စစ်မြေပြင်သို့ ရောက်သော ဆင်ပြောင်ကြီးကို...
မြားလှံကန်တို့ဖြင့် ထိုးဆွသကဲ့သို့ ...
ကိုယ်နှုတ်နှလုံး...မစောင့်စည်းသော လူတို့သည်...
သူတစ်ပါးတို့ကို ...နှုတ်လှံကန်ဖြင့် ထိုးဆွကုန်၏...
ရဟန်းသည် ...
သူတစ်ပါးတို့ ပြောဆိုအပ်သော...ကြမ်းတမ်းသော စကားကို ...
ကြားရသောကြောင့်...ဒေါသစိတ် မရှိဘဲ သည်းခံရာ၏...။

- ၉-ပရာမာသဂေါစ္ဆက

(၉-ပရာမာသဂေါစ္ဆက)

၅၀ (၁)။ ပရာမာသဒုက်
(၁) ပရာမာသမည်သော တရားများ။ (မမြဲသည်ကို မြဲ၏ဟု မှားသောအားဖြင့် သုံးသပ်တတ် သောတရားများ)။ (၁၁၈၀၊ ၁၅၁၅)။
(၂) ပရာမာသ မမည်သော တရားများ။ (၁၁၈၂၊ ၁၅၁၆)။

၅၁ (၂)။ ပရာမဋ္ဌဒုက်
(၁) ပရာမာသ၏ အာရုံဖြစ်သော တရားများ။ (၁၁၈၃၊ ၁၅၁၇)။
(၂) ပရာမာသ၏ အာရုံမဖြစ်သော တရားများ။ (၁၁၈၄၊ ၁၅၁၈)။

၅၂ (၃)။ ပရာမာသသမ္ပယုတ္တဒုက်
(၁) ပရာမာသနှင့် ယှဉ်သော တရားများ။ (၁၁၈၅၊ ၁၅၁၉)။
(၂) ပရာမာသနှင့် မယှဉ်သော တရားများ။ (၁၁၈၆၊ ၁၅၂၀)။

၅၃ (၄)။ ပရာမာသ ပရာမဋ္ဌဒုက်
(၁) ပရာမာသလည်းမည် ပရာမာသ၏ အာရုံလည်း ဖြစ်သော တရားများ။ (၁၁၈၇၊ ၁၅၂၁)။
(၂) ပရာမာသ၏ အာရုံဖြစ်သော်လည်း ပရာမာသမမည်သော တရားများ။ (၁၁၈၈၊ ၁၅၂၂)။

၅၄ (၅)။ ပရာမာသ၀ိပ္ပယုတ္တပရာမဋ္ဌဒုက်
(၁) ပရာမာသနှင့် မယှဉ်သော်လည်း ပရာမာသ၏ အာရုံဖြစ်သော တရားများ။ (၁၁၈၉၊ ၁၅၂၃)။
(၂) ပရာမာသနှင့်လည်း မယှဉ်၊ ပရာမာသ၏ အာရုံလည်း မဖြစ်သော တရားများ။ (၁၁၉၀၊ ၁၅၂၄)။
ပရာမာသဂေါစ္ဆက ပြီးပြီ။
------

More Articals

 
မဟာပါသာဏ ကျောက်လုံးကြီးဓမ္မရိပ်သာ(မြ၀တီ). Design by Wpthemedesigner. Converted To Blogger Template By Anshul Tested by Blogger Templates.