နိယာမ (ငါးပါး)
၁။ စိတ္တနိယာမ - စိတ်တို့၏ အစဉ်အတိုင်း ရှေ့စိတ်၊ နောက်စိတ် ဖြစ်သောတရား။
၂။ ကမ္မနိယာမ- ကုသိုလ်၊ အကုသိုလ်တို့၏ ကံနှင့်အလားတူစွာ ကမ္မ၀ိပါက်တရား
ချမ်းသာဆင်းရဲဖြစ်ပွားခြင်းသဘော။
၃။ ဗီဇနိယာမ- သစ်စေ့ သစ်ညွှန့်တို့၏ မူလမျိုးရိုးနှင့် အလားတူစွာဖြစ်ခြင်းသဘော။
၎။ ဥတုနိယာမ- ဆောင်း၊ နွေ၊ မိုး ဥတုတို့၏ နှင်းကျခြင်း၊ ပူအိုက်ခြင်း၊ မိုးရွာခြင်းစသော အစဉ်မ
ပြတ် ဖြစ်ခြင်းသဘော။
၅။ ဓမ္မနိယာမ- ရေတို့၏ နိမ့်ရာသို့ စီးခြင်း၊ သစ်ညွန့်တို့၏ ကောင်းကင်သို့တက်ခြင်း၊ နေ လ
ကြယ်တာရာတို့၏ ထွန်းလင်းတောက်ပ လှည့်လည်ခြင်းစသော သဘော။
(ဒီ-၂)