စစ်မြေပြင်သို့ ရောက်သော ဆင်ပြောင်ကြီးကို...
မြားလှံကန်တို့ဖြင့် ထိုးဆွသကဲ့သို့ ...
ကိုယ်နှုတ်နှလုံး...မစောင့်စည်းသော လူတို့သည်...
သူတစ်ပါးတို့ကို ...နှုတ်လှံကန်ဖြင့် ထိုးဆွကုန်၏...
ရဟန်းသည် ...
သူတစ်ပါးတို့ ပြောဆိုအပ်သော...ကြမ်းတမ်းသော စကားကို ...
ကြားရသောကြောင့်...ဒေါသစိတ် မရှိဘဲ သည်းခံရာ၏...။

- လူတွေက ကိုယ့်ကို ဘယ်လိုသဘောထားသလဲ ဆိုတာထက် ကိုယ့်အတွင်းဓာတ်ခံက ပိုအရေးကြီးတယ်

               လူတစ်ယောက်ကို လူတွေ ဘယ်လောက်ချစ်၊ ဘယ်လောက်ခင်သလဲဆိုတာကို တိုင်းတာနိုင်တဲ့ အရေးပါဆုံးအချက်က အဲဒီ အခြားလူတွေနဲ့ ဆက်ဆံရေးပိုင်း မဟုတ်ပါဘူး။ ချစ်ခင်ပေါင်းသင်းမှု အဆင် ပြေတယ်-မပြေဘူး၊ ဒါမှမဟုတ် အခင်ဆုံး မိတ်ဆွေသူငယ်ချင်းတွေ များများစားစား ရှိတယ်-မရှိဘူး ဆိုတာဟာ လူတစ်ယောက်ကို ဘယ်လောက်ချစ်တယ် ခင်တယ်ဆိုတာကို အပြင်ပန်းကနေကြည့်ပြီး တိုင်း တာရတဲ့ အချက်တွေပါ။ သို့သော်လည်း အဲဒီအချက်တွေဟာ ကိုယ့်ကိုယ်ကိုယ် မြတ်နိုးစိတ် တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူစိတ် ရှိကြသူတွေဟာ အချစ်ရေး အဆင်ပြေပြေ မပြေပြေ၊ အခင်ဆုံးမိတ်ဆွေတွေ ဘယ်လောက်ပဲ ရှိရှိ-မရှိရှိ၊ လူတွေက ချစ်တယ်ခင်တယ်လို့ သဘောထားနိုင်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ်မှ မနှစ်သက်နိုင်သူတွေကတော့ ချစ်ရေးခင်ရေးမှာ ဘယ်လောက်ပဲ အဆင်ပြေပြေ၊ ကူညီအားပေးနေတဲ့ သူငယ်ချင်းတွေလည်း ဘယ်လောက်ပဲများများ သူတို့ကို လူတွေက ချစ်တယ်ခင်တယ်လို့ သဘောမထား နိုင်ကြပါဘူး။


friendsc.gif

စိတ်ရောဂါကုပညာရှင် မာတင် ပတ်ခ်ျက-
                လူတွေမှာ အဲသလို စိတ်ခွန်အား ကင်းမဲ့သလို ဖြစ်နေကြတာဟာ ကိုယ့်ကိုယ်ကိုယ် မြတ်နိုးစိတ် မပေါ်ကြလို့ပါ။ ဒါက ကိုယ့်ကိုယ်ကိုယ် လက်ခံနိုင်စွမ်းရှိမှ ဖြစ်တာပါ။ စိတ်အပညာအရ အကောင်းအဆိုး အား လုံးမှာ ဒါက အရေးပါနေပါတယ်။ ဘ၀မှာ အကြီးမားဆုံး ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ အားလုံးအတွက် အဖြေ က ရှင်းရှင်းလေးပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်ပါ ဆိုတာပါပဲ။ ဒါပေမယ့် အကောင်အထည် ပေါ်ဖို့ကတော့ အားထုတ်ရပါတယ်။ အခြေခံကျကျ ပြောရရင်တော့ စိတ်ဓာတ်ကြံ့ခိုင်မှုရှိမှ ပြီးမြောက်နိုင်မှာပါ။ အမှန်ကို အမှန်အတိုင်း ပြောရဲတဲ့ သတ္တိရှိရတယ်။ ကိုယ်ယုံကြည်တဲ့အတိုင်း နေနိုင်ရတယ်။ ကိုယ့်စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့ စွန့်စားရဲရတယ်။ ကိုယ့်ဆီမှာရော ဒီပြင်လူတွေဆီမှာပါ အကောင်းကို မြင်တတ် ကြည့်တတ် လက်ခံတတ်ရပါမယ်။

                မိမိကိုယ်မိမိ ယုံကြည်မှု လျော့နည်းကြသူတွေဟာ သူတို့ရဲ့ ချစ်ခင်ပေါင်းသင်းမှု ဘယ်လောက်ပဲ အဆင်ပြေပြေ၊ သူတို့မှာ မိတ်ဆွေသူငယ်ချင်း ဘယ်လောက်ပဲရှိရှိ တခြားသူတွေက သူတို့အပေါ်မှာ အကောင်းမြင်စိတ် သိပ်မရှိကြဘူးလို့ ထင်စားကြပါတယ်။

[ကြည်ရွှန်း၊ ခိုင်မြဲတွယ်တာ နည်းပေါင်း ၁၀၀၊ စာမျက်နှာ- ၂၂၀၊ ၂၂၁၊ ၂၂၂]

More Articals

 
မဟာပါသာဏ ကျောက်လုံးကြီးဓမ္မရိပ်သာ(မြ၀တီ). Design by Wpthemedesigner. Converted To Blogger Template By Anshul Tested by Blogger Templates.