စစ်မြေပြင်သို့ ရောက်သော ဆင်ပြောင်ကြီးကို...
မြားလှံကန်တို့ဖြင့် ထိုးဆွသကဲ့သို့ ...
ကိုယ်နှုတ်နှလုံး...မစောင့်စည်းသော လူတို့သည်...
သူတစ်ပါးတို့ကို ...နှုတ်လှံကန်ဖြင့် ထိုးဆွကုန်၏...
ရဟန်းသည် ...
သူတစ်ပါးတို့ ပြောဆိုအပ်သော...ကြမ်းတမ်းသော စကားကို ...
ကြားရသောကြောင့်...ဒေါသစိတ် မရှိဘဲ သည်းခံရာ၏...။

- ညှိ့အားပြင်းသော အမျိုးသမီး မှ ခန့်ညားသော အမျိုးသား ဘဝသို့ ပြောင်းလဲသွားတဲ့ ဂျိုလီ





ကမ္ဘာ့မီဒီယာများ အလယ်တွင် အမြဲတစေ ညှိ့အားပြင်းသော အမျိုးသမီး တစ်ဦး အဖြစ် သတ်မှတ်ခြင်း ခံရသော


ဟောလိဝှဒ် အချောအလှ အန်ဂျယ်လီနာ ဂျိုလီကို သူမ၏ နောက်ဆုံးတွက် ရုပ်ရှင်ဇတ်ကား “Salt” တွင် ခန့်ညား ချောမောသော အမျိုးသား တစ်ဦးအဖြစ် အံ့သြဖွယ် မြင်တွေ့ရသည်။

မင်းသမီး အန်ဂျယ်လီနာ ဂျိုလီသည် စီအိုင်အေ စပိုင်ဇတ်ကြမ်း “Salt” တွင်
အမျိုးသား အရာရှိတစ်ဦးအဖြစ် ရုပ်ဖျက် သရုပ်ဆောင်ခဲ့ရာ ခန့်ညား ချောမောသော
ပုရိသ တစ်ဦးအဖြစ် မယုံနိုင်စရာ ပြောင်းလဲသွားသော မင်းသမီး၏ အံ့သြဖွယ်
သရုပ်ဆောင်မှုများကို သူမ၏ ပရိသတ်များအကြား ဝက်ဝက်ကွဲအောင် လူကြိုက်များလျက်
ရှိသည်ဟု သိရသည်။

သြဂုတ်လ ၁၈ ရက်နေ့က "Salt" ရုပ်ရှင်ကာ ပရိုမိုးရှင်းအတွက် ဂျာမနီသို့ ရောက်ရှိနေသော ဂျိုလီကို တွေ့ရစဉ်

ဂျိုလီသည် ယခုလအတွင်း သူမ၏ ရုပ်ရှင်ဇတ်လမ်း “Salt” ကို ကမ္ဘာတစ်ဝှမ်းလှည့်လည်ကာ ပရိသတ်အကြား မိတ်ဆက် ပရိုမိုးရှင်းပွဲများ ဆက်တိုက် ပြုလုပ်ခဲ့သည်။ “Salt” ရုပ်ရှင်ကားမှ
ဂျိုလီ၏ အမြင်တစ်မျိုးဆန်းသော အမျိုးသားသဖွယ် သရုပ်ဆောင်ကွက် အချို့ကို
မြို့တော်ပုသိမ် ပရိသတ်များအတွက် ကောက်နှုတ် ဖော်ပြလိုက်ပါသည်။




posted by ၀င်းဝင်းခင်, Credit : PatheinCity News | Source:Xinhua

More Articals

 
မဟာပါသာဏ ကျောက်လုံးကြီးဓမ္မရိပ်သာ(မြ၀တီ). Design by Wpthemedesigner. Converted To Blogger Template By Anshul Tested by Blogger Templates.