စစ်မြေပြင်သို့ ရောက်သော ဆင်ပြောင်ကြီးကို...
မြားလှံကန်တို့ဖြင့် ထိုးဆွသကဲ့သို့ ...
ကိုယ်နှုတ်နှလုံး...မစောင့်စည်းသော လူတို့သည်...
သူတစ်ပါးတို့ကို ...နှုတ်လှံကန်ဖြင့် ထိုးဆွကုန်၏...
ရဟန်းသည် ...
သူတစ်ပါးတို့ ပြောဆိုအပ်သော...ကြမ်းတမ်းသော စကားကို ...
ကြားရသောကြောင့်...ဒေါသစိတ် မရှိဘဲ သည်းခံရာ၏...။

- အန္တာနန္တဒိဋ္ဌိ တတိယ၀ါဒ

(အန္တာနန္တဒိဋ္ဌိ တတိယ၀ါဒ)

၅၆။ တတိယ၀ါဒ၌ကား အဆုံးရှိ အဆုံးမရှိ အယူရှိကုန်သော သမဏဗြာဟ္မဏတို့သည် အဘယ်ကိုအကြောင်းပြု၍ အဘယ်ကို စွဲမှီ၍ လောက၏ အဆုံးရှိ အဆုံးမရှိကို ပြကုန်သနည်း -
ရဟန်းတို့ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ပြင်းစွာအားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍မမေ့မလျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့ သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်သည် တည်ကြည်လတ်သော် လောက၌ အထက်နှင့်အောက်အဆုံးရှိ၏၊ ဖီလာ၁ကား အဆုံးမရှိဟု ထင်မြင်လျက် နေ၏။ ထိုသူသည် ဤသို့ ဆို၏ -
 ''ဤလောကသည် အဆုံးလည်း ရှိ၏၊ အဆုံးလည်း မရှိ၊ 'ဤလောကသည် အဆုံးရှိ၏၊ ပတ်၍သွားနိုင်သော ခရီးရှိ၏'ဟု ဆိုကြသော ထိုသမဏဗြာဟ္မဏတို့၏ စကားသည် မှား၏။ ' ဤလောကသည်အဆုံးမရှိ အပိုင်းအခြား မရှိ'ဟု ဆိုကြသော ထိုသမဏဗြာဟ္မဏတို့၏ စကားသည်လည်းမှား၏။ အဘယ်ကြောင့်ဆိုသော် -
ငါသည် ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကိုစွဲ၍ မမေ့လျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်သည် တည်ကြည်လတ်သော် လောက၌ အထက်နှင့် အောက်အဆုံးရှိ၏၊ ဖီလာကား အဆုံးမရှိဟု ထင်မှတ်လျက် နေ၏၊ ဤအကြောင်းကြောင့် ဤ လောကသည်အဆုံးလည်း ရှိ၏၊ အဆုံးလည်း မရှိဟု ငါ သိ၏'' ဟူ၍ ဆို၏။
ရဟန်းတို့ ဤသည်ကား တတိယ အကြောင်းတည်း၊ ယင်းကို အကြောင်းပြု၍ ယင်းကို စွဲမှီ၍ အဆုံးရှိအဆုံးမရှိ အယူရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည်လောက၏ အဆုံးရှိ အဆုံးမရှိကို ပြကုန်၏။ (၃-၁၁)
------
၁။ ဖီလာ -ဘေးပတ်ဝန်းကျင်။

More Articals

 
မဟာပါသာဏ ကျောက်လုံးကြီးဓမ္မရိပ်သာ(မြ၀တီ). Design by Wpthemedesigner. Converted To Blogger Template By Anshul Tested by Blogger Templates.