စစ်မြေပြင်သို့ ရောက်သော ဆင်ပြောင်ကြီးကို...
မြားလှံကန်တို့ဖြင့် ထိုးဆွသကဲ့သို့ ...
ကိုယ်နှုတ်နှလုံး...မစောင့်စည်းသော လူတို့သည်...
သူတစ်ပါးတို့ကို ...နှုတ်လှံကန်ဖြင့် ထိုးဆွကုန်၏...
ရဟန်းသည် ...
သူတစ်ပါးတို့ ပြောဆိုအပ်သော...ကြမ်းတမ်းသော စကားကို ...
ကြားရသောကြောင့်...ဒေါသစိတ် မရှိဘဲ သည်းခံရာ၏...။

- ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် စိုးရိမ်ရေအမှတ်သို့ ကျော်လွန်ရောက်ရှိ ကာ ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်းမကြီးအား ရေကျော်နေပြီ ဖြစ်ကြောင်း သိရ

ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ၂၀၁၀ခုနှစ်၊ သြဂုတ်လ (၃၀)ရက်နေ့ နေ့လည် (၁၂း၃၀)နာရီ အချိန်မှစတင်၍ ပဲခူးမြစ်ရေ၏ စိုးရိမ်ရေအမှတ်ဖြစ်သည့် (၉၁၀)စင်တီမီတာကို ကျော်လွန်ရောက်ရှိနေပြီး ညနေ(၃း၀၀)နာရီ
အချိန်ခန့်မှစတင်၍ ပဲခူးမြို့၊ ခေါင်းဆေးကျွန်းတွင်
ရန်ကုန်-မန္တလေးအဝေးပြေးကားလမ်းမကြီးအား ရေအမြင့်(၁)ပေခန့်
ကျော်လွန်နေပြီဖြစ်ကြောင်း သိရသည်။
မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သြဂုတ်လ (၃၀)ရက်နေ့ နေ့လည် (၁၂း၃၀)နာရီမှ စတင်၍ နောက်(၂၄)နာရီအတွင်း မြစ်၏စိုးရိမ်ရေအမှတ်အထက်တွင်
ဆက်လည်တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။ ဤကဲ့သို့
ရန်ကုန်-မန္တလေးအဝေးပြေးကားလမ်းမကြီးအား ရေအမြင့် (၁)ပေခန့်
ကျော်လွန်နေသဖြင့် အဝေးပြေးကားကြီးများ၊ ကုန်တင်ကားကြီးများနှင့်
ပဲခူးမြို့ခံများအနေဖြင့် ခက်ခဲစွာသွားလာနေရကြောင်း သိရသည်။


(from news.eleven.com)












More Articals

 
မဟာပါသာဏ ကျောက်လုံးကြီးဓမ္မရိပ်သာ(မြ၀တီ). Design by Wpthemedesigner. Converted To Blogger Template By Anshul Tested by Blogger Templates.