"တရားအားမထုတ်မီ ပြုလုပ်ရန် ပုဗ္ဗကိစ္စ(၅)ပါး"
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ-၃ခေါက်ဆို
(၁) တပည့်တော်တို့၏ ခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါးတို့ကို မြတ်စွာဘုရားအား လှူဒါန်းပါ၏ အရှင်ဘုရား။
(၂) တပည့်တော်တို့သည် မိုက်မဲတွေဝေခဲ့သည့်အလျှောက်၊ ရတနာသုံးပါးနှင့်တကွ မိဘ-ဆရာ၊ ပုဂ္ဂိုလ်သူ မြတ်တို့အား၊ ကံသုံးပါးတို့တွင် တစ်ပါးပါးဖြင့် ပြစ်မှားခဲ့သည်ရှိသော် ထိုအပြစ်တို့မှ ပျောက်ပါစေခြင်း အကျိုးငှာ တောင်းပန်ဝန်ချ ကန်တော့ပါ၏ အရှင်ဘုရား။
(၃) ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ ကျောင်းစောင့်နတ်၊ ဓမ္မာရုံစောင့်နတ်၊ မြို့စောင့်နတ်၊ သာသနာ စောင့်နတ်၊ ကမ္ဘာစောင့်နတ်များနှင့်တကွ ရှိရှိသမျှ သတ္တ၀ါဟူသမျှတို့သည် အသက်ထက်ဆုံး၊ ဘေးမသီရန် မခ၊ ကျန်းမာချမ်းသာကြပါစေ။
(၄) ရှေးရှေးဘ၀ ယခုဘ၀၊ ပြုပြုသမျှ၊ တပည့်တော်တို့၏ ဒါန,သီလစသော ကောင်းမှုကုသိုလ်တို့သည် တပည့်တော်တို့ အလိုရှိအပ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ရခြင်း-ရောက်ခြင်းအကျိုးငှာ၊ လျှင်မြန်စွာ၊ ကျေးဇူးပြုပါ စေသတည်း။
(၅) ငါသည် မုချသေရမည်၊ အချန်ပိုင်းသာလိုတော့သည်၊ အသေမဦးခင် ဉာဏ်ဦးအောင် ၀ိပဿနာ တရားကို ကြိုးစား၍ ပွားများအားထုတ်ပါတော့မည်။
(ကမ္မဋ္ဌာန်းတောင်း)
ကမ္မဋ္ဌာနံ မေ ဘန္တေ ဒေထ၊
သံသာရ ၀ဋဒုက္ခတော မောစနတ္ထာယ။
ဘန္တေ-အရှင်မြတ်တို့ဘုရား။ (မေ-အမှာကံ)-တပည့်တော်တို့အား။ သံသာရ ၀ဋဒုက္ခတော-သံသရာဝဋ ဆင်းရဲမှ။ မောစနတ္ထာယ-လျင်မြန်စွာ လွတ်မြောက်ပါစေခြင်းအကျိုးငှာ။ ကမ္မဋ္ဌာနံ-မဂ်ဉာဏ်ဖိုလ်ပေါက် နိဗ္ဗာန်ရောက်ကြောင်း အကောင်းဆုံးဖြစ်သော ၀ိပဿနာ ကမ္မဋ္ဌာန်းတရားကို။ ဒေထ-ကရုဏာရှေ့ထား ပေးသနားတော်မူပါကုန်ဘုရား။
(အမျှဝေခြင်း)
ဤယနေ့အဖို့၌ အကျွန်ုပ်တို့တစ်စု၊ ပြုလုပ်အားထုတ်အပ်သော ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာ ကုသိုလ် အစရှိသော အထူးထူးသော ကုသိုလ်တို့၏ အဖို့ဘာဂကို-
ရှေးရှေးဘ၀ ယခုဘ၀ တော်စပ်ကြကုန်သော အမိအဘ၊အဖိုးအဖွား၊ဆရာသမား အစထား၍ အားလုံး သော ပုဂ္ဂိုလ်အပေါင်းတို့အား အမျှပေးဝေပါကုန်၏။ အမျှရ၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြသည် ဖြစ်ပါစေ ကုန်သတည်း။
ကိုသိုလ်.....အမျှ......အမျှ.....အမျှ....ယူတော် မူကြပါကုန်လော့.....