
လောင်းပါသော ကြောက်လန့်ဖွယ် တွင်းတစ်ခုကို စစ်သားများက တွေ့ရှိ ကြသည်။
၎င်းလူများမှာ အသတ်မခံရမီ ညှင်းပန်းနှိပ်စက်ခံထားခဲ့ရသည်ဟု ယူဆ ရသည်။
အမည်မဖော်သူတစ်ဦးပေးသော သတင်းအရ စစ်ဖက်မှ တာဝန်ရှိသူတို့သည် ၎င်းနေရာသို့ ရောက်ရှိခဲ့ကြရာ ၎င်းနေရာမှာ ဘောလုံးကွင်း တစ်ကွင်းနီးပါးရှိပြီး ပြည်နယ်၏ ဝေးလံ ခေါင်ဖျားကျေးလက် အရပ်တွင် တည်ရှိပေသည်။ တွင်းကြီးမှာ မွန်ထရေး
(Monterrey) မြို့၏ အရှေ့ဖက်နားတွင် ရှိပြီး သောကြာနေ့ (၂၃.၀၇.၂၀၁၀) တွင်
တွေ့ရှိရာ အထဲတွင် လူသေအလောင်း ၂၁ လောင်း တွေ့ရှိခဲ့ရသည်။
စုံစမ်းစစ်ဆေးသူများက တွင်းသို့ ဆင်းသော ဆင်ခြေလျောတွင် သွေးကွက်ကြီးများကို တွေ့ရပြီး အောက်ပိုင်းတွင် ဓာတ်ဆီ အကြွင်းအကျန်များကို တွေ့ရသည်။ နွေဗိုလေယွန်းန် (Nuevo León) ပြည်နယ်မှာ မူးယစ်ဂိုဏ်း
အုပ်စုများ အုပ်စုတစ်ခုနှင့် တစ်ခု အသာစီးရရန် တိုက်ခိုက်ကြသော
နေရာဖြစ်နေသည်။
လွန်ခဲ့သော ၁၄ ရက်အတွင်းတွင် ယင်းကဲ့သို့ စုပြုံမြုပ်နှံရာ တွင်း ၂ ခု တွေ့ခဲ့ကြရပြီး၊ လွန်ခဲ့သော ခုနှစ်အတွင်း လူ ၂၀၀ ခန့် ပျောက်ဆုံးနေခဲ့သည်။ သွေးကွက်ကြီးများ တွေ့ရ သည်မှာ တွင်းထဲသို့ ပစ်မချမီ လူများအား
အချိန်အတန်ကြာ ညှင်းပန်းနှိပ်စက်ပြီးမှ တွင်းထဲ ပစ်ချပြီး
မီးရှို့ခဲ့ကြသည်ဟု ထင်ရသည်။ ဓာတ်ဆီလောင်း မီးရှို့စဉ် လူများ အားလုံး
သေဆုံးပြီးသား ဟုတ်မဟုတ်ကိုမူ မသိရပေ။
နွေဗိုလေယွန်းန် (Nuevo León) ပြည်နယ်တွင် မူးယစ်ဆေးနှင့် ဆက်စပ်သော အကြမ်းဖက်မှုများ၊ များပြားနေခြင်းမှာ ၎င်းသည် အမေရိကန်ပြည်ထောင်စုသို့ မူးယစ်ဆေးဝါး တင်သွင်းရာ အဓိက လမ်းကြောင်းပေါ်တွင် တည်ရှိ နေ၍ ဖြစ်သည်။