စစ်မြေပြင်သို့ ရောက်သော ဆင်ပြောင်ကြီးကို...
မြားလှံကန်တို့ဖြင့် ထိုးဆွသကဲ့သို့ ...
ကိုယ်နှုတ်နှလုံး...မစောင့်စည်းသော လူတို့သည်...
သူတစ်ပါးတို့ကို ...နှုတ်လှံကန်ဖြင့် ထိုးဆွကုန်၏...
ရဟန်းသည် ...
သူတစ်ပါးတို့ ပြောဆိုအပ်သော...ကြမ်းတမ်းသော စကားကို ...
ကြားရသောကြောင့်...ဒေါသစိတ် မရှိဘဲ သည်းခံရာ၏...။

- လူကိုဖျက်တဲ့ အရက်သမိုင်း




        ဘိန်းမှာခရစ်နှစ် ၁၈၀၀မတိုင်မီကပေါ်ပေါက်လာခဲ့သော်လည်း၊အရက်မှာခုနှစ်ရေတွက်၍မရလောက်
အောင်အလွန်ရှေးကျသည့်ကာလကတည်းကပေါ်ပေါက်လာခဲ့သည်။မူးယစ်ခြင်းသည်မာန်ယစ်ခြင်း၊မာန်မူခြင်း

၊မာန်တက်ခြင်းဖြစ်သည်။မူးယစ်ဟူသည်အကြောင်းကိုလည်းမသိ၊အကျိုးကိုလည်းမသိ၊အမိအဖကိုပင်အမိအဖ မှန်းမသိတော့ဘဲပြန်လည်ရန်မူတတ်သည်။ဘုရား၊ပစ္စေကဗုဒ္ဓါ၊အရိယာသာဝကတို့ကိုပင်အန္တရာယ်ပြုတတ်ကြ

သည်။မြတ်စွာဘုရားသာဝတ္ထိပြည်ဇေတ၀န်ကျောင်းတော်၌သီတင်းသုံးတော်မူစဉ်သေသောက်သဘင်အခါကျသည်နှင့်ဝိသာခါအမှူးရှိသောနောက်လိုက်မိန်းမငါးရာတို့သည်ဥယျာဉ်သို့သွားကာတစ်နေ့လုံးအရက်သေစာ သောက်စားမူးယစ်ပြီးသော်ညနေချမ်း၌ဘုရားရှင်ထံသွားကြသည်။ဘုရားရှေ့တော်သို့ရောက်လျှင်အရှက်ကင်း
မဲ့စွာသီချင်းဆိုကြ၊ရယ်ကြ၊ကခုန်မြူးထူးကြ၏။အချို့အဝတ်ဗလာဖြင့်တုံးလုံးပက်လက်အိပ်ကြ၏။
      ထိုအခါမြတ်စွာဘုရားရှင်သည်ညိုသော ရောင်ခြည်ကိုလွှတ်လျက်နေတော်မူရာပလ္လင်တော်မှကွယ်ခဲ့၍ မြင်းမိုရ်တောင်ထိပ်၌ရပ်တော်မူလေ၏ညိုသောရောင်ခြည်တော်ကြောင့်မှောင်အတိကျသွားသဖြင့်မိန်းမတို့
ကြောက်လန့်ခြင်းပြင်းစွာဖြင့်ငိုကြွေးကြကုန်၏။မြတ်စွာဘုရားရှင်သည်လင်းသောရောင်ခြည်တော်ကိုလွှတ်လျက် နေတော်မူရာပလ္လင်တော်၌သီတင်းသုံးတော်မူကာ“သင်တို့သည်လောဘ၊ဒေါသ၊မောဟတည်းဟူသောအမှောင
်ဖြင့် ဖုံးလွှမ်းနေပါလျက်အလင်းကို အဘယ်ကြောင့်မရှာကြသနည်း” ဟုတရားဟောတော်မူ၏။ မိန်းမငါးရာတို့လည်း  အကျွတ်တရားရကြလေ၏။ထိုအခါဝိသာခါ ဒါယကာမသည် ဤမျှအရှက်အကြောက် ကို ဖျက်ဆီးတတ်သောသေရည် သေရက်သည်အဘယ်အခါကစဖြစ်ပါသနည်း ဟုလျှောက်သဖြင့် မြတ်စွာဘုရားသည်ပထမဆုံးအရက်ပေါ်လာခြင်းအကြောင်းကိုဟောတော်မူ၏။

(တိံသနိပါတ်-ကုမ္ပဇာတ်)
            ရှေးသရောအခါဗာရာဏသီပြည်၌သဗ္ဗမိတ္တမင်းကြီး မင်းပြုစဉ်ကကာသိတိုင်းသား(သူရာ)အမည်ရှိ
သောမုဆိုး တစ်ယောက်သည်ဟိမဝန္တာတော၌အမဲပစ်ရန်အသွားတောင်ခြေ၌အကိုင်းသုံးခွရှိသောသစ် ပင်ကြီးတစ်ပင်၏အကိုင်းခွဆုံနား၌ငှက်တို့သည်အရက်ကိုသောက်ပြီးမြူးတူးပျော်ပါးကာဟစ်အော်ကြွေးကြော်ကြ၏။
ထို့နောက်အောက်သို့ပြုတ်ကျလျက်အသေကဲ့သို့ဖြစ်လေ၏။ အတန်ငယ်ကြာလျှင်တဖန်ပြန်တက်ပြီးထိုအ ရည်ကိုသောက်ကြကုန်၏။ဤသို့အတန်တန်မြူးတူးကြသည်ကိုမြင်သဖြင့်မုဆိုးကတက်၍ကြည့်ရာသစ်ခွတွင်မိုး
တွင်းရေကျ၍အနီးအပါးမှဇီးဖြူရှစ်ရှား၊ ဖန်းခါးသီးတို့ကိုလည်းကောင်း၊သလေးစပါးတို့ကိုလည်းကောင်း၊ငှက်
တို့ယူဆောင်ကာထိုသစ်ခွ၌စား၍ စားကြွင်းများသစ်ခွတွင်းသို့ကျသဖြင့်နွေအခါ၌ဆူးပေါက်၍အရက်ဖြစ်နေ
သည်ကိုမြင်သဖြင့်သောက်ကြည့်လေ၏။ ထို့နောက်မူးယစ်လာကာသစ်ပင်အောက်၌မူးသဖြင့် အိပ်ပျော်နေ
ကြသောငှက်တို့ကိုသတ်၍မီးကင်ကာစား၏။သေရည်ကိုလည်းအဖန်ဖန်သောက်၏။ဤသို့အားဖြင့်မူးယစ်ကာ
အိပ်၏။ထို့နောက်အနီးရှိဂရုဏရသေ့ထံသေရည်နှင့်အမဲကင်တို့ကိုယူသွားကာနှစ်ဦးသားသောက်စားမူးယစ်
ကြလေ၏။ယင်းနောက်ထိုအရည်ကိုဝါးကျည်တောက်တို့ဖြင့်ထမ်း၍ပစ္စန္တရာဇ်မင်းအားဆက်သရာတစ်မြို့လုံး
အရက်သောက်သဖြင့်ပျက်လေ၏။တော၌အရက်ကုန်သဖြင့်အိုးကြီးအိုးငယ်တို့ဖြင့်ချက်ကြလေ၏။ ထိုအခါမှ
စ၍အရက်ချက်ခြင်း၊အရက်သောက်ခြင်းပေါ်ပေါက်လာလေသည်။ထိုသေရည်ကိုလည်း သူရာဟူ၍လည်းကောင်း၊ဂရုဏဟူ၍လည်းကောင်းခေါ်လေ၏။မင်းလည်းသေအိုးအနီး၌ကြွက်များမသောက်စေရန်ကြောင်
တို့ကိုချည်ထားကာကြီးစွာသောမဏ္ဍပ်ကိုပြု၍သေသောက်သဘင်ကျင်းပအံ့ဟုတစ်မြို့လုံးစည်မောင်းလည်
စေ၏။ကြောင်တို့လည်းသေအိုးမှအမြှုပ်တို့ဝေကျသည်ကိုသောက်သဖြင့်အသေကဲ့သို့အိပ်လေ၏။   ကြွက်တို့လာ၍ကြောင်တို့၏နားရွက်အမြီးတို့ကိုစားကြလေ၏။အမတ်တို့မြင်လျှင်သေရည်မဟုတ်၊  အဆိပ်ဟုလျှောက်သဖြင့်သူရာမုဆိုးနှင့်ဂရုဏရသေ့တို့အားသတ်လေ၏။ထို့နောက်ကြောင်တို့အမူးပြယ်မှ   အရက်ဖြစ်ကြောင်းသိသဖြင့်သောက်ရန်ပြင်ကြလေ၏။သိကြားမင်းလည်းလောကကြီးပျက်စီးတော့မည်ကိုမြင်သဖြင့်လာရောက်
ဆုံးမကာအရက်အိုးတို့ကိုရိုက်ခွဲစေ၏။“လောကကြီးအားပျက်စီးစေသောသေအရက်ကိုသောက်စားခြင်းမှ
ရှောင်ကြလော့”ဟုဆုံးမကာနတ်ပြည်သို့ပြန်လေ၏။သေအရက်ကိုမင်းနှင့်တကွတစ်ပြည်လုံးရှောင်ကြဉ်သဖြင့်
ချမ်းသာရာကိုရကြလေ၏။ထို့ကြောင့်အရက်နှင့်မူးယစ်ဆေးဝါးဆိုသည်မှာလူမှုရေး၊ကျန်းမာရေး၊အိမ်ထောင်
ရေး၊စီးပွားရေးများကိုဖျက်ဆီးတတ်သည့်သေရည်ဖြစ်ကြောင်း၊ထိုမူးယစ်ဆေးဝါးများကိုမမှီဝဲ၊မသုံးစွဲမိအောင်
ရှောင်ကြဉ်စောင့်ထိန်းသင့်ကြောင်းရေးသားတင်ပြအပ်ပါသည်။                                     
                                                                                                                          မြို့မ-ချိုချိုအေး

More Articals

 
မဟာပါသာဏ ကျောက်လုံးကြီးဓမ္မရိပ်သာ(မြ၀တီ). Design by Wpthemedesigner. Converted To Blogger Template By Anshul Tested by Blogger Templates.