင့်စည်းသော လူတို့သည်...
သူတစ်ပါးတို့ကို ...နှုတ်လှံကန်ဖြင့် ထိုးဆွကုန်၏...
ရဟန်းသည် ...
သူတစ်ပါးတို့ ပြောဆိုအပ်သော...ကြမ်းတမ်းသော စကားကို ...
ကြားရသောကြောင့်...ဒေါသစိတ် မရှိဘဲ သည်းခံရာ၏...။

- အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်ဟောင်းတစ်ခု ပေါက်ကွဲမှုဖြစ်ပွား

မူရင်း CNN-မှ သတင်းကို ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။ professional - ဘာသာပြန်တစ်ယောက်မဟုတ်တဲ့ အတွက် ဘာသာပြန်ရာမှာ လွဲမှားမှုလေးများရှိရင် ပြုပြင်သင်ကြားပေးစေလိုပါတယ်။ (မိုးမခ)


Mount Sinabung spews thick smoke after erupting in North Sumatra.
Mount Sinabung spews thick smoke after erupting in North Sumatra.


(အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်ဟောင်းတစ်ခု ပေါက်ကွဲမှုဖြစ်ပွား)

ဂျာကာတာ၊ အင်ဒိုနီးရှား၊ ( CNN )

အင်ဒိုနီးရှား နိုင်ငံတွင် နှစ်ပေါင်း (400)ကျော် မလှုပ်ရှားပဲ ငြိမ်သက်နေသော မီးတောင်ဟောင်းတစ်ခု တနင်္ဂနွေနေ့ အစောပိုင်းက
ပေါက်ကွဲမှုဖြစ်ပွါးခဲ့ပါတယ်။ လူပေါင်း (1000) ကျော် အိုးအိမ်တွေကို စွန့်ပြီးထွက်ပြေးခဲ့ကြရတယ်လို့ တာဝန်ရှိသူတစ်ဦးက
ပြောခဲ့ပါတယ်။
      '' ဆူးမတြာပြည်နယ်ရဲ့ မြောက်ပိုင်းမှာ တည်ရှိတဲ့ Sinabung-ဆိုတဲ့တောင်ဟာ 1600-ခုနှစ် လောက်ကထဲက ငြိမ်သက်
နေခဲ့တာပါ။ ဒါပေမဲ့ တနင်္ဂနွေနေ့က အဲဒီမီးတောင်ဟာ သူ့ရဲ့ချော်ပြာတွေကို 1-မိုင်လောက်အထိ လေထဲကို မှုတ်ထုတ်ခဲ့တယ်
လို့''  တိုင်းပြည်ရဲ့ မီးတောင်နှင့် ဘူမီဗေဒ anency အကြီးအကဲဖြစ်သူ ဆူရိုနို-က ပြောကြားခဲ့ပါတယ်။
        '' သူက နှစ်ပေါင်းများစွာ မြုံနေတဲ့ မီးတောင်ဖြစ်တဲ့အတွက် သူ့ရဲ့ထူးခြားတဲ့ လက္ခဏာတွေကို ကျွန်တော်တို့ မသိနိုင်ခဲ့
ပါဘူး'' လို့လည်း သူကပြောပါတယ်။
          သေဆုံးသူများနဲ့ ထိခိုက်ဒဏ်ရာရသူများ သတင်းကိုတော့ မရရှိသေးပါဘူး။
          '' အခြေအနေတွေအားလုံးက ထိန်းချုပ်မှုအောက်မှာပဲ ရှိနေပါတယ် အရေးပေါ်သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း
ဒီအခြေနေတွေအတွက် အဆင်သင့်ပါပဲ'' လို့ ပြည်ထောင်စု ဘေးအန္တရာယ် စီမံကွပ်ကဲရေးအဖွဲ့မှ ပရီယာဒီကာဒိုရို-က
ပြောကြားခဲ့ပါတယ်။
         ''တနင်္ဂနွေနေ့ မနက် 12.15-နာရီ ကျော်ကျော်လောက်မှာ စတင်ပေါက်ကွဲခဲ့ပြီးနောက် မီးတောင်အနီးမှာရှိတဲ့ ရွာပေါင်း
14-ရွာမှ ရွာသားပေါင်း 12.000-ကို ဘေးကင်းရာအရပ်သို့ တာဝန်ရှိသူများက ပြောင်းရွေ့ပေးခဲ့တယ်'' လို့ Antara News -
agancy-မှ သတင်းထုတ်ပြန်ပါတယ်။
       '' ပြီးခဲ့တဲ့ညက ပြင်းပြင်းထန်ထန်တုန်ခါနေတာကို သတိထားမိခဲ့ပါတယ်'' '' အဲဒီလိုတုန်ခါပြီးတော့ Sinabung-တောင်
ရဲ့ ထိပ်ဝကနေပြီး တောက်ပတဲ့ချော်ရည်တွေ ပန်းထွက်လာပါတယ်''
         ''တောင်ရဲ့ ကုန်းစောင်းမှာရှိတဲ့ သစ်ပင်တွေဟာ မီးလောင်ကျွမ်းမှု့ကြောင့် ကောင်းကင်ပြင်မှာ ကြီးမားတဲ့တိမ်တိုက်
ကြီးတွေ ဖြစ်ပေါ်လာတာကို 5-မီတာ အကွာလောက်ကနေ မြင်နိုင်ပါတယ်'' လို့ အင်ဒိုနီးရှားလူမျိုး Red cross-အလုပ်သမား
မိုဟမ်မက် အစ္စရေးက သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
         တနင်္ဂနွေနေ့က မီးတောင်နှင့် ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်ကာကွယ်စောင့်ရှောက်ရေး စင်တာမှာ-
         '' မီးတောင်တစ်လျှောက် ပတ်ပတ်လည် 6- ကီလိုမီတာ(3.7 မိုင်) အတွင်းမှာ နေထိုင်ကြတဲ့ သူတွေအားလုံး
ဘေးကင်းရာသို့ ပြောင်းရွှေ့ကြရမယ်" လို့ သတိပေးချတ်ထုတ်ပြန်ခဲ့ပါတယ်။
          '' စူးစမ်းလေ့လာရေးအဖွဲ့က သူတို့ရရှိထားတဲ့ အချတ်အလတ်တွေပေါ်မှာ အခြေခံပြီး မီးတောင်ကို စောင့်ကြည့်လေ့လာ
နေပါတယ်'' လို့ ဆူရိုနိုက ပြောကြားခဲ့ပါတယ်။
          "ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုကတော့ မယုံနိုင်အောင်ပါပဲဗျာ"
         " သဘာဝဓာတ်ငွေ့ ဘေးအန္တရာယ်နဲ့ ပတ်သတ်ပြီးတော့ ဘာမှစိုးရိမ်စရာမရှိပါဘူး Sunday-ပေါက်ကွဲမှုအပြီးမှာ သေသေ
ချာချာ ရှာဖွေလေ့လာပြီးပါပြီ'' လို့လည်း တစ်ဆက်တည်း ပြောကြားသွားခဲ့ပါတယ်။

More Articals

 
မဟာပါသာဏ ကျောက်လုံးကြီးဓမ္မရိပ်သာ(မြ၀တီ). Design by Wpthemedesigner. Converted To Blogger Template By Anshul Tested by Blogger Templates.