စစ်မြေပြင်သို့ ရောက်သော ဆင်ပြောင်ကြီးကို...
မြားလှံကန်တို့ဖြင့် ထိုးဆွသကဲ့သို့ ...
ကိုယ်နှုတ်နှလုံး...မစောင့်စည်းသော လူတို့သည်...
သူတစ်ပါးတို့ကို ...နှုတ်လှံကန်ဖြင့် ထိုးဆွကုန်၏...
ရဟန်းသည် ...
သူတစ်ပါးတို့ ပြောဆိုအပ်သော...ကြမ်းတမ်းသော စကားကို ...
ကြားရသောကြောင့်...ဒေါသစိတ် မရှိဘဲ သည်းခံရာ၏...။

- ၆-သြဃဂေါစ္ဆက

(၆-သြဃဂေါစ္ဆက)

၃၂ (၁)။ သြဃဒုက်
(၁) သြဃမည်သော တရားများ။ (၀ဋ်ဆင်းရဲ၌ နစ်မြုပ်စေတတ်သော တရားများ)။ (၁၁၅၆၊ ၁၅၀၁)။
(၂) သြဃမမည်သော တရားများ။

၃၃ (၂)။ သြဃနိယဒုက်
(၁) သြဃတို့၏ အာရုံဖြစ်သော တရားများ။
(၂) သြဃတို့၏ အာရုံမဖြစ်သော တရားများ။

၃၄ (၃)။ သြဃသမ္ပယုတ္တဒုက်
(၁) သြဃနှင့် ယှဉ်သော တရားများ။
(၂) သြဃနှင့် မယှဉ်သော တရားများ။

၃၅ (၄)။ သြဃ သြဃနိယဒုက်
(၁) သြဃလည်းမည် သြဃတို့၏ အာရုံလည်းဖြစ်သော တရားများ။
(၂) သြဃတို့၏ အာရုံသာ ဖြစ်၍ သြဃမမည်သော တရားများ။

၃၆ (၅)။ သြဃ သြဃသမ္ပယုတ္တဒုက်
(၁) သြဃလည်းမည် သြဃနှင့်လည်း ယှဉ်သော တရားများ။
(၂) သြဃနှင့်သာ ယှဉ်၍ သြဃမမည်သော တရားများ။

၃၇ (၆)။ သြဃ၀ိပ္ပယုတ္တသြဃနိယဒုက်
(၁) သြဃနှင့် မယှဉ်သော်လည်း သြဃတို့၏ အာရုံဖြစ်သော တရားများ။
(၂) သြဃနှင့်လည်း မယှဉ်၊ သြဃတို့၏ အာရုံလည်း မဖြစ်သော တရားများ။
သြဃဂေါစ္ဆက ပြီးပြီ။
------

More Articals

 
မဟာပါသာဏ ကျောက်လုံးကြီးဓမ္မရိပ်သာ(မြ၀တီ). Design by Wpthemedesigner. Converted To Blogger Template By Anshul Tested by Blogger Templates.