စစ်မြေပြင်သို့ ရောက်သော ဆင်ပြောင်ကြီးကို...
မြားလှံကန်တို့ဖြင့် ထိုးဆွသကဲ့သို့ ...
ကိုယ်နှုတ်နှလုံး...မစောင့်စည်းသော လူတို့သည်...
သူတစ်ပါးတို့ကို ...နှုတ်လှံကန်ဖြင့် ထိုးဆွကုန်၏...
ရဟန်းသည် ...
သူတစ်ပါးတို့ ပြောဆိုအပ်သော...ကြမ်းတမ်းသော စကားကို ...
ကြားရသောကြောင့်...ဒေါသစိတ် မရှိဘဲ သည်းခံရာ၏...။

- အသုံးများသော မြန်မာဗန်းစကားများ (င)

အသုံးများသော မြန်မာဗန်းစကားများ (င)

myanmarwords.png

ငယ်ကျိုးငယ်နာဖော်သည်
အတိတ်ကာလက အပြစ်ကိုဖော်သည်။ လျှို့ဝှက်သော အပြစ်အနာကိုဖော်သည်။ အရှက်ခွဲသည်။
              သူငယ်ချင်းတို့ဘာဝ ငယ်စဉ်က သိကျွမ်းရာတွင် အတွင်းအပြင် အဆိုးအကောင်းကို သိရှိခဲ့ကြလေ သည်။ ကြီးမှတွေ့ကြုံရသူတို့မှာ ငယ်စဉ်က အဆိုးအကောင်းကို မသိရှိကြရပေ။ ထို့ကြောင့် ငယ်စဉ်က အတွင်း သိအခင်းသိအနေဖြင့် သိရှိခဲ့သော ချွတ်ယွင်းမှုအပြစ်တို့ကို ဖော်ထုတ်ပြောဆိုသောအခါ၊ အ၀တ်အစား မလုံ မလဲ ကလေးဘ၀က သိမြင်ထားသော ခြေလက်အတွင်းအင်္ဂါ ကျိုးဆွံ့ခိုက်နာမှုများကို ထုတ်ဖော်ပြောဆို၍ အရှက်ခွဲသည့်သဘောဖြင့် တင်စားပြောဆိုကြသည်။

ငှက်စာဆော်သည်
အပျိုဖြစ်သည်
            မာလကာ၊ သြဇာ၊ သရက်စသော သစ်သီးပင်တို့ကို စိုက်ပျိုးသောအခါ အပင်ကြီးရင့်၍ ပထမဦး အသီး သီးသည့်နှစ်တွင် အသီးများပြားစွာ မသီးသေးဘဲ ကျေးငှက်များသိ၍ လာရောက်စားသောက်ရရုံ ငှက်အစာ အတွက် နှိုးဆော်ရုံသဘောဖြင့် အသီးဦးအနည်းငယ် သီးလေ့ရှိလေသည်။ ထိုသို့ သီးပင်အရွယ်ရောက်၍ သီးစပြုခြင်းကို ငှက်စာဆော်ပြီဟု ဆိုစမှတ်ပြုကြရာ၊ မိန်းကလေးငယ်များသည် အိမ်ထောင်နိုင်သော အရွယ် သို့ လှမ်းဝင်ဦးမည်ဖြစ်သည့် ဓမ္မတာပေါ်စ အပျိုဖျန်း အရွယ်ရောက်ဝင်သည်ကို တင်စား၍ အပျိုပိုင်းဝင်သည်၊ အပျိုဖော်ဝင်သည်၊ ငှက်စာဆော်သည်ဟု သုံးစွဲကြသည်။

ငါးရစ်တက်သည်
ထေးလုံးကျိပတ်သည်၊ ပလူးသည်၊ ကျီးစားရောဝင်သည်
            ငါးများသည် အချိန်အခါအလိုက် ဖို,မ မိတ်လိုက်ကြ၍ အစအအုပ်လိုက် လူးလာလုံးထွေး ကူးခတ်ကြ သည်ကို ငါးရစ်တက်သည်ဟု ဆိုသည်။ ထိုသဘောကို တင်စား၍ သူနှစ်ဦးသည် အထူးရင်းနှီးရောဝင်လျက် သင့်မြတ်ကျီစယ်နေသောအခါတွင် ခိုင်းနှိုင်းပြောဆိုလေ့ရှိသည်။

ငယ်မူပြန်သည်
ကြီးရင့်သောအရွယ်နှင့် မလိုက်အောင် ငယ်မူငယ်ရာပြုသည်၊ ကလေး-ကလက်သည်။
        အသက်အရွယ် ကြီးလာသောသူများသည် မိမိတို့အသက်အရွယ်နှင့် ထိုက်လျော်စွာ ပြုမူကျင့်ကြံ နေထိုင်ခြင်းမပြုဘဲ၊ အသက်အရွယ် ငယ်စဉ်က အမူအရာမျိုးကိုပင် ပြန်လည်လိုက်စားခြင်းကို ဆိုသည်။ အတိတ်၏ သဘောအမူကို ပြန်လည်ခံယူ ကျင့်ဆောင်သော နေရာတိုင်းတွင်လည်း တင်စား၍ သုံးနှုံးသည်။ အထူးသဖြင့် စက်ဆုတ်သရော်သောအားဖြင့် ပြစ်တင်ပြောဆိုသော စကားသာဖြစ်သည်။

- အသုံးများသော မြန်မာဗန်းစကားများ (ဂ)

အသုံးများသော မြန်မာဗန်းစကားများ (ဂ)

myanmarwords.png

ဂေါ်သည်
နောက်ပိုးသည်၊ လူပျိုလှည့်သည်
                ဤစကားမှာ သင်္ဂဇာ စကားပုံ၌ ပါဝင်သော ရသေ့တစ်ပါးနှင့် မယ်သီလတစ်ပါးသည် စင်ပေါ်တွင် အိပ်ကြရာ၊ တစ်ဦးက တစ်ဦးကို အိပ်ပျော်၍ ဟောက်သံ ဂေါ်ဂေါ်ဟူသော အသံနှင့်အတူ မိမိပြောလိုရာကို အိပ်ပျော်ရင်း ယောင်ဟန်ပြု၍ ကာမဂုဏ်စကား ပြောကြပုံ ၀တ္ထုကိုစွဲ၍ သုံးကြသည်။ 
မကောင်းကျိုးဖန်တီးသည်၊ မကောင်းကျိုး သင့်ရောက်လာသည်။
              လူတို့သည် မိမိတို့၌ မကောင်းကျိုးများ ဆိုက်ရောက်လာသောအခါ မိမိတို့ ပယောဂနှင့် အကြောင်း ဆက်ကို မမြင်တတ်ဘဲ မကောင်းသော ဂြိုဟ်ဆိုးတို့ မွှေနှောက်နှောင့်ယှက်ခြင်းကြောင့် ဖြစ်လာရသည်ဟု အယူသီးတတ်ကြသည်။ ထို့ကြောင့် မကောင်းကျိုး သက်ရောက်သည်ကို ဂြိုဟ်ဆိုးတို့က မွှေနှောက်သည်၊ ဖန်တီးနှောင့်ယှက်သည်ဟု တင်စား၍ ဆိုကြသည်။ ကောင်းကင်ရှိ ဂြိုဟ်နက္ခတ်တို့သည် ဆိုင်ရာလူတို့အား အကျိုးအပြစ် ဖြစ်စေနိုင်သည်ဟု ယူဆကြရာမှ ထိုစကား ပေါ်လာသည်။

ဂွကျသည်
အဆင်မပြေဖြစ်သည်။ အလိုမတည့်ဖြစ်သည်။ အကျဉ်းအကြပ်တွေ့သည်။
              ခရီးသွားတို့သည် မရောက်မပေါက်ဖူးသည့် ခရီးတွင် လမ်းဆုံလမ်းဂွ တစ်ခုခုသို့ ကျရောက်လာ သောအခါ မည်သည့်ဘက်သို့ သွားရမည်မသိဘဲ အခက်အခဲ အကျဉ်းအကြပ်တွေ့၍ နေတတ်သဖြင့် အဆင်မ ပြေ အကြပ်အတည်းကျခြင်းကို တင်စား၍ ခွကျသည်ဟုပင် ဆိုကြသည်။

              တစ်နည်းအားဖြင့် သစ်ပင်ကြီးများကို ခုတ်ဖြတ်၍ သစ်လုံးအဖြစ် ရွေးဖြတ်ရာတွင် အဖျားအကိုင်း ခွသို့ ကျရောက်လာသောအခါ တပြေးတည်း၊ တရွယ်တည်း၊ တဆက်တည်း၊ ချောမောစွာ အလျားဆက်၍ မယူသာတော့ဘဲ လုံးဝန်းသေးငယ် ပြောင်းလဲသွား၍ ထိုနေရာ၌ပင် ဖြတ်တောက်ရသည့် သဘောကိုယူ၍ တပြေးတညီတည်း ချောမောခြင်းတံ့ရပ်၍ အဆင်မပြေဖြစ်ရခြင်းကို တင်စားသည်ဟုလည်း ယူဆနိုင်သည်။

               သဘောအဓိပ္ပါယ်မှာကား ဟိုမရောက်၊ သည်မရောက်၊ တောင်မထောက်၊ မြောက်မမှီ စသည်ကဲ့သို့ တစ်ဖက်သတ် တိကျပြတ်သားခြင်း မရှိဘဲ မကွဲမပြား၊ မရေမရာ၊ မပြတ်မသား နှစ်ဖက်အကြား ခွ၍ ရပ်တည် ကျရောက်နေသော သဘောအနက်ပင် ထင်ရှားပေသည်။

ဂိုက်ကောင်း ဆိုက်ကောင်း
ဥပဓိရုပ် ထည်ဝါသူ၊ ခံ့ညားထွားကျိုင်းသူ
                အထည်ရောင်းဝယ်ရာတွင် အထည်အနံသည် အများအားဖြင့် တစ်ဂိုက် (သုံးပေ) ရှိတတ်၍ အချို့မှာ အနည်းငယ် လျော့ကြလေသည်။ တစ်ဂိုက်တိတိကျကျ ပြည့်ဝလျှင် ဂိုက်ပြည့်သည် ဂိုက်ကောင်း သည်ဟု ဆို၍ ဂိုက်ပြည့်လျှင် အနံအရွယ်အစား (ဆိုက်) ကောင်းသည်ဟု ဆိုရလေသည်။ ထို့ကြောင့် ဂိုက်ကောင်းလျှင် ဆိုက်ကောင်းမြဲဖြစ်သည်။ အနံပြည့်မှီသော အထည်အမျိုးအစားကို ဂိုက်ကောင်းဆိုက် ကောင်း ဟူ၍ဆိုရာ၊ အရပ်အမောင်း ဟန်အမူအရာ တင့်တယ်မွန်သူကိုလည်း တင်စား၍ ဂိုက်ကောင်း ဆိုက် ကောင်းဟုပင် ဆိုကြသည်။
("ဂိုက်" ကား ဟိန္ဒီစကား၊ "ဆိုက်" ကား အင်္ဂလိပ်စကားတည်း။)

ဂုတ်သွေးစုတ်သည်
အမြတ်ကြီးယူခြင်း၊ မတရားသောနည်းဖြင့် အကျိုးအမြတ် ဖြတ်တောက်ထုတ်ယူခြင်း
             သားရဲတိရစ္ဆာန်ကြီးများသည် သားကောင်းငယ်များကို ကိုက်သတ်ချီယူသောအခါ ဇက်ပိုးလည်ဂုတ်မှ ချီငင်၍ ကိုက်ဖြတ်စားသောက်လေ့ ရှိသည်။ ထို့ကြောင့် ဘီလူးသဘက်တို့သည်လည်း လူကို လည်ဂုတ်ချိုး၍ သွေးကို စုတ်သောက်သည်ဟု အထင်ရှိကြသည်။ ထို့ကြောင့် အမြတ်ကြီးစား၍ အသွေးအဆီကို မျိုစုတ် သကဲ့သို့ အကျိုးအခွင့် ဖြတ်စားလေ့ရှိသော ဓနရှင်နယ်ချဲ့သမားတို့အား ဘီလူးနှင့် ပမာနှိုင်းကာ ထိုသူတို့၏ အပြုအမူကိုလည်း သွေးစုတ်သော သဘောဖြင့် ပမာနှိုင်းကြသည်။ ထို့ကြောင့် ဂုတ်သွေးစုတ်သည်ဟု တင်စားသုံးနှုန်းကြသည်။

- အသုံးများသော မြန်မာဗန်းစကားများ (ခ)



                          အသုံးများသော မြန်မာဗန်းစကားများ (ခ)





myanmarwords.png
 

တစ်ဦးတစ်ဖွဲ့ အကျိုးအတွက် ဖွဲ့စည်းထားသောတပ်
             ရှေးအခါက မြန်မာယောက်ျားများသည် တောင်ရှည်ပုဆိုးကို ၀တ်ဆင်ကြ၍ ခါးပိုက်အိတ်ထောင်မှာ ကျယ်ဝန်းသဖြင့် ကွမ်းအစ်၊ ဆေးတံ စသည်ကိုပင် ခါးပိုက်တွင် သယ်ဆောင်နိုင်ကြလေသည်။ လုံးကွင်း ၀တ်လာသောအခါ၌လည်း နာရီ၊ ဆေးဗူး စသည်တို့ကို ခါးပိုက်မှာပင် ထည့်သိုယူဆောင်လေ့ရှိ၍ ခါးပိုက် ဆောင်နာရီဟုပင် ခေါ်ကြသေးသည်။ ထိုသို့ အသုံးအလွယ် လိုရာပစ္စည်းစုကို ခါးပိုက်၌ ထည့်သွင်းထား သည်ကိုစွဲ၍ တစ်ဦးတစ်ဖွဲ့က မိမိလိုသောအခါ၊ မိမိ အလိုကျ၊ မိမိအကျိုးအတွက် ဖွဲ့စည်းထားသော ပုဂ္ဂလိက တပ်ဖွဲ့မျိုးကို ခါးပိုက်ဆောင်တပ်ဟု တင်စားဆိုကြသည်။

ခေါင်းချင်းရိုက်သည်
အရေးတကြီး တိုးတိုးကြိတ်ကြိတ် တိုင်ပင်ဆွေးနွေးသည်
             လူနှစ်ယောက် သုံးယောက်တို့သည် အချင်းချင်းပူးကပ်စွာဖြင့် တီးတိုးတိုင်ပင် ဆွေးနွေးကြသောအခါ လေသံကို တိုးနိုင်သမျှတိုး၍ တစ်ဦးပါးစပ်နှင့် တစ်ဦး၏နားသည် ကပ်နိုင်သမျှကပ်ကာ ပြောဆိုကြရာသည်။ ထိုအခါ တစ်ဦးခေါင်းနှင့် တစ်ဦးထိခိုက် ရိုက်တိုးမိတတ်ကြသည်။ ထိုသဘောကို တင်စား၍ အရေးတကြီး တီးတိုးတိုင်ပင်ကြသည်ကို ခေါင်းချင်းရိုက်သည်ဟု ဆိုသည်။ အရေးကြီးသောအခါ ပြာယီးပြာယာ ပြုလုပ် တိုင်ပင်ကြသည့် သဘောပါသည်။

ခေါင်းပုံဖြတ်သည်
သူတစ်ပါး ပင်ပန်းခကို ကိုယ်တိုင်မလုပ်ဘဲ ဖြတ်ယူခံစားသည်
           အစုအပေါင်းဖြင့် အင်အားတွဲဖက် စိုက်ထုတ်လုပ်ကိုင်ကြသော အလုပ်သမားများသည် မိမိတို့ရရှိသော အကျိုးအမြတ် ကြေးငွေစသည်တို့ကို အစုအပုံ အညီအမျှပြု၍ အချိုးကျ တစ်ပုံကျစီ ခွဲဝေယူလေ့ရှိကြသည်။ သို့ရာတွင် အကြီးအကဲပြုသူ၊ ဦးစီးခေါင်းဆောင် ပြုသူတို့သည် အခြားသူများကဲ့သို့ ကိုယ်ထိလက်ရောက် မလုပ်ကိုင်ဘဲ အစုတစ်စု ပိုမိုခွဲသန့်စုပုံစေပြီး ထိုသို့ပုံထားသော ထိပ်ဆုံးအပုံကို မိမိဝေစုအဖြစ် ဖြတ်တောက် ခွဲယူလေ့ရှိကြသည်။
            အထူးသဖြင့် အစုခွဲဝေရာတွင် ခေါင်သူကြီး၊ အလုပ်ဒိုင်၊ အလုပ်ခေါင်းဆောင် စသည်တို့အတွက် အပုံကို ထိပ်ဆုံးကိုချ၍ ပုံလေ့ရှိသဖြင့် ခေါင်းရင်းပိုင်း အစုအပုံဖြစ်၍ ခေါင်းပုံဟု ခေါ်လေသည်။ ထိုခေါင်းပုံ သည် ခေါင်သူကြီး၏ အစုဖြစ်ကြောင်း နားလည်ကြလေသည်။ ခေါင်သူကြီးသည် အမြဲအားဖြင့် ကြီးကြပ်စီမံ ခန့်ခွဲသူဖြစ်၍ လုပ်အားအညီအမျှ စိုက်ထုတ်သူများ မဟုတ်ပေ။ ထို့ကြောင့် ခေါင်းပုံဖြတ်ယူခြင်းသည် တရားမျှ တခြင်းမရှိသော ခံစားရယူခြင်းဟု အယူရှိကြသည်။ ဤကိုစွဲ၍ မည်သူမဆို သူတစ်ပါးထံမှ မတရားအခွင့် အရေး ခွဲဝေယူခြင်း၊ သူတစ်ပါး၏ ခံစားခွင့်မှ အညွန့်ခူးယူခြင်း၊ ဖြတ်စားလျပ်စားပြုခြင်း စသည်ကို ခေါင်းပုံ ဖြတ်သည်ဟု ဆိုကြသည်။
             ကလေးများ လောက်စာလုံးများ အပုံပြု၍ စီတန်းကာ ဒိုးတစ်ခုဖြင့် ခေါင်းပုံကို ထိမှန်အောင်ပစ်၍ ခေါင်းပုံကို ဖြတ်မိလျှင် အပုံအားလုံး ရရှိစေသည့် ကစားနည်းရှိသည်။ စပါးလှေ့ရာတွင် အဖျင်း အမှော်များနှင့် စပါးသန့်သန့် အပုံတစ်ခုနှင့်တစ်ခု မရောယှက်အောင် ခွဲခြားခြင်းကိုလည်း ခေါင်းပုံဖြတ်သည်ဟု ဆိုကြသေး သည်။

ခတ်ကွင်းပြင်သည်
ကြိုတင်ပြင်ဆင်အားယူသည်
            လှေသမ္ဗာန်တို့တွင် မတ်တတ်ရပ်၍ ခတ်ရသော တက်ကြီးများ၌ တက်ကကို တပင်တပန်း ကိုင်မ,မနေရဘဲ ဝှေ့ရမ်းယက်ခတ်ရုံအတွက်သာ စိုက်ထုတ်ရလေအောင် လှေနံတွင် တိုင်ငယ်စိုက်၍ လှုပ်ရှား သာပြီး တပ်ရန် ဖြုတ်ရန် လွယ်ကူသည့် လျော်ကွင်းဖြင့် တက်ကို လျှိုသွင်းတပ်ဆင် ထားရလေသည်။ ထိုကွင်း ကို ခတ်ကွင်းဟု ခေါ်လေသည်။ တစ်ခါတစ်ရံတွင် ခတ်ကွင်းပြတ်လျှင် သော်လည်းကောင်း၊ အကျဉ်းအကျယ် အလိုက်မသင့်လျှင် သော်လည်းကောင်း၊ ခတ်ကွင်းကို ပြင်ဆင်လေရာ ထိုအခါတွင် လှေကို မလှော်နိုင်ဘဲ ရပ်ထားရသဖြင့် လှေသည် ရေစုန်၌ ပြန်၍ မျောပါနေတတ်လေသည်။ (အချို့ကား ခတ်ကွင်း အပိုဆောင် ထားကြသည်။) ထို့ကြောင့် ခတ်ကွင်းပြင်နေရသည်နှင့် လှေသည် ရွာသစ်ကြီးအရောက် ရေစုန်ပြန်၍ မျောပါနေပြီဟူသော အဓိပ္ပါယ်နှင့် "ခတ်ကွင်းပြင်သည်နှင့် ရွာသစ်ကြီးရောက်ပြီ" ဟု ဆိုတတ်ကြလေသည်။ ဤသည်ကိုစွဲ၍ တစ်စုံတစ်ရာ ဆောင်ရွက်မည့်အရေးတွင် မဆောင်ရွက်ရသေးဘဲ ဟန်ပြင်အားသွေး ဇီဇာချဲ့သည်နှင့် နှောင့်နှေးနောက်ကျန် နေရစ်ရပုံကိုလည်း ပမာပြု၍ ထိုအပြုအမူမျိုးကို "ခတ်ကွင်းပြင်သည်" ဟု ဆိုတတ်ကြသည်။

ချာတူးလန်သည်
ညံ့ဖျင်းလွန်းသည်
           နုံချာသည်၊ ချူချာသည်၊ မွဲချာသည်၊ သားသမီးချာသည် စသည်တို့၌ သုံးသော ခြာပုဒ်ကို ဘန်းစကား အနေဖြင့် ညံ့ဖျင်းခြင်း၊ သုန်ဖျင်းခြင်း အနက်ဖြင့် သုံးနှုန်းကြရာမှ အခေါ်တူး၊ မူးတူးတူးချ စသော လွန်ကဲမှု အနက်ရသည့် တူးပုဒ်ကို တွဲဖက်လျက် တူးရုံအပြင် လန်ထွက်သည့်သဘောဖြင့် နခမ်းလန်၊ အော့ကြောလန်၊ သဒ္ဒါလန် စသည်၌သုံးသော လန်ပုဒ်ကိုတွဲကာ ချာတူးလန်၊ ခြာတူးလန် စသည်ဖြင့် သုံးနှုန်းကြသည်။

ချောဆွဲသည်
ဝတ္တရားဆောင်ရွက်စေရန်အတွက် ယာဉ် သို့မဟုတ် လူကို အာဏာဖြင့် စေစားသည်
            စစ်တပ်စသည် အရေးတကြီး ဆောင်ရွက်ရသော ရဲအဖွဲ့တို့သည် ရုတ်တရက် အရေးပေါ်ယာဉ်၊ သို့မ ဟုတ် စေပါးရန် လူကို လိုအပ်ခဲ့သော် ကြိုတင်အစီအစဉ်မရှိဘဲ ရုတ်တရက် အာဏာဖြင့် ဆွဲငင်ခေါ်ယူ အသုံးပြုတတ်ကြသည်။ ထိုသို့ အသုံးပြုသော ကိစ္စမှာ ချောစာပို့ရေး ကိစ္စသာ များသဖြင့် ချောစာပို့ရန် ဆွဲသည်၊ ချောဆွဲသည်ဟု ဟူ၍ သုံးနှုန်းသည်။ ထိုသဘောဖြင့် တစ်ဦးတစ်ယောက်အား အတင်းအကြပ် တာဝန်ထမ်းဆောင်စေသည်ကိုလည်း တင်စား၍ သုံးကြသည်။

ခြေရာနင်းသည်
နည်းတူလိုက်သည်၊ ထပ်တူတုပသည်
           တောလမ်းခရီးတွင် သွားလာသောအခါဖြစ်စေ၊ အမဲလိုက်သောအခါဖြစ်စေ၊ လူခြေရာ၊ တိရစ္ဆာန် ခြေရာများကို ထပ်ပြီး နင်းလိုက်ခြင်းဖြင့် တစ်ခုတည်းသော သွားရာလမ်းကို ထပ်ကြပ်လိုက်နိုင်လေသည်။ ထိုသဘောကို တင်စားပြီး လူတစ်ဦးတစ်ယောက်၏ နည်းတူလိုက်၍ ပြုမူဆောင်ရွက်ခြင်းကို ခြေရာနင်း သည်ဟူ၍ပင် ဆိုသည်။ ထပ်ကြပ်လိုက်သည့်သဘောကို တင်စားသည်။

ခြေရာတိုင်းသည်
တုပသည်၊ အန်တုသည်
           ခြင်္သေ့သားငယ်သည် ဖခင်ခြင်္သေ့နှင့် ခွန်အားစွမ်းအင်ချင်း တူမတူကို ခြေရာချင်းတိုင်း၍ တိုင်း၍ကြည့်ကာ ခြေရာအရွယ်အစားချင်း တူမျှလာသောအခါ အင်းအားတူပြီဟူ၍ ဖခင်ကို အန်တုသည့် ပုံဝတ္ထုအား မှီး၍ ဖက်ပြိုင်ခြင်း၊ အန်တုခြင်းတို့ကို တင်စား၍ ခိုင်းနှိုင်းသည်။

ခြေသလုံးအိမ်တိုင်
အိုးအိမ် အခြေအနေ အတည်တကျမရှိသူ
              လူများသည် အိုးအိမ်နှင့် နေထိုင်ကြသည်။ အိုးအိမ်အတည်တကျ မရှိသူတို့မှာ ရောက်ရာနေရာ၌ တည်းခိုအိပ်နား၍ တစ်နေရာမှ တစ်နေရာသို့ သွားလာလည်ပတ် နေတတ်ကြသည်။ ထိုသူများအဖို့ ခရုသည် မိမိအိပ်ခွံကို သွားလေရာသို့ တစ်ပါတည်း သယ်ဆောင်သွားသည့်ပမာ၊ မိမိခန္ဓာကိုယ်ကိုပင် အိမ်အမှတ်ပြု၍ သယ်ပိုးသွားလာ နေထိုင်သူများဟူ၍ မှတ်ယူခြင်း ခံရသည်။ ထိုကဲ့သို့သော နေရာအတည်တကျ မရှိသူတို့အဖို့ သူတို့၏ ခန္ဓာကိုယ်သည်ပင် အိမ်သဖွယ် ဖြစ်ဘိသကဲ့သို့ သူတို့၏ ခြေသလုံးသည်လည်း အိမ်တိုင်ပမာ ဖြစ်ရလေတော့သည်။ ထို့ကြောင့် ခြေသလုံးအိမ်ပြု၍ နေသူများဟူ၍ အခြေအနေ အတည်တကျ မရှိသူများကို တင်စား၍ ခေါ်ဝေါ်ကြသည်။

ခြေတော်တင်သည်
မင်းနှင့် မင်းညီမင်းသားတို့ မယားပြုသည်။
အနိမ့်အကျသဘောဖြင့် ကျူးလွန်သည်
          ဘုရင်နှင့် မင်းညီမင်းသားတို့သည် နန်းတွင်းအပျိုတော်များအနက်ဖြစ်စေ၊ အသည်သမီးတို့ကိုဖြစ်စေ နှစ်သက်ကောက်ယူ၍ မယားပြုခြင်းကို ယဉ်ကျေးသောစကားဖြင့် ခြေတော်တင်သည်ဟု ဆိုသည်။ (မိဖုရား မြှောက်ခြင်းကဲ့သို့ အမွန်အမြတ် အရာမြှောက်ခြင်းကား မဟုတ်ချေ။) ထိုစကားကိုစွဲ၍ အနိမ့်အကျသ ဘောဖြင့် သင့်နေခြင်း၊ သို့မဟုတ် ကျူးလွန်စော်ကားခြင်းကို တင်စားဆိုသည်။

ခြေထိုးသည်
ကြားဝင် ကုန်းချောသည်
             မြန်မာရုပ်သေးပွဲ ကပြသောအခါတွင် ကြိုးဆွဲဆရာသည် လက်မှကြိုးများဖြင့် အရုပ်ကို လိုသလိုပြုပြင်၍ လှုပ်ရှားစေရုံသာမက၊ တစ်ခါတစ်ရံတွင် လက်တန်းအောက် ကန့်လန့်ကာ အတွင်းမှ အရုပ်ကို လိုရာရွှေ့ပြောင်း လှုပ်ရှားစေရန် ခြေဖြင့်ကူ၍ တွန်းဖယ်လှုပ်ရှား ပြုပြင်ကြရလေသည်။ ဤသို့ ခြေဖြင့် တွန်းထိုးလှုပ်ရှားသည်မှာ အတွင်းမှ ပြုလုပ်ခြင်းဖြစ်သဖြင့် ပွဲကြည့်ပရိသတ်တို့က သတိမပြုမိဘဲ ရှိတတ်ကြလေသည်။ ဤသည်ကိုစွဲ၍ အတိအလင်း မဟုတ်ဘဲ နောက်ကွယ်မှ စီမံခြယ်လှယ် ဖန်တီးပြုပြင် ပေးခြင်းမျိုးကို ခြေထိုးသည်ဟု ဆိုကြလေသည်။ ထိုမှတစ်ဆင့် လူတစ်ဦးတစ်ယောက် သွားလာရာတွင် ခြေဖြင့် ကန့်လန့်ထိုးသွင်းခြင်းဖြင့် မတော်တဆ ဖြစ်သကဲ့သို့ ယိမ်းယိုင်လဲကျစေသည့် ခြေထိုးပုံမျိုးကဲ့သို့ သူတစ်ပါး အကျိုးမဲ့ဖြစ်စေရန် ကွယ်ဝှက်စွာဖြင့် ကြားဝင်ဖျက်ဆီး နှောင့်ယှက်ခြင်းမျိုးကိုလည်း ခြေထိုးသည် ဟုပင် ဆိုကြပေသေးသည်။

ခြံခုန်သည်
တစ်ဖက်မှတစ်ဖက် ကူးပြောင်းဝင်သည်။
သစ္စာဖောက်သည်၊ စိတ်ပြောင်းလွှဲသည်။
            နွားရိုင်းများကို ခြံအတွင်း၌ သွင်း၍ထားသော် ခြံအပြင်သို့ ခုန်ထွက်လေ့ရှိသည်။ ခြံတစ်ခါခုန်၍ ရနိုင်ကြောင်းသိသောအခါ ခြံခုန်ဖူးသောနွားသည် နောင်အခါ ခြံခုန်ရန် ၀န်မလေးဘဲ ရဲရင့်စွာ ခုန်မြဲခုန် လေ့ရှိသည်။ ထိုသဘောကို တင်စား၍ တစ်သင်းတစ်ဖွဲ့မှ ပြိုင်ဖက်အခြားတစ်သင်း တစ်ဖွဲ့သို့ ကူးပြောင်း ၀င်ခြင်း၊ မိမိအိမ်ထောင်ဖက်မှတစ်ပါး ပြင်ပသူနှင့် သင့်နေ၊ ဆက်ဆံခြင်း၊ သစ္စာဖောက်၍ ဘက်ပြောင်းခြင်း စသည်တို့တွင် သုံးသည်။

ခွတုတ်သည်
နှစ်ဖက်စလုံးမှ အကျိုးအမြတ်ယူသည်။
နှစ်ဖက်စလုံးနှင့် ဆက်ဆံသည်
           စစ်တုရင်ကစားရာတွင် တစ်ဖက်မှ စစ်တုရင်ရုပ်များကို သတ်ရန် အကွက်ရွှေ့သောအခါ အလှည့်သင့်လျှင် နှစ်ဖက်၏ လမ်းရှိသောနေရာသို့ ရွှေ့ဝင်၍ ချောင်း(ခွေ) နိုင်လေသည်.။ ထိုအကွက်မျိုးကို ၀င်မိလျှင် တစ်ဖက်သူက တစ်ကြိမ်တွင် တစ်ရုပ်ကိုသာ လွတ်အောင် ကာကွယ်ခြင်း၊ ပြောင်းဖယ်ခြင်း၊ သို့မဟုတ် အပြန်သတ်နိုင်အောင် အကွက်ဆင်ခြင်း ပြုနိုင်၍ ကျန်တစ်ရုပ်အတွက် ထိုတစ်ကြိမ်တည်းတွင် မရွှေ့နိုင်သောကြောင့် မည်သည့်နညှ်းနှင့်မဆို နှစ်လမ်းအနက် တစ်လမ်းမှာ မလွန်ဘဲ အသတ်ခံရလေသည်။ ထိုသို့ နှစ်ဖက်နှစ်လမ်းခွ၍ ချောင်း(ခွေ)ခြင်း ခံရသည်ကို ခွတုတ်မိသည် ဟူ၍လည်းကောင်း၊ နှစ်ဖက်ချောင်း၍ သတ်သည်ကို ခွတုတ်သည်ဟူ၍လည်းကောင်း၊ ထိုစကားစွဲ၍ နှစ်ဖက်စလုံးမှ အကျိုးခံစားသည်ကို တင်စား၍ ဆိုသည်။ မူလစကား အဓိပ္ပါယ်မှာလည်း နှစ်ခွတုတ်သည်။ နှစ်ခွစားသည်။ ခွစားသည်ဟူသော အနက်ရှင်းပြီး ဖြစ်သည်။ ယခုအခါ ပြတ်သားခြင်းမရှိဘဲ နှစ်ဖက်လုံးကို ညာဝါးပေါင်းသင်း၍ ကိုယ်ကျိုးရှာသည်ဟူသော အဓိပ္ပါယ်မျိုး သုံးစွဲကြသည်။

ခွေးကျ ကျသည်
အကျနာသည်
            ခွေးများအား ကိုင်မြှောက်ပစ်ချလျှင် ခြေလေးဖက်ထောက် ကြောင်ကျနည်းမျိုးမကျဘဲ ကျောဖြင့်ကျ သဖြင့် အကျနာလေသည်။ ကြောင်များကား အကျမနာချေ။ နိမ့်ကျသွားရာ၌ အခုအခံ၊ အထောက်အကူ ဆယ်တင်ရာ လုံးဝမရှိဘဲ ဒလဟော အောက်သို့ ဒုတ်ဒုတ်ထိ ကျဆင်းသွားရခြင်းကို တင်စား၍ ခွေးကျ ကျသည်ဟု ဆိုသည်။ တစ်နည်း ခွေးကဲ့သို့ ယုတ်ညံ့သိမ်ဖျင်းလှစွာဖြင့် နစ်မွန်းယုတ်လျှော ကျဆင်းရသည် ဟူ၍လည်း တင်စားနိုင်သည်။

ချွတ်ခြုံကျသည်
အလွန်ဆင်းရဲသည်
               ဆင်းရဲလွန်းသောသူသည် ခြုံစရာ စောင်မရှိ၍ အ၀တ်တစ်ထည်ထည်ကို နေ့အခါဝတ်၍ ညအခါ ချွတ်ခြုံရသည်။ ဒါဝတ်အဖြစ် တစ်လှည့်၊ ခြုံလွှာအဖြစ်တစ်လှည့်ဖြင့် တစ်ထည်တည်းကိုသာ အသုံးပြုရသော ဘ၀သို့ ကျရောက်သည်ကို ချွတ်ခြုံကျသည်ဟု ဆိုသည်။ တကယ်ပင် ထိုမျှဆင်းရဲသော်လည်း ခေါင်းပါးခြင်း၊ ဆင်းရဲခြင်း၊ သာမန်ကို တင်စား၍ ချွတ်ခြုံကျသည်ဟု ဆိုကြသည်။

ခြောက်ပြစ်ကင်း
အပြစ်လုံးဝ ကင်းစင်သူ
မိန်းမတို့၏ ကောင်းခြင်းလက္ခဏာတွင် အပြစ်ခြောက်ပါး ကင်းရမည်ဟု ရှေးစာပေတို့တွင် ဆိုသည်။ ထိုခြောက်ပါးမှာ-
(၁) မ၀လွန်းခြင်း
(၂) မပိန်လွန်းခြင်း
(၃) မဖြူလွန်းခြင်း
(၄) မမဲလွန်းခြင်း
(၅) မရှည်လွန်းခြင်း
(၆) မပုလွန်းခြင်း

ဟူ၍ ဖြစ်သည်။ တစ်နည်းအားဖြင့် အခါမဲ့ လည်ပတ်တတ်သူတို့ သင့်ရောက်သော မပြစ်ခြောက်ပါးဟူ၍ လည်း  ရှိလေသေးသည်။ ထိုခြောက်ပါးမှာ-
(၁) မိမိကိုယ် မလုံခြုံခြင်း
(၂) သားမယား မလုံခြုံခြင်း
(၃) ပစ္စည်းဥစ္စာ မလုံခြုံခြင်း
(၄) သူတစ်ပါး မသင်္ကာခြင်းခံရခြင်း
(၅) စွပ်စဲခံရခြင်း
(၆) ဘေးသင့်တတ်ခြင်း

      ဟူ၍ ဖြစ်လေသည်။ ထိုသဘောကိုတင်စား၍ ရုပ်ဆင်းနှင့် မပတ်သက်ဘဲ အကျင့်စာရိတ္တနှင့် ပတ်သက် ရာ၌လည်း အပြစ်ခြောက်ပါး သင်္ချာကိုသာ တင်စား၍ အပြစ်ခြောက်ပါးကင်းသည်၊ ခြောက်ပြစ်ကင်းဟူ၍ သုံးနှုန်းကြသည်။ လှပသော မိန်းကလေးကိုလည်းကောင်း၊ အကျင့်မွန်မြတ်သူကိုလည်းကောင်း တင်စားသုံး နှုန်းသည်။

ချိုကြွ (ဂျိုကြွ)သည်
မာန်တက်ကြွသည်၊ လှုပ်ရှားဟန်ပြင်သည်၊ ထောင်လွှားသည်
         ဦးချိုရှိ တိရစ္ဆာန်များသည် အချင်းချင်း တိုက်ခိုက်ဝှေ့ခတ်လိုသောအခါ ချိုကိုဝင့်ကာ ဟန်ပြင်လေ့ ရှိကြသည်။ ထိုသို့ ဦးချိုသည် တက်ကြွလှုပ်ရှားနေသည်ကို တင်စား၍ တစ်စုံတစ်ရာ အားထုတ်အစွမ်းပြရန် စိတ်အားထက်သန်၍ ဟန်ပြမာန်ကြွနေသူကို ချိုကြွသည်ဟု ဆိုသည်။ မငြိမ်မသက် ထောင်လွှားနေ သူကိုလည်း ဆိုသည်။

- မြန်မာဗန်းစကား အဓိပ္ပါယ်သုံးနည်းလေးတွေပါ

             မြန်မာဗန်းစကား အဓိပ္ပါယ်သုံးနည်းလေးတွေပါ။  ကိုဉာဏ် (ပန်းလောင်မြေ)ဆီကနေတွေ့လို့ ထပ်ဆင့်ဝေငှလိုက်တာပါ တစ်ချို့ဗန်းစကားတွေဆိုရင် သုံးသာသုံးနေရတယ် အဓိပ္ပါယ်ကို ရေရလည်လည်မသိ တဲ့ စကားတွေအများကြီးရှိပါတယ်။ အဲဒါတွေကို ဆရာလှသမိန်က သေသေခြာခြာ စုစည်းပြီးတော့ ရှင်းလင်း ထားပေးပါတယ်။ အပင်ပန်းခံပြီး တင်ပေးတဲ့ ကိုဉာဏ်(ပန်းလောင်မြေ)ကိုတော့ အထူးပဲကျေးဇူးတင် ရှိပါတယ်။


myanmarwords.png
နှေးကွေးလေးလံစွာ ပြုမူခြင်း
           အပျိုစင် မိန်းကလေးများသည် ရဲတင်းဖျတ်လတ်ခြင်း နည်းပါး၍ မရဲတရဲ၊ မ၀ံ့တ၀ံ့နှင့် ရှက်စနိုးအမူ အရာဖြင့် နှေးကွေးဇာချဲ့၍ ပြုမူလှုပ်ရှားတတ်ကြသည်ဖြစ်ရာ တစ်စုံတစ်ရာကို နှေးကွေးလေးလံစွာ ကနွဲ့ကလျ လှုပ်ရှားဆောင်ရွက်နေသူအား အပျိုစင်ကလေးကဲ့သို့ ပြုလုပ်နေလေရော့သလားဟု အပြစ်တင်သောအားဖြင့် အပျိုစစ်ကျနေသည်၊ ကညာစစ်နေသည် စသည်ဖြင့် တင်စားပြောဆိုကြသည်။

ကလိန်စေ့ ငြမ်းဆင်သည်
မဖြစ်နိုင်သည်ကို လုပ်ကြံသည်
            ကလိန်ပင်မှ ကလိန်သီး၏ အစေ့သည် ပြောင်ချော၍ နေလေသည်။ ထိုကလိန်စေ့ကို တစ်စေ့ပေါ်တွင် တစ်စေ့ ချောမကျအောင် ဆင့်တင်ရန် ခက်ခဲလှပေသည်။ ထိုသို့ မဖြစ်နိုင်ဘဲလျက် အလွန်မြင့်သော လူတက် ရောက်စရာ ငြမ်းအဖြစ်ဆင်သည်ဟုဆိုသည်မှာ အလွန့်အလွန် မဖြစ်နိုင်သော အလုပ်တစ်ခုကို လုပ်နေ ကြောင်း လေးနက်အောင် ပမာပြုခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့် မဖြစ်နိုင်သည်ကို ပြုလုပ်သည်ဖြစ်စေ၊ ပြောသည်ဖြစ်စေ၊ တင်စား၍သုံးသည်။ သို့ရာတွင် "ကလိမ်" ဟူသော အသံနှင့် "ဆင်" ဟူသော အသံကိုစွဲ၍ "လိမ်လည်၍ ဉာဏ်ဆင်သည်" ဟူ၍လည်း အမှတ်ထားကာ သုံးကြသည်။ မဟုတ်နိုင်သည်ကို အဟုတ်လုပ်၍ ပြောခြင်းကို ချေဆိုခိုင်းနှိုင်းရာ၌မူကား မူလအဓိပ္ပါယ်အရလည်း ဆီဆိုင်ပေသည်။

ကာလနဂါး
အအိပ်ကြီးသောသူ
            မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်တော်ကို ရပြီးနောက် နေရဉ္စရာမြစ်တွင် ဃနာနို့ဆွမ်းကို ဘုဉ်းပေးပြီးသော် ရွှေခွက်ကို မျှောတော်မူရာ၊ ရှေးဘုရားရှင်တို့၏ ရွှေခွက်တို့မြုပ်ရာအရပ်သို့ရောက်လျှင် ရွှေခွက်နစ်၍ ရှေးရွှေခွက်တို့နှင့်ထိလျက် အသံမြည်လေသည်။ ထိုအသံကို အိပ်ပျော်နေသော ကာလနဂါးနိုး ၍ ကြားလေသော် "အော် - ဘုရားတစ်ဆူ ပွင့်ပြန်လေပြီ" ဟု ဆိုမြည်လေသည်။ ကာလနဂါးသည် ဘုရား တစ်ဆူပွင့်မှ တစ်ကြိမ်နိုးသည်ဆို၏။ ထိုနဂါးကိုစွဲ၍ အိပ်ရေးကြီးသူ၊ အအိပ်စုံမက်သူတို့အား တင်စား၍ ခေါ်သည်။

ကာတစ်
မိန်းမတင်ဆုံ
            ကာတစ်မှာ မန္တလေးမြို့ ဘီလမ်းရှိ ဘယဆေးဆိုင်တစ်ဆိုင် အမည်ဖြစ်သည်။ ထိုဆိုင်မှာ စစ်မဖြစ်မီ ကာလကပင် ရှိခဲ့၍ ပိုင်ရှင်၏အမည်ဖြင့် ကာတစ်ဆေးတိုက်ဟု ခေါ်ဝေါ်၍ ဆေးတိုက်အမှတ်တံဆိပ်မှာ ဆေးထောင်းသော ဆုံတွင် ကျည်ပွေ့စိုက်ထားသောပုံ ဖြစ်လေသည်။ ကာတစ်ဟူသော အမည်ကို ကြားသိ သူတိုင်း ဆုံတံဆိပ်ကိုလည်း တွဲလျက် သိရှိကြပြီး ဖြစ်လေသည်။ ထို့ကြောင့် ကာလသားများက မိန်းမပျို၏ တင်ပါးဆုံကို သွယ်ဝိုက်သော စကားဝှက်ဖြင့် တင်စား၍ "ဆုံ" အစား "ကာတစ်" ဟုပင် ခေါ်ဝေါ်ပြော ဆိုသုံးနှုန်းကြရာမှ ထိုစကားမှာ အရပ်ရပ်သို့ ပျံ့နှံ့တွင်ကျယ်၍ ဗန်းစကားတစ်ရပ် ဖြစ်တည်လာခဲ့သည်။

ကိုယ့်ရှူး ကိုယ်ပတ်သည်
ကိုယ့်ပယောဂကြောင့် ကိုယ့်ကိုပြန်၍ ထိခိုက်သည်
             ကလေးများ ကစားရာတွင် မြွေကြီးလင်းမြွေ ဟူသောနည်းတစ်မျိုးမှာ ကလေးများသည် ခေါင်သူကြီးပြုလုပ်သူ၏ နောက်တွင် တစ်ယောက်ခါးကို တစ်ယောက်တွဲလျက် ရှေ့စဉ်နောက်ဆက် စီတန်းရပ်နေပြီး အတိုင်အဖောက် ခေါ်ထူးပြီးသောအခါ ခေါင်းသဏ္ဌာန် ခေါင်သူကြီးလုပ်သူက ငယ်သားထဲမှ နောက်ဆုံးဖြစ်သော အမြီးသဏ္ဌာန်သူငယ်ကို လက်အုပ်ဖြင့် ဘယ်ညာလှည့်ပတ် ချောင်းမြောင်းကာ မိအောင်ကစားလေသည်။ ဤအခါတွင် မြွေကဲ့သို့ "ရှူး" ဟု အသံပေး၍ ခေါင်သူကြီးက လိုက်လေ့ရှိရာ နောက်မှအတွဲသည် နောက်ဆုံးလူကို မထိမိအောင် ကွေ့ပတ်၍ ဘေးတိုက်ယိမ်းလွှဲ ပြေးလွှားရသဖြင့် ခေါင်သူကြီးကိုပင် တစ်ပတ် ပတ်မိနေတတ်လေသည်။ ဤသဘောကိုယူ၍ မိမိကိုယ်တိုင် အချက်ပေးသော ရှူးကြောင့် မိမိကိုယ်ပင် အပတ်ခံရသည်ဟု ကိုယ့်ပယောဂကြောင့် ကိုယ့်ကိုယ်ကိုယ်ပြန်၍ ထိပါးခံရသည့်အခါတွင် တင်စား၍သုံးသည်။

ကစ်သည်
ခိုးဝှက်ထားသည်
            ထိုစကားမှာ မွန်စကား (ကေတ်) ဖြစ်၍ အသံထွက်မှာ "ကစ်" ပင် ဖြစ်သည်။ အဓိပ္ပါယ်မှာ ယူသည်ဟူ၍ ဖြစ်၏။ မော်လမြိုင်စသော မွန်နှင့်နီးစပ်ရာ ဒေသများ၌ ယူသည်၊ ခိုးယူထားသည်၊ နုတ်ယူထားသည် စသောအဓိပ္ပါယ်ဖြင့် စကားဝှက်ပြုကာ သုံးနှုန်းကြရာမှ အသုံးများ၍ ဗန်းစကား ဖြစ်လာသည်။

ကြာခိုသည်
သူတစ်ပါး သားမယားကို ပြစ်မှားလွန်ကျူးသည်
             မိဖုရား အဆောင်တော်များတွင် ကြာပွင့်ပုံများ ထုလုပ်ထားသော ညောင်စောင်းတို့ရှိပေရာ၊ ထိုအဆောင်ကို ကြာညောင်သဉ္ဇာ၊ ကြာညောင်ရိပ် - ကြာခြည်ရံ စသည်ဖြင့် တင်စားခေါ်ဝေါ်လေသည်။ ခြင်ထောင်ကိုလည်း (ခြင်းရံ) ကြာခြည် စသည်ဖြင့် ခေါ်ဆိုလေသည်။ ထိုစကားကိုစွဲ၍ သူတစ်ပါး၏ သားမယား အိပ်ယာခန်းခွင်သို့ ကျူးဝင်စော်ကားခြင်းကို စကားယဉ်ကျေးစွာဖြင့် ကြာရိပ်ခိုသည်။ ကြာခြည် အောင်းသည် စသည်ဖြင့် တင်စားသုံးစွဲရာမှ ကြာခိုသည်ဟု ပြောဆိုသုံးနှုန်းလာခဲ့လေသည်။ သူတစ်ပါး၏ သားမယားကို ပြစ်မှားကျူးလွန်ခြင်းကို ခေါ်ဆိုသုံးစွဲသည်။ ယောက်ျားအတွက်သာမက မိမိလင်မှတစ်ပါး အခြားသူနှင့် ဖောက်ပြန်သော မိန်းမအတွက်လည်း ထိုစကားကိုပင် အချို့သုံးစွဲကြသေးသည်။

ကြိုးကိုင်သည်
သြဇာပေး၍ စေစားထိန်းကိုင်သည်
          ရုပ်သေးကပြသည့်အခါတွင် ရုပ်သေးရုပ်များကို လိုသလို လှုပ်ရှားစေရန် အရုပ်ကြိုးကိုကိုင်၍ စေစားလှုပ်ရှား ပေးရသည်ဖြစ်ရာ၊ ထိုကဲ့သို့ တစ်စုံတစ်ဦး၏ အပြုအမူ အပြောအဆို စသည်ကို ထိန်းကိုင်စေ စား၍ လိုရာပြုပြင် ပေးနေသောအခါ ကြိုးကိုင်သည်ဟုပင် တင်စား၍ သုံးနှုန်းကြသည်။

ကြိုးဆွဲသည်
သူတစ်ပါးကို ခြယ်လှယ်သည်
           ဤစကားမှာ ရုပ်သေးပွဲတွင် ရုပ်သေးရုပ်ကလေးများကို လှုပ်ရှားစေရန် အရုပ်ကြိုးကို ကိုင်၍ လိုသလို ဆွဲပေးရသည်ဖြစ်ရာ ၎င်းကို ပမာပြု၍ တစ်စုံတစ်ဦးအား မိမိအလိုကျ ပြုမူစေရန် ခြယ်လှယ်စီမံခြင်းမျိုး၊ သြဇာ အာဏာ လွှမ်းမိုးခြင်းမျိုးတို့ကို ကြိုးဆွဲသည်ဟု ဆိုကြသည်။

ကျွဲမြီးတိုသည်
စိတ်ဆိုးသည်
              စိတ်ဆိုးသည်ကို မကြိုက်သော ယောက္ခမသည် သားမက်ကို စိတ်စမ်းလို၍ သားမက် လယ်ထွန် ရာသို့ ထမင်းပို့မြဲမပို့လျှင် သားမက်က စိတ်ဆိုးကာ ကျွဲမြီးကိုဖြတ်၍ မီးကင်စားလေရာ ယောက္ခမက စိတ်ဆိုး-မဆိုး မေးသည်တွင် စိတ်မဆိုးပါ၊ ကျွဲမြီးသာတိုပါသည်ဟု ပြန်၍ပြောသည့် ဒဏ္ဍာရီကိုစွဲ၍ စိတ်ဆိုးခြင်းကို အခြားစကားဖြင့် ပြောဆိုသုံးနှုန်းလိုရာ၌ ကျွဲမြီးတိုသည်ဟု ဆိုကြသည်။

ကျပ်ချွတ်
အသစ်စက်စက်
             မီးပူ၊ မီးကြွေ မပေါ်ပေါက်သေးသော ရှေးအခါက ခေါင်းပေါင်းပုဝါ၊ ပုဆိုးစသည်တို့ကို ချပ်ရပ်စေရန် လိပ်တုံးတွင်ပတ်၍ နှိပ်ထားရလေသည်။ ထိုသို့ ပြုလုပ်ထားသည်ကို ကျပ်သွင်းသည်ဟုဆို၍၊ ထိုကျပ်မှ ချွတ်ခါစတွင် အ၀တ်အထည်သည် မ၀တ်ဆင်ရသေး၍ စန့်ပြန့် ချပ်ရပ်လျက် ရှိသည်ကို အကြောင်းပြု၍ အလွန်သစ်လွင်သည်ကို တင်စားသောအားဖြင့် ကျပ်ချွတ်ဟု သုံးနှုန်းသည်။ (အချို့က ကျပ်ခိုးချွတ်ကာစဟု ထင်မှားတတ်ကြသည်။)

             တစ်စုံတစ်ရာ ထိပါးမှုဖြစ်လျှင် ကြက်က ဦးခေါင်းကို ဆိတ်ရုံမျှလောက် နာကျင်ထိခိုက်မှုမျိုးပင် ဖြစ်စေကာမူ၊ မခံမရပ်လိုသော အကဲဆတ်သူအား ကြက်ခေါင်းဆိတ်မခံဟု ဆိုကြသည်။ ထိုသို့မဟုတ်ဘဲ အနွံအတာခံသူ၊ သည်းခံတတ်သူတို့အား ကြက်ခေါင်းဆိတ်ခံသည်ဟု ဆိုကြသည်။

More Articals

 
မဟာပါသာဏ ကျောက်လုံးကြီးဓမ္မရိပ်သာ(မြ၀တီ). Design by Wpthemedesigner. Converted To Blogger Template By Anshul Tested by Blogger Templates.