စစ်မြေပြင်သို့ ရောက်သော ဆင်ပြောင်ကြီးကို...
မြားလှံကန်တို့ဖြင့် ထိုးဆွသကဲ့သို့ ...
ကိုယ်နှုတ်နှလုံး...မစောင့်စည်းသော လူတို့သည်...
သူတစ်ပါးတို့ကို ...နှုတ်လှံကန်ဖြင့် ထိုးဆွကုန်၏...
ရဟန်းသည် ...
သူတစ်ပါးတို့ ပြောဆိုအပ်သော...ကြမ်းတမ်းသော စကားကို ...
ကြားရသောကြောင့်...ဒေါသစိတ် မရှိဘဲ သည်းခံရာ၏...။

- ၁၄နှစ်အရွယ် ကောင်လေးသည် အမေ၊ ညီမနှစ်ယောက်နှင့် ညီငယ်အား သတ်ဖျက် မီးရှို့ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်



နယူးယောက် ဇူလိုင်၂၂ - နံနက် ၄ နာရီ ၁၅မိနစ်တွင်
နယူးယောက်မြို့ စတေးတန် ကျွန်း (Staten Island) တွင် အိမ်မီးလောင်မူ
ဖြစ်ပွားကာ လူကြီး တစ်ယောက် ကလေး ၄ယောက် ငါးလောင်းပြိုင် သေဆုံးခဲ့ကြ သည်။
အစပိုင်းတွင် တာဝန်ရှိသူ မီးသတ်ဖွဲ့နှင့် ရဲအရာရှိများသည်
သာမန်မီးလောင်မှုဟု ထင်ခဲ့သော်လည်း မီးလောင်သေဆုံးသူ အလောင်းများအား
စစ်ဆေးကြည့်သောအခါ ဧည့်ခန်းတွင် သေဆုံးနေသော မိန်းကလေး အလောင်း
နှစ်လောင်းနှင့် အိပ်ခန်း ကုတင်ပေါ်ရှိ ယောက်ျားလေးအလောင်းတစ်လောင်း
စုစုပေါင်း သုံးလောင်းမှာ လည်မျိုများ အလှီးခံထားရသည်ကို တွေ့ရှိလိုက်ရကာ
ရှို့မီးဖြစ်မှန်း သိရှိခဲ့ရသည်။





ယောက်ျားလေးအလောင်းသည် ၁၄နှစ်အရွယ် စီဂျေဂျူန်း (C.J Jones) ဖြစ်ပြီး ၎င်းသည် မိမိ၏ ညီမငယ်များဖြစ်ကြသော ၁၀နှစ်အရွယ် ဘရီယ်နီဂျူန်း (Brittany Jones) နှင့် ၇နှစ် အရွယ် မယ်လိုနီဂျူန်း (Melony Jones) တို့၏
လည်မျိုများအား မိခင် အလှပြင်သုံး ဓါးဖြင့်လှီးဖြတ်သတ်ပြီးကာ အပြင်လူများ
လွယ်လင့်တကူ ဝင်ရောက်မကူညီနိုင်ရန် အိမ်ဝင်ဝ မှစ၍ မီးရှို့ ကာ မိမိ
ကိုယ်ကိုယ် လည်လှီး၍ အဆုံးစီရင်ခဲ့သည်ဟု ရဲအရာရှိများက ကောက်ချက်ချကြသည်။
သမီးငယ် နှစ်ဦး၏ အနီးတွင် နှစ်နှစ်သားအရွယ် ညီငယ် ဂျာမိန်းဂျူန်း (Jermaine Jones) နှင့် ၃၃ နှစ်အရွယ်ရှိ ကလေးများ၏ မိခင် လီရှားဂျူန်း (Leisha Jones) အား ကြမ်းပေါ်တွင် မှောက်လျှက်တွေ့ခဲ့ကြသည်။ ကလေးငယ်
ဂျာမိန်းဂျူန်း (Jermaine Jones) သည် အရေးပေါ် လူနာ ဌာနသို့ရောက်ရှိပြီး
များမကြာခင်တွင် သေဆုံးခဲ့သည်။ မိခင်နှင့် ညီထွေးလေးတို့အား
မျက်နှာမှောက်လျက်တွေ့ရှိသည်ကို ကြည့်ခြင်းအားဖြင့် အိမ်ပေါက်ဝသို့
တွားသွားနေစဉ် မီးခိုးမွှန်၍သေဆုံးခဲ့ရသည်ဟု ကျွမ်းကျင်သူများက ဆိုခဲ့သည်။
“ဒီကောင်လေးက ငယ်ငယ်တုန်းကတော်တော်ဆိုးတာ.. ဒါပေမဲ့ ကြီးလာရင် သူ့အသိနဲ့သူ လိမ်မာသွားမှာပါလို့ထင်ထားတာ ဒီလိုလုပ်လိမ့်မယ်လို တစ်ခါမှမထင်ထားမိဘူး”
“C.J က မဆိုးပါဘူး အိမ်မှာဆို သူကသားယောက်ျားလေး အဖြစ်နဲ့ အားကိုးရတာ.. သူ့ညီမတွေဆိုလည်း အရမ်းချစ်တာ ဘယ်လိုဖြစ်သွားပါလိမ့်..” ဟု အိမ်နီးချင်းများက ပြောကြားခဲ့ပါသည်။ အဘွားဖြစ်သူကလည်း
“သူတို့ဘာတွေလာပြောနေကြတာလဲ ကျွန်မမြေးလေး C.J ကအရမ်းလိမ်မာတာ..
ပျော်ပျော်ရွှင်ရွှင်နေတတ်သူပါ.. သူ ညီ ညီမ တွေကိုလည်း အရမ်းချစ်တာ..
ရှင်တို့ပြောကြသလို လူသတ်သမား မဖြစ်နိင်ပါဘူး..”
မယုံကြည်နိင်စွာပြောကြားခဲ့ပါသည်။
“ဒီကလေးက တစ်ခုခုကို မကျေမချမ်းဖြစ်ပြီး တော်တော်ကို ဒေါသထွက်နေတဲ့ ကလေးငယ် တစ်ယောက်ပဲ ဖြစ်ရမယ်။ ဘာကိုဒေါသထွက်နေလဲဆိုတာကိုတော့ ကျွန်တော်တို့လည်း မသိကြသေးပါဘူး” ဟုရဲအရာရှိ စုံထောက်များက
ပြောကြားခဲ့ပါသည်။ ၁၄နှစ်အရွယ် စီဂျေဂျူန်း (C.J Jones) သည် Intermediate
School 72 Staten Island မှ အိမ်သာထဲတွင် မီးရှို့ ဆော့ကစားသောကြောင့်
များမကြာခင်ကပင် ကျောင်းမှ ထုတ်ခံခဲ့ရသူ ဖြစ်သည်။ ၎င်းအား
ကျောင်းမှတာဝန်ရှိသူများက စိတ်ရောဂါကု ဆရာဝန်ဖြင့် ပြသရန် မိခင်ဖြစ်သူအား
အကြံပေးခဲ့သေးသည် ဟုသိရှိရပါသည်။ “ဒီနေ့ပဲ ခြံထဲမှာ C.J စက္ကူတွေနဲ့
မီးဆော့နေတာကိုတွေ့လို့ ကျွန်မ မီးမဆော့ဖို့ ပြောတော့သူက အေးအေးဆေးဆေးပဲ
“အိုကေ” လို့ကျွန်မကို ပြောပြီး ဆက်မဆော့တော့ဘူး”
အိမ်နီးချင်းကပြောကြားခဲ့ပါသည်။


 
 








၁၄နှစ်အရွယ် စီဂျေဂျူန်း (C.J Jones)









နှစ်နှစ်အရွယ် ညီငယ် ဂျာမိန်းဂျူန်း (Jermaine Jones)












၁၀နှစ်အရွယ် ညီမလေး ဘရီယ်နီဂျူန်း (Brittany Jones)








၇နှစ်အရွယ် ညီမလေး မယ်လိုနီဂျူန်း (Melony Jones)







မီးလောင်ပျက်စီးသွားသော ဂျူန်းမိသားစုတို့၏ ငှားနေသောအိမ်

More Articals

 
မဟာပါသာဏ ကျောက်လုံးကြီးဓမ္မရိပ်သာ(မြ၀တီ). Design by Wpthemedesigner. Converted To Blogger Template By Anshul Tested by Blogger Templates.