- မြန်မာ့တိုင်းရင်းဆေး
မြန်မာ့တိုင်းရင်းဆေးပညာ၏ ပင်ကိုသဘောသဘာဝသည် အလွန်ကျယ်ဝန်းနက်ရှိုင်းလှသကဲ့သို့ အနှစ်
သာရအားဖြင့်လည်း လွန်စွာသိမ်မွေ့နက်နဲလှသည်။ ယင်းသို့ နက်နဲခက်ခဲသောမြန်မာ့တိုင်းရင်းဆေးပညာ၏ပညာ
ခန်းအဆီအနှစ်များသည် သမိုင်းခေတ်အဆက်ဆက်တွင် မြန်မာ့တိုင်းရင်းဆေး သမားတော်ကြီးများ ရေးသားပြုစု
ခဲ့ကြသည့် ဆေးပညာဆိုင်ရာ ပေပုရပိုက်အဆူဆူ၊ စာပေကျမ်းဂန်အရပ်ရပ်နှင့်ဆေးကျမ်းအစောင်စောင်တို့၌ကိန်း
အောင်းလွှမ်းခြုံနေသကဲ့သို့ဆရာစဉ်သမားဆက် လက်ဆင့်ကမ်း အမွေပေးခဲ့သော ဆေးပညာရပ်များ၊ ကုထုံးကု
နည်းများ၊ အာနိသင်ထက်မြက်သည့် ဆေးဝါးများတွင်လည်းပေါင်းစည်းပါဝင်လျက်ရှိပါသည်။အနောက်တိုင်းဆေး
ဝါးများ မတိုးတော့သည့် ရောဂါဆိုးကြီးများအတွက် အနောက်တိုင်းဆေးပညာနှင့်မြန်မာ့တိုင်းရင်းဆေးပညာပေါင်း
စပ်ကုသမှုများအောင်မြင်ဖြစ်ထွန်းနေပြီဖြစ်၍ ပိုမိုပြီးထိထိရောက်ရောက်ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်နှင့်
သုတေသနလုပ်ငန်းများ ကုထုံးကုနည်းများနှင့် ဆေးဝါးများစံချိန်ပြုမှတ်တမ်းတင်မှုများကို စနစ်တကျ ဆက်လက်
ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ယနေ့ကျန်းမာရေးကဏ္ဍတွင် အဓိကပြဿနာများဖြစ်သည့် ငှက်ဖျား၊ တီဘီ၊
သွေးတိုး၊ ဆီးချို၊ ဝမ်းကိုက်နှင့် ဝမ်းလျှောဝမ်းပျက်ရောဂါတို့ကို ကုသနိုင်သော ကုထုံးသစ်များဖြင့်တိုင်းရင်းဆေးဝါး
သစ်များ သုတေသနပြုဖော်ထုတ်မှုလုပ်ငန်း ခေတ်အဆက်ဆက်အသုံးပြုလာခဲ့ကြသော တိုင်းရင်း ဆေးကုန်ကြမ်း
များကို နိုင်ငံခြားမှ မှာယူတင်သွင်းရခြင်းမျိုးမဖြစ်သင့်သည့်အတွက် ပရဆေးပင်များ မျိုးထိန်းမှု၊ မျိုးပွားမှု၊ Tissue
Culture ဟုခေါ်သော ခေတ်မီနည်းစနစ်များ အသုံးပြုပြီးစီးပွားဖြစ်ထုတ်လုပ်မှုများ ဖြစ်ထွန်းလာအောင် အားထုတ်
ကြိုးစားကြရန် လိုကြောင်း၂၀၀၈ခုနှစ်ဒီဇင်ဘာလ၃ရက်နေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။