"ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ မူအရ" (ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းဒေသနာ)
ကျေးဇူးတော်ရှင် မိုးကုတ်ဆရားတော်ဘုရားကြီးသည် ခတ်ခဲနက်နဲလှစွာသော ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို တပည့်ဒါယိကာ၊ ဒါယိကာမများ လွယ်ကူလျှင်မြန်စွာ နားလည်နိုင်ပါစေခြင်းအကျိုးငှါ ရည်သနှ်၍ အရပ်ထဲ၌ရှိသော လှည်းဘီးသဏ္ဍာန်တီထွင်ကာ တပည့်ဒါယိကာ၊ ဒါယိကာမတို့အား ဟောကြား ဆုံးမ နည်းလမ်းပြတော်မူခဲ့ပါသည်။
ဆရာတော်ဘုရားကြီးသည် ဘုရားစကားတော်(ဗုဒ္ဓ၀စန)နှင့် သွေဖီကာ တီထွင်ခဲ့ခြင်းမဟုတ်ပေ။ "ရထစက္ကမိဝ ယထက္ကမံ"- ဟူသော ပါဠိတော်၌ လာရှိသည်အားလျှော်စွာ(၀ါ) လာရှိသည်နှင့်အညီ ဘုရား စကားတော်(ဗုဒ္ဓ၀စန)နှင့် သွေဖီတော်မမူပဲသာလျှင် တပည့်ဒါယိကာ၊ ဒါယိကာမတို့၏ ဝေနေယျဉ္ဇာသယ သို့လိုက်၍ တီထွင်ဆုံးမတော်မူခဲ့ခြင်း ဖြစ်ပေသည်။
ဗုဒ္ဓဘာသာဝင်တို့၏ အန္တိမပန်းတိုင်ကြီးဖြစ်သော ထာဝရငြိမ်းချမ်းရာအမှန် မဟာအသင်္ခတဓာတ် နိဗ္ဗာန်ရွှေပြည်မြတ်ကြီးဆီသို့ ကိုယ်တိုင်လည်းကြွလှမ်း။ တပည့်ဒါယိကာ၊ တပည့်ဒါယိကာမ အပေါင်းတို့အား လည်း နည်းပေးလမ်းပြတော်မူခဲ့သော ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး အား ဤစာမူဖြင့် ရိုသေညွတ်တွား ဦးခိုက်ယို့ကျိုး မိုးကုတ်ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့လိုက်ရပါသည် ဘုရား....
သြကာသ သြကာသ သြကာသ၊ ကာယကံ ၀စီကံ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ,ဒုတိယ,တတိယ,တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတ နာ၊ တရားရတနာ၊ သံဃာရတနာ ရတနာ မြတ်သုံးပါးတို့နှင့် မိဘ-ဆရာသမားတို့အား ရိုသေမြတ်နိုး လက်စုံ မိုး၍ ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော ကောင်းမူကံ စေတနာတို့ကြောင့် တပည့်တော်တို့ အားထုတ်ဆဲဖြစ်သော ၀ိပဿ နာဉာဏ်သည် လျှင်မြန်စွာ မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါလို၏ အရှင်ဘုရား။
တရားအားမထုတ်မီပြုလုပ်ရမည့် ပုဗ္ဗကိစ္စ(၅)ပါး