တစ်ချို့သတင်းစာ၊ ဂျာနယ်တွေမှာပါတဲ့ သတင်းတွေဟာ သတင်းတစ်ခုရဲ့စံချိန်စံညွှန်း ဘောင် အတွင်း ကနေခွဲထွက်ပြီးတော့ သတင်းလို့နာမည်တပ်ပြီး ရေးသားနေကြတာတွေကို တွေ့နေရပါတယ်။ ဒါတွေဟာ သတင်းရဲ့ တိကျမှု့၊ ရိုးသားမှု၊ ဘက်မလိုက်မှု့စတဲ့ ဂုဏ်တွေကိုညှိုးနွမ်းစေပါတယ်။
ဒီလိုရေးသားမှုတွေဟာ နားလည်မှုလွဲမှားစေပြီး မလိုလားအပ်တဲ့ အကျိုးရလဒ်မျိုးတွေကို ဖြစ်ပေါ်စေနိုင်တဲ့အပြင် ပြည်သူတွေရဲ့ နားနဲ့မျက်စိတို့ကိုလည်း ထိုးဖောက်ပစ်ရာရောက်ပါတယ်။ မရေရာ မသေခြာတဲ့ သတင်းလို့နာမည်တပ်ထားတဲ့သတင်းတွေနဲ့ တိုင်းပြည်ကို ကလောင်တံနဲ့ချောက်ထဲ ကလော် ပစ်ချရာလည်း ရောက်ပါတယ်။
အမှန်စင်စစ်သတင်းရေးသားတဲ့သူတွေဟာ ကျနော်တို့ထက် ပညာရပ်ပိုင်းဆိုင်ရာမှာကော ဗဟုသုတပိုင်းဆိုင်ရာမှာပါ အများကြီးသာလွန်တဲ့ပုဂ္ဂိုလ်တွေပါ။
ဘာကြောင့်အထက်ကပြောခဲ့သလို ရေးနေကြတာလဲဆိုတာကိုတော့ ကျနော့ဦးနှောက် သေးသေးလေးနဲ့ ဘယ်လိုမှစဉ်းစားလို့ မရနိုင်ပါဘူး။ ဒါကြောင့် ကျနော်တို့ထက် သိတတ်နားလည်တဲ့ သတင်းဆရာတွေကို ဝေဖန်နေမယ့်အစားကိုယ်ကိုတိုင် သတင်းတစ်ခုဟုတ်မဟုတ် အကြောင်းအရာကို လက်ခံသင့်မခံသင့်ကို သတင်းရဲ့စံပေတံနဲ့ တိုင်းတာပြီးဖတ်ကြ လက်ခံကြရအောင်ပါ။
အောက်မှာ..... တစ်ကမ္ဘာလုံးဆိုင်ရာ သတင်းတစ်ခုရဲ့ ရှိရမယ့် စံနှုန်းတွေကို ဖော်ပြပေးထားပါတယ်.....

ကဲ................
လေ့လာလိုက်ကြရအောင်!
၁။ No Accuracy တိကျမှန်ကန်မှု မရှိတဲ့အချက်တွေပါနေခြင်း-ဥပမာ- နာမည်၊ နေရပ်
အဖွဲ့ အစည်း စာလုံးပေါင်းမှားခြင်း။ (သတင်းမှာ တင်းကျပ်တဲ့ တိကျမှုတွေရှိပါတယ်
အဲဒီထဲမှာ သတ်ပုံလည်းပါပါတယ် ဘာကြောင့်လဲဆိုတော့ သတ်ပုံတစ်ခုဟာလည်း
ဥပဒေကို လက်တစ်လုံးခြား လုပ်နိုင်လို့ပါပဲ။)
၂။ No Objectivity သတင်းထောက်ရဲ့ အယူအဆ ခံစားချက်တွေပါနေခြင်း-(သတင်းရေးသား တဲ့ ပုဂ္ဂိုလ်ဟာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာကိုပဲ တိတိကျကျ ပြတ်ပြတ်သားသား ရေးရပါမယ် မိမိရဲ့ ပုဂ္ဂလိက ခံစားချက်ကိုထည့်ရေးရန် အကြောင်းမရှိပေ။)
၃။ No Balance + Fairness ဘက်လိုက်မှု မမျှတမှုတွေပါနေခြင်း-
ဘက်နှစ်ဘက်ရှိတဲ့သတင်းမျိုးမှာ တဘက်ကပြောဆိုချက်တွေသာပါပြီး
တခြားတဘက်က မပါတာမျိုး။
ဘက်နှစ်ဘက်ရှိတဲ့သတင်းမျိုးမှာ တဘက်ကပြောဆိုချက်တွေသာပါပြီး
တခြားတဘက်က မပါတာမျိုး။
၎။ No Transparency သတင်းဘယ်ကရရှိမှန်း စစ်ဆေးနိုင်တဲ့ဖေါ်ပြကိုးကားချက်တွေ မပါခြင်း-
သတင်းစီးဆင်းရာ လမ်းကြောင်းပျောက်နေခြင်း။
၅။ No Completeness သတင်းတစ်ပုဒ်မှာ ရှိရမည့် အင်္ဂါရပ်တွေ ပြည့်စုံစွာ မပါရှိခြင်း။
မှတ်ချတ်။ ။ သတင်းတစ်ပုဒ်မှာ ရှိရမည့်အင်္ဂါရပ်တွေကတော့ ဘယ်သူက၊ ဘာ့ကြောင့် ဘယ်နေရာမှာ၊ ဘယ်တုန်းက၊ ဘာကို၊ ဘယ်လိုလုပ်ခဲ့တယ်ဆိုတဲ့ (ဘ-၆ လုံး)ပဲဖြစ်ပါတယ်။
အားလုံးပဲ မှန်ကန်တဲ့သတင်းတွေကို ကိုယ်တိုင်ရွေးချယ်ဖတ်ရှု့ပြီး မျက်စိပွင့်၊ နားပွင့် ဖြစ်ကြပါစေ။.............