စစ်မြေပြင်သို့ ရောက်သော ဆင်ပြောင်ကြီးကို...
မြားလှံကန်တို့ဖြင့် ထိုးဆွသကဲ့သို့ ...
ကိုယ်နှုတ်နှလုံး...မစောင့်စည်းသော လူတို့သည်...
သူတစ်ပါးတို့ကို ...နှုတ်လှံကန်ဖြင့် ထိုးဆွကုန်၏...
ရဟန်းသည် ...
သူတစ်ပါးတို့ ပြောဆိုအပ်သော...ကြမ်းတမ်းသော စကားကို ...
ကြားရသောကြောင့်...ဒေါသစိတ် မရှိဘဲ သည်းခံရာ၏...။

- အဖြစ်များသော ကျန်းမာရေးပြဿနာများနှင့် ဖြေရှင်းနည်းများ

သမ်းခြင်း
သင့်ခန္ဓာကိုယ်ဟာ အောက်ဆီဂျင် နည်းလာတဲ့အခါ သင့်ပါးစပ်ကို ကျယ်ကျယ်ဖွင့်စေပြီး လေတွေကို ပိုများများစုပ်ယူဖို့ ကြိုးစားပါတယ်။
ဒါကိုသမ်းတယ်လို့ သိထားကြပါတယ်။ သမ်းတာဟာ သင့်ရဲ့ သွေးထဲမှာရှိတဲ့
ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ အောက်ဆီဂျင်တွေရဲ့ ပမာဏကို ထိန်းညှိပေးတဲ့
နည်းလမ်းတစ်ခုပါ။ ကံမကောင်းစွာပဲ လူကြားထဲမှာ သမ်းချင်တဲ့အခါ
ထိန်းချုပ်အောင့်အည်းလို့ မရပါဘူး။



ယားယံခြင်း
အရေပြားဟာ ပတ်ဝန်းကျင်နဲ့ ဆက်စပ်ပြီးဖြစ်တဲ့ ခြောက်သွေ့မှုကြောင့် မကြာခဏယားယံနိုင်ပါတယ်။ ဆပ်ပြာနဲ့ ရေသုံးပြီး အလွန်အကျွံ
ဆေးကြောခြင်းကလည်း အရေပြားက သဘာဝအဆီတွေကို ဖယ်ရှားပစ်တဲ့အတွက်
အစိုဓာတ်ခန်းခြောက်လာကာ ယားယံစေပါတယ်။ အရေပြားခြောက်သွေ့မှုကြောင့်
ယားယံခြင်းကို ထိန်းချုပ်ဖို့အတွက် မျက်နှာနဲ့ ခန္ဓာကိုယ်မှာ
လိုးရှင်းလိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် ဆပ်ပြာတွေနဲ့ ကိုယ်တိုက်
ဆပ်ပြာရည်ဝယ်တဲ့အခါ အစိုဓာတ် ထိန်းပေးတယ် (Moisturizing) စာတန်းပါတာကို
ရွေးဝယ်ပါ။ ဒါပေမယ့် သင့်မှာ ယားယံနေတဲ့အကွက်တွေ ရှိနေသေးရင်တော့
ဓာတုပစ္စည်း၊ အပင်၊ အစားအစာ၊ တိရစ္ဆာန် ဒါမှမဟုတ် ဆေးဝါးတွေကို
ဓာတ်မတည့်တုံ့ပြန်မှုကြောင့် ဖြစ်နိုင်ပါတယ်။ ယားယံတာက မပျောက်နိုင်ရင်တော့
ဆရာဝန်နဲ့ ပြပါ။
မျက်စိဆန့်ငင်ဆန့်ငင်လှုပ်ခြင်း
မျက်စိကို ထိန်းချုပ်လို့မရဘဲ ဆန့်ငင်ဆန့်ငင် လှုပ်နေတာ အာရုံကြောဆိုင်ရာ ပြဿနာတစ်ခုခုရဲ့ လက္ခဏဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါတရံ မထူးဆန်းတဲ့
အကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မျက်စိဆန့်ငင်ဆန့်ငင်
လှုပ်ခြင်းရဲ့ အဖြစ်များတဲ့ အကြောင်းတွေထဲမှာ စိတ်ဖိစီးမှု၊
အိပ်ရေးပျက်ခြင်း၊ အကြာကြီး ငေးစိုက်ကြည့်ခြင်း ဒါမှမဟုတ်
မျက်စိညောင်းညာခြင်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် အရင်ဆုံး
စိတ်ဖိစီးမှုလျှော့တာ၊ ကဖင်းလျှော့သောက်တာနဲ့ အိပ်ရေးဝအောင် အိပ်တာတွေ
အရင်လုပ်ကြည့်ပါ။ မပျောက်ရင်တော့ ဆရာဝန်နဲ့ ပြပါ။
ကြို့ထိုးခြင်း
သင်ဟာ မကြာခဏကြို့ထိုးတတ်ရင် အစာစားတဲ့အခါနဲ့ အရည်သောက်တဲ့အခါ ဖြည်းဖြည်းချင်းသာ စားသောက်ပါ။ အလွန်မြန်မြန်စားသောက်ခြင်းဟာ အစာအိမ်ကို ဖောင်းကားစေပြီး
ရင်ဝမ်းခြားကြွက်သားကို လှုံ့ဆော်တဲ့အတွက် အဲဒီကြွက်သားကျုံပြီး
ကြို့ထိုးတတ်ပါတယ်။ ဒါ့အပြင် ကြို့ထိုးတာဟာ စိတ်ပိုင်းဆိုင်ရာအခြေအနေ၊
ဒါမှမဟုတ် အပူချိန် ရုတ်တရက် ပြောင်းလဲမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒီလိုအခါတွေမှာ သင်ရဲ့ အာရုံကြောတွေမှာ ရှုပ်ထွေးမှားယွင်းမှု ဖြစ်တဲ့အတွက်
ကြို့ထိုးလာတာဖြစ်ပြီး ရုတ်တရက်လန့်သွားတဲ့အခါ အာရုံကြောတွေကို
နာနာလှုပ်ပြီး ပြန်ချိန်ပေးသလိုဖြစ်တဲ့အတွက် ကြို့ထိုး ပျောက်သွားတတ်ပါတယ်။
ကြက်သီးမွေးညင်းထခြင်း
သင်ဟာ အေးတဲ့အခါ ဒါမှမဟုတ် ကြောက်လန့်တဲ့အခါ ကြက်သီးမွေးညင်း ထတာဟာ ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ အရေပြားနဲ့
မွေးညင်းအိတ်ကို ဆက်ထားတဲ့ ကြွက်သားသေးလေးတွေ ကျုံပြီး အရေပြားပေါ်က
အမွေးအဆုံးကို ထောင်စေတဲ့အခါ ကြက်သီးမွေးညင်း ထလာတာပါ။
ကမ္ဘာဦးလူသားတွေကတော့ အခုခေတ်လူတွေထက် အမွေးတွေ ထောင်သွားတဲ့အခါ
လေကိုဖမ်းယူပြီး ခန္ဓာကိုယ်ကို နွေးထွေးစေပါတယ်။ ဒါမှမဟုတ်ရင်လည်း
သားရဲတိရစ္ဆာန်တွေ ရန်မူတဲ့အခါ အမွေးတွေထောင်သွားခြင်းကြောင့်
တိရစ္ဆာန်တွေကို ကြောက်လန့်အောင်ခြိမ်းခြောက်နိုင်ပါတယ်။

နှာချေခြင်း
သင့်ခန္ဓာကိုယ်ဟာ အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေကို နှာခေါင်းတွင်းမှ ဖယ်ရှားဖို့ကြိုးစားတဲ့အခါ နှာခေါင်းတွင်းမှ ဖယ်ရှားဖို့ကြိုးစားတဲ့အခါ နှာချေတာဖြစ်ပါတယ်။ သင့်မှာ ဓာတ်မတည့်မှု ပြဿနာရှိရင် ပန်းဝတ်မှုန်တွေနဲ့
တိရစ္ဆာန် အညစ်အကြေးတွေကြောင့် ဖြစ်နိုင်ပါတယ်။ သင်ဟာ
အအေးမိရောဂါဖြစ်နေရင်တော့ သင့်ခန္ဓာကိုယ်ဟာ ဗိုင်းရပ်စ်ပိုးတွေကို
ဖမ်းယူဖို့ ချွဲသလိပ်တွေကို ပိုထုတ်ပေးပြီး နှာချေခြင်းနည်းနဲ့
ခန္ဓာကိုယ်အပြင်ကို ထုတ်ပစ်ပါတယ်။ အအေးမိပျောက်ဆေးနဲ့
ဓာတ်မတည့်ပျောက်ဆေးတွေက နှာချေတာကိုဖြစ်စေတဲ့ ချွဲသလိပ်ထုတ်လုပ်မှုကို
လျော့နည်းစေတာ ဒါမှမဟုတ် ဓာတ်မတည့်ဖြစ်စေတဲ့ ပစ္စည်းကို သင့်ခန္ဓာကိုယ်က
တုံ့ပြန်မှုကို ဖိနှိပ်တာပါ။

ချောင်းဆိုးခြင်း
ချောင်းဆိုးခြင်းဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့အရာတွေကို ထုတ်ပစ်တဲ့ နောက်ထပ်စနစ်တစ်ခုပါ။ သင်ရဲ့ အသက်ရှူလမ်းကြောင်းတစ်လျှောက်မှာ အထူးဆဲလ်တွေ ရှိပါတယ်။ ဒီဆဲလ်တွေက အနှောင့်အယှက်ပေးမယ့် အရာတွေကို သိရှိပြီး
အားနဲ့ဖယ်ထုတ်ပစ်တာပါ။ အအေးမိခြင်း၊ နှာခေါင်းတွင်း လိုဏ်ခေါင်းမှာ
ပိုးဝင်ခြင်းနဲ့ နမိုးနီးယားရောဂါတွေဟာ သင့်ခန္ဓာကိုယ်ရဲ့
ချွဲသလိပ်ထုတ်လုပ်မှုကို ပိုများစေပြီး ချောင်းဆိုးစေပါတယ်။
ဆေးလိပ်သောက်ခြင်းနဲ့ ပန်းနာရင်ကျပ် ရောဂါတွေကလည်း ဆဲလ်တွေကို
အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ နာတာရှည် ချောင်းဆိုးနေတဲ့ ပြဿနာကို
လျော့နည်းစေဖို့အတွက်တော့ လေ့ကျင့်ခန်းမှန်မှန်လုပ်ပြီး
ကောင်းမွန်တဲ့ကိုယ်ဟန်အနေအထားဟာ အသက်ရှူလမ်းကြောင်းကို ပွင့်နေအောင်
ထိန်းသိမ်းပေးပါတယ်။

ကြွက်တက်ခြင်း
ရုတ်တရက်ကြွက်သားနာကျင်ပြီး ကြွက်တက်တာဟာ ရေဓာတ်ခန်းခြောက်တာ ဒါမှမဟုတ် ပြင်းထန်တဲ့ အားကစားလုပ်ပြီး ခန္ဓာကိုယ်ထဲမှာ ဓာတ်ဆားတွေ မညီမျှတာအပါအဝင်
အကြောင်းအချက် များစွာကြောင့် ဖြစ်နိုင်ပါတယ်။ ကြာရှည်ပြေးပြီး ဒါမှမဟုတ်
လေ့ကျင့်ခန်းလုပ်ပြီး နောက်မှာ အားကစားသမားတွေ သောက်ရတဲ့အချိုရည် (Sports
Drink) သောက်တာဟာ သင့်ခန္ဓာကိုယ် စနစ်တွေကို ချောမွေ့လွယ်ကူစေပါတယ်။
နာကျင်မှု သက်သာဖို့ အတွက်တော့ လမ်းလျှောက်ပေးပါ။
ချမ်းတုန်ခြင်း
ချမ်းတုန်ခြင်းဟာ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ခါနေခြင်းပါ။ သင့်ခန္ဓာကိုယ်အပူချိန် အလွန်အမင်း ကျဆင်းသွားတဲ့အခါ ခန္ဓာကိုယ်ဟာ တုန်လာပြီး အပူကို ဖြစ်စေတာပါ။
ဒီလိုချမ်းတုန်တာကို ကုသဖို့ တစ်ခုတည်းသော နည်းလမ်းကတော့
သင့်ခန္ဓာကိုယ်အပူချိန်ကို ၉၈ ဒဿမ ၆ ဒီဂရီဖာရင်ဟိုက်
ပြန်ရောက်အောင်လုပ်ဖို့ပါ။
နားအူခြင်း
အလယ်နားမှာ အရည်ရှိနေခြင်း ဒါမှမဟုတ် ပိုးဝင်ခြင်းကြောင့် နားအူနိုင်ပါတယ်။ ဒါပေမယ့် ပိုပြီးအဖြစ်များတဲ့ အကြောင်းကတော့ သင်ရဲ့ အကြားအာရုံကြော အဆုံးကို
ထိခိုက်မှုကြောင့်ဖြစ်ပြီး အများအားဖြင့် အလွန်ကျယ်လောင်တဲ့ ဆူညံသံကြောင့်
ဖြစ်ပါတယ်။ အမြဲတမ်း နားလေး သွားတာမျိုးမဖြစ်အောင် စင်မြင့်ဂီတ
ဖျော်ဖြေပွဲတွေနဲ့ ဘောလုံးပွဲတွေကို သွားတဲ့အခါ နားဆို့တပ်ထားပါ။
အစာအိမ်ထဲမှာ အသံမြည်ခြင်း
အစာ၊ ရေနဲ့ ဓာတ်ငွေ့တွေဟာ သင်ရဲ့ အစာခြေလမ်းကြောင်းတစ်လျှောက် ဖြတ်သွားတဲ့အခါ အစာအိမ်ကြွက်သားတွေနဲ့ အူကြွက်သားတွေက ကျုံ့ပြီး အသံထွက် စေနိုင်ပါတယ်။
လူတိုင်းရဲ့ အစာအိမ်က အစာခြေနေစဉ်မှာ အသံထွက်ပါတယ်။ ဒါပေမဲ့
အလွန်ကျယ်လောင်တဲ့ အသံထွက်နေရင်တော့ သံလွင်ဆီလက်ဖက်စားဇွန်းတစ်ဇွန်း
ဒါမှမဟုတ် Herbal Tea တစ်ခွက်ကို သောက်ပေးရင် သက်သာနိုင်ပါတယ်။
ခြေ၊ လက်ကျဉ်ခြင်း
ခြေ၊ လက်အစိတ်အပိုင်းတစ်ခုခုပေါ်မှာ ကြာရှည်ဖိထားတဲ့အခါ ကျဉ်တတ်ပါတယ်။ သင်ဟာ ခြေထောက်ကို ဖိပြီး အကြာကြီးထိုင်တဲ့အခါ ဒါမှမဟုတ် လက်ကိုဖိပြီး
အကြာကြီးအိပ်မိတဲ့အခါ အဲဒီနေရာမှာကျရောက်တဲ့ ဖိအားက သင်ရဲ့
အာရုံကြောတွေကို ညှစ်ထားပြီး ဦးနှောက်ကို ပေါက်တတ်ကရ
သတင်းတွေပို့ပေးပါတယ်။ ဦးနှောက်က ဘာလုပ်ရမယ်ဆိုတာ
ပြောဖို့ခက်ခဲသွားတဲ့အတွက် ဒီရောထွေးနေတဲ့အတင်းတွေက အဲဒီနေရာမှာ ခံစားမှု
ပျောက်သွားစေပါတယ်။ ခြေလက်ကျဉ်တာကို ကာကွယ်ဖို့ အတွက်တော့ အာရုံကြောတွေကို
ဖိမိတဲ့အနေအထားမှာထိုင်တာ ဒါမှမဟုတ် အိပ်တာကို ရှောင်ကြဉ်ဖို့ပါ။
ကြယ်မြင်ခြင်း
သင်ဟာအိပ်နေရာကနေ အလွန်မြန်မြန်မတ်တတ်ရပ်လိုက်တဲ့အခါ သင့်ခေါင်းကို အထိုးခံလိုက်ရသလို ဒါမှမဟုတ် ခေါင်းတစ်ခြမ်းကိုက်ရောဂါက ဒုက္ခပေးသလိုမျိုး ခံစားရပြီး မျက်စိထဲမှာ ကြယ်တွေမြင်သွားရနိုင်ပါတယ်။ ဒါဟာ သင့်ခန္ဓာကိုယ် အစိတ်အပိုင်း
အသီးသီးဆီကို သွေးတွေ အရှိန်အဟုန်နဲ့ တိုးထွက်သွားတာကြောင့်ပါ။
ယေဘုယျအားဖြင့် ဒီလိုမျက်စိထဲအလင်းပွင့်တွေမြင်ရတာဟာ စက္ကန့်အနည်းငယ်သာ
ကြာပါတယ်။ သင်ဟာ အချိန်ခဏထက်ပိုပြီး ကြယ်တွေမြင်နေရရင်တော့ သင်ရဲ့
မျက်စိအာရုံခံလွှာမှာ စုတ်ပြဲနေတာ ဒါမှမဟုတ် သွေးခဲလေးသေးလေး ရှိနေတာ
ဖြစ်နိုင်တဲ့အတွက် ဆရာဝန်ဆီ ချက်ချင်းသွားပါ။

- စားသောက်ဖို့ လိုအပ်တဲ့ အရောင် ၅ ရောင်




ဘယ်လိုအရောင်ရှိတဲ့ အစားအစာတွေကို ဘယ်လောက် စားသောက်ဖို့ လိုအပ်တယ်ဆိုတာ သင်သိပါသလား။
ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေ ယိုယွင်းပျက်စီးမှု ကို ကာကွယ်ပေးတဲ့ ဖီတိုနျူးထရီးရန့် (Phytonutrients) (သို့) အန်တီအောက်ဆီဒင့်ထ်စ် (Antioxidants) တွေဟာ အရောင် အသွေးစုံလင်တဲ့
သီးနှံတွေနဲ့ အစားအသောက်တွေမှာ ပါဝင်ပါတယ်။ Amy Hendel ဆိုတဲ့ ကျန်းမာရေး
အကြံပေးကတော့ … “တကယ်လို့ ချက်ပြုတ်ဖို့ ဈေးဝယ်ထွက်မယ်ဆိုရင်
ချက်ပြုတ်မယ့်စာရင်းထဲမှာ အရောင်သုံးရောင် ၀ယ်ဖို့ကြိုးစားပါ။” လို့
တိုက်တွန်းပါတယ်။

ဒီဆောင်းပါးမှာတော့ သင့်ကျန်းမာရေးအတွက် လိုအပ်တဲ့ အရောင်တွေကို ခွဲခြားဖော်ပြမှာဖြစ်ပါတယ်။

အစိမ်းရောင်လွှမ်းသော အစားအစာများ (Shades of Green)

ကျန်းမာရေးအတွက် အထောက်အကူပြုမှုများ
ကျန်းမာသန်စွမ်းတဲ့ ဆဲလ်တွေကို ထိန်းသိမ်းပေးနိုင်ပါတယ်။ သွေးကြောတွေ၊ နှလုံးနဲ့ အသည်းကို အထောက်အကူပြုပါတယ်။

ဘာတွေစားရမလဲ
ကိုက်လန်၊ ဟင်းနုနွယ်၊ ငရုတ်ကောင်း အစိမ်း၊ ဆလတ်ရွက်၊ပန်းဂေါ်ဖီအစိမ်း၊ပဲစိမ်း၊ ပဲပိစပ်၊ လက်ဘက်စိမ်း။

အပြာရောင်နှင့် မဲနယ်ရောင် အစားအစာများ

ကျန်းမာရေးအတွက် အထောက်အကူပြုမှုများ
ဦးနှောက်နဲ့ နှလုံးကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။ သွေးကြောတွေကို ထောက်ပံ့ပေးပါတယ်။

ဘာတွေစားရမလဲ
စပျစ်သီး၊ ဘလူးဘယ်ရီ၊ဘွိုင်ဆန် ဘယ်ရီ(boysenberries)၊ ခရမ်းရောင် ဂေါဖီထုပ်၊ black currants၊ ခရမ်းသီး၊ ကန်စွန်းဥနီ၊ ပဲနက်၊ ဆီးသီး၊ ဘလက်ဘယ်ရီ။

အနီရောင်နဲ့ပန်းရောင်

ကျန်းမာရေးအတွက် အထောက်အကူပြုမှုများ

အမျိုးသားများအတွက် ပရောစတိတ် ဂလင်းကို အထောက်အကူပြုသလို၊ DNA မော်လီကျူးတွေကို ပံပိုးပေးပါတယ်။

ဘာတွေစားရမလဲ

ဆော့စ်လုပ်တဲ့ အနီရောင် ဘယ်ရီသီးအချဉ်(Cranberries)၊ ဖရဲသီး ၊ ဂရိတ်ဖရု၊ မာလကာသီးအနီ၊ မုန်လာဥနီ၊ စတော်ဘယ်ရီ၊ ချယ်ရီသီး၊ ခရမ်းချဉ်သီး၊ ပန်းသီး အနီ။

အ၀ါရောင်နှင့် လိမ္မော်ရောင်

ကျန်းမာရေးအတွက် အထောက်အကူပြုမှုများ

မျက်လုံးကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။
ကိုယ်ခန္ဓာရဲ့ ခုခံအားစနစ်ကို ပံ့ပိုးပေးပါတယ်။ အရည်ပြားတွေမှာရေဓာတ်ထိန်းသိမ်းမှုကို အားပေးပါတယ်။ ခန္ဓာကြီးထွားမှုကို မြှင့်တင်ပေးပါတယ်။

ဘာတွေစားရမလဲ


နာနတ်သီး၊ ရှောက်သီး၊ လိမ္မော်သီး၊ မုန်လာဥ၀ါ၊ ကန်စွန်းဥ၊ သင်္ဘောသီး၊ ပြောင်းဖူး၊ တရုတ်ဆီးသီး၊ ပျားလိမ္မော်၊သခွားမွှေး။

အဖြူရောင်နှင့် ၀ါညိုနုရောင်

ကျန်းမာရေးအတွက် အထောက်အကူပြုမှုများ
အရိုးကျန်းမာရေးအတွက် အထောက်အကူ ပြုပါတယ်။ သွေးသွားသွေးလာ မှန်ကန်စေပြီး၊ သွေးကြောတွေကို ထောက်ပံ့ပေးပါတယ်။

ဘာတွေစားရမလဲ

ကြက်သွန်ဥနီ၊ မှို၊ ပဲကြီး၊ ကြက်သွန်ဖြူ၊ ပန်းဂေါ်ဖီ၊ သစ်တော်သီး၊ သင်္ဘောဒန့်သလွန်(horseradish)။

ကျန်းမာရေးကို အထောက်အကူပြုတဲ့ အရောင်(၅) ရောင်ကို ပုံမှန်စားသုံးပြီး ကိုယ်ရော စိတ်ပါ ကျန်းမာနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။


Ref: Myme News မှ ကူးယူမျှဝေပါတယ်...

- တစ်နေ့တွင် ၁၀ နာရီနှင့် အထက် အလုပ်လုပ်သူများ




တစ်နေ့တွင် အလုပ်ချိန် ၁၀ နာရီနှင့် အထက် အလုပ်လုပ်သူများသည် နှလုံးကို ထိခိုက်စေပြီး ပုံမှန် ၇ နာရီ အလုပ်လုပ်သူများထက် ရုတ်တရက် နှလုံးခုန်ရပ်ခြင်း အပါအဝင် ပြင်းထန်သော နှလုံးရောဂါဆိုင်ရာ ပြဿနာများ ပိုမိုခံစားရမည်ဟု သုတေသီများက ပြောဆိုခဲ့ကြသည်။

ဗြိတိသျှ အရပ်ဘက် ဝန်ထမ်း ၆၀၀၀ ကို ၁၁ နှစ်အကြာ သုတေသန ပြုမှုကြောင့် အချိန်ကြာမြင်စွာ အလုပ်လုပ်ခြင်းသည် နှလုံးသွေးကြောပိတ် ရောဂါနှင့်ဆိုင်သော ပြဿနာများကို ဖြစ်ပွားစေသည် ဟူသော အဖြေကို ခိုင်ခိုင်မာမာ ပြဆိုနိုင်ခဲ့သည်။ အချိန်ကြာမြင်စွာ အလုပ်လုပ်ခြင်း နှင့် နှလုံးရောဂါဖြစ်ပွားမှု မည်သို့ မည်ပုံ ဆက်စပ်သည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးသော်လည်း အလုပ်အတွင်း ဖြစ်ပေါ်လာသော စိတ်ဖိစီးမှုများကြောင့် ဖြစ်နိုင်သည်ဟု ပါရဂူတို့က ကောက်ချက် ချခဲ့သည်။

လန်ဒန်အခြေစိုက် သုတေသန အဖွဲ၏ အဆိုအရ ၎င်းတို့၏ သုတေသနပြုမှု အတွင်း ရုတ်တရုက် နှလုံးခုန်ရပ်ခြင်းနှင့် ရင်ဘတ်စူးအောင့်ခြင်းများ အပါအဝင် နုလုံးရောဂါကြောင့် သေဆုံးမှု ၃၆၉ ခုရှိရာ သတ်မှတ်အလုပ်ချိန်ထက် ၃ နာရီမှ ၄ နာရီ အချိန်ပို အလုပ်လုပ်သူများအဖို့ အဆိုပါ နုလုံးရောဂါ၏ ဆိုးကျိုးအန္တရယ်များ သက်ရောက်ရန် ပုံမှန်ထက် ၆၀ရာခိုင်နှုန် ပိုမိုမြင့်မားသည်ဟု သိရသည်။ သို့သော် ပုံမှန် အလုပ်ချိန် ၇ နာရီထက် တစ်နေ့တွင် အချိန်ပို ၁နာရီမှ ၂နာရီခန့် ပိုမို အလုပ်လုပ်ခြင်းသည် ထိုနုလုံးရောဂါ၏ ဆိုးကျိုးအန္တရယ်များ ပိုမိုမြင့်မားလာခြင်း မဖြစ်ပွားနိုင်ဟု ဆိုသည်။

“ဒီ နှလုံးရောဂါရဲ့ အကျိုးသက်ရောက်မှုက သတ်မှတ်ချိန်ထက် ၃ နာရီနဲ့ အထက် ပိုပြီးအလုပ်လုပ်မှ ဖြစ်ပွားမှာပါ။ ဒါကြောင့် ပုံမှန်အလုပ်ချိန်ထက် တစ်နာရီလောက် ပိုသွားရုံနဲ့တော့ ဆိုးကျိုး ကြီးကြီးမားမား မရှိပါဘူး” ဟု University College London နှင့် Finnish Institute of Occupational Health မှ ရောဂါ ကူးဆက်ပျံ့ပွားမှု ကာကွယ်ခြင်း ဆိုင်ရာ ပါရဂူ ဒေါက်တာ Marianna Virtanen ကပြောကြားပါသည်။

ထိုသို့ အချိန်ပို အလုပ် လုပ်သောကြောင့် နှလုံးရောဂါ ပြဿနာများ ဖြစ်ပွားမှုပမာဏ မြင့်တက်လာခြင်းမှာ ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်း၊ ကိုလက်စထရောဓာတ် မြင့်မားခြင်း စသည့် နှလုံးရောဂါအတွက် အန္တရယ်ရှိနိုင်သော အခြား အကြောင်းအရင်းများ အပေါ် ဆက်နွယ်မှီခိုမှု မရှိဘဲ သီးခြား အကျိုးသက်ရောက်မှုကို ဖြစ်ပွားစေကြောင်း သိရသည်။

သို့သော် ဒေါက်တာ Marianna Virtanen ၏ အဆိုအရ နှလုံးရောဂါကို အန္တရယ် ပေးနိုင်သော အဝလွန်ခြင်းနှင့် အရက် အလွန်အကျွံသောက်ခြင်းတို့ ကဲ့သို့ပင် အချိန်ကြာမြင့်စွာ ပိုမိုအလုပ်လုပ်သော နေထိုင်မှု ပုံစံသည်လည်း ရောဂါအပေါ် တူညီသော ဆိုးကျိုး သက်ရောက်မှု ဖြစ်ပွားစေသည်ဟု သိရသည်။

အခြေခံကျကျ သုံးသပ်ရလျင် အလုပ်ချိန်ပိုမို ကြာမြင့်သည်နှင့်အမျှ အလုပ်နှင့် ဆက်စပ်နေသော စိတ်ဖိစီးမှုများလည်း မြင့်တက်လာသည်ဖြစ်ရာ ၎င်းတို့သည် ကိုယ်တွင်းဇီဝကမ္မ ဖြစ်စဉ်များကို ဝင်ရောက် နှောက်ယှက်သကဲ့သို့ ဖြစ်ပွားနိုင်သည်။ ထိုနည်းအားဖြင့် နာမကျန်း ဖြစ်သည့်အထိ ဆက်လက်၍ အလုပ်လုပ်မိလျက်သား အခြေအနေသို့ ရောက်ရှိရသည်ဟု ဆိုသည်။

ဒေါက်တာ Marianna Virtanen နှင့် အပေါင်းအပါများက အဆိုပါတွေ့ရှိချက်ကို European Heart Journal တွင်ဖော်ပြခဲ့ကြသည်။ University of Glasgow’s Western Infirmary (ဂလက်စ်ဂိုး အနောက်ပိုင်း တက္ကသိုလ်) ၏ ဆေးဝါးဗေဒ ဌာနမှ ပါမောက္ခ Gordon McInnes က ၎င်းတွေ့ရှိချက်သည် ဆရာဝန်တစ်ဦးအဖို့ လူနာ၏ နှလုံးရောဂါ ဖြစ်ပွားနိုင်မှု အန္တရယ်ကို ပိုမို ကျယ်ကျယ်ပြန့်ပြန့် တွက်ဆနိုင်ရန် အရေးပါသော အချက်ဖြစ်သည်ဟု ဆိုသည်။

“အကျိုးရလဒ်က တစ်ကယ့်ကို ရိုးရိုးလေးပါ။ အရေးပါမှုကတော့ ပုံမှန် လက်ခံထားတဲ့ အချက်တွေထက် အများကြီးပိုပါတယ်။ အချိန်ပို အလုပ်လုပ်တဲ့နေရာမှ လုပ်ငန်းခွင်ဖိအားတွေပါ အပိုတွဲပါလာတတ်ပြီး အဓိကအချက်ကတော့ ဒါတွေက နှလုံးသွေကြောဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ချေ ပမာဏ မြင့်မားလာတာပါပဲ” ဟု ပါမောက္ခ Gordon McInnes က ပြောကြားပါသည်။

- (Hapatitis A,B,C,D,E) အသည်းရောင်အသားဝါအကြောင်းသိကောင်းစရာ

(Hapatitis A,B,C,D,E) :P

ကျနော် အချိန်ရတုံးလေးတင်ပေးလိုက်တယ်။
အားလုံးလည်း မ see တာကြာပေါ့...

အသည်းရောင်ရောဂါအကြောင်း အစုံးအလင် သိရအောင်လို့ တစုတဝေးတင်ပေးလိုက်တယ်။

အိုင်ကြီးတော့ အားလုံးစစ်ပြီးပြီ ဘာမှမရှိဘူးတဲ့...မမလေးတွေ စိတ်ချ...

ကဲ လေ့လာလိုက်ကြဆိုဗျာ...

အသဲရောင်စေသည့် (ဗိုင်းရပ်စ်) ပိုး ၅ မျိုးရှိတယ်။
A, B, C, D, E ...တော်သေးလို့ Z ထိမရှိတာ...
(ဗိုင်းရပ်စ်) ပိုးမှ ကူးသည့် အခြား ရောဂါတွေကတော့ အအေးမိခြင်း၊ ခွေးရူးပြန်ခြင်း၊ အချို့ သော ကင်ဆာရောဂါများ၊ ဦးနှောက် အမြှေးပါး ရောင်ခြင်း၊ ရေယုံ၊ ဝက်သက်ရောဂါ၊ တုပ်ကွေး၊ ရေကြောက် တို့ဖြစ်တယ်။

အသဲရဲ့ လုပ်ဆောင်ချက်တွေကတော့...
1. အစာထဲက အဆီ၊ ဆီတို့ကို အစာခြေပေးတယ်။
2. အား (အင်နာဂျီ) ကို သိုလှောင်ထားတယ်။
3. အဆိပ်အတောက်ကို ဖယ်ရှားပစ်တယ်။
4. (ဘိုင်းလ်) အစာခြေရည် ထုတ်ပေးတယ်။
5. ကိုလက်စထရော၊ သွေးခဲစေသည့် ပစ္စည်းများ၊ ပရိုတင်းများ ထုတ်လုပ်ပေးတယ်။

စဖြစ်တော့မယ်ဆိုရင်တော့ အောက်က အချက်တွေနဲ့အမျာဆုံး ပြတယ်။
1. အသား (မျက်လုံး၊ လက်သည်း၊ အရေပြား၊ ဆီး) ဝါခြင်း၊
2. အသဲကြီးခြင်း၊
3. အသဲနေရာက နာခြင်း၊
4. LFT အသဲလုပ်ငန်းများအား စစ်သောအခါ (ဘီလီရူဗင်) များနေမယ်။

A ကာကွယ်ဆေး သည် 95% ထိရောက်သည်။

A ကိုစပြောကြည့်မယ်။

Hepatitis A အသဲရောင် အေ = Viral Hepatitis/Infectious Hepatitis

• ကူးစက်ရောဂါဖြစ်တယ်။
• (ဗိုင်းရပ်စ်) ပိုးများမှ ကူးတယ်။
• အသေအပျောက်ဖြစ်တယ်။
• ဇူလိုင်၊ သြဂုတ်၊ စက်တင်္ဘဘာ (၃) လ အထူး ဂရုစိုက်ပါ။

ရောဂါလက္ခဏာများ ကတော့
အားနည်းခြင်း ခံစားရသည်၊ မစားချင်၊ မသောက်ချင် ဖြစ်လာမယ်။
ဖျား၊ ချမ်း၊ ခေါင်းကိုက်၊ ပျို့၊ အန်၊ အသား (မျက်လုံး၊ လက်သည်း၊ အရေပြား၊ ဆီး) ဝါလာမယ်။
Jaundice လို့လည်းခေါ်ပြန်တယ်။
ဖြစ်တတ်သော အခြားရောဂါ အများအပြားလဲ ရှိတယ်။
အသဲရောင်သဖြင့် ရင်ဘတ်ညာဘက်အောက်ပိုင်းနေရာ သို့မဟုတ် ဝမ်းဗိုက်ညာဘက် အထက်ပိုင်းနေရာ၊ သို့မဟုတ် ရင်ခေါင်းနေရာက နာလာမယ်။

ကာကွယ်ပုံကတော့
• ပါးစပ်ထဲဝင်သည့် (ရေ၊ နို့၊ ဖျော်ရည်) တို့ကို ပွက်သွားအောင် ကြို၍သောက်ပါ။ရေသန့်ဆေး (Chlorine tablet) ထည့်၍ သုံးပါ။ ပွက်သွားအောင် ကြိုမထားသောရေနှင့် ရေသန့်ဆေး ထည့်မထားသောရော၊ ရေသန့်ပုလင်းကရေ မဟုတ်ပါက မသောက်ပါနှင့်။
• (အစားအစာ) တို့ကို ပွက်အောင်ပြုတ်၊ ကျော်၊ ပေါင်း၊ ချက်ထားသည့်အစာကို ပူနွေးနေစဉ် စားပါ။ ချက်ပြုတ်ပြီးပါက ယင်ကောင် မနားစေရန် ဖုံးအုပ်ထားပါ။ ယင်ကောင်၏ ခြေထောက်၌ ပိုးကပ်ပါလာနိုင်သည်။ အပြင်းစာ၊ အပြင်ဆိုင်က ရောင်းသည့် အစာများကို သန့်-မသန့် စစ်ဆေးပြီးမှ စားပါ။ ဖြစ်နိုင်လျှင် မစားပါနှင့်။ ရောဂါရှိသူ ချက်ပြုတ်ကျော်လှော် ဆေးကြောသည်မှ ကူးစက်နိုင်သည်။
• Hepatitis A အသဲရောင်အသားဝါရောဂါ A ကာကွယ်ဆေး သည် 95% ထိရောက်သည်။

အခြားနည်းများတွေကတော့
• ရေလောင်း အိမ်သာကိုသာ သုံးပါ။ မရှိပါက ယင်လုံအိမ်သာ သုံးပါ။
• ဆီးဝမ်းသွားပြီးတိုင်း ဆပ်ပြာနှင့် လက်ဆေးပါ။
• အသီးအနှံများကို မစားမီ ရေသန့်သန့်ဖြင့် ဆေးပါ။ ဆားရေဖြင့် ဆေးက ပိုကောင်းသည်။

ကုသခြင်း ထက် ကာကွယ်ချင်းပေါ့ဗျာ။
• အနားယူပါ၊
• ရေ၊ အရည်များများသောက်ပါ။
• လိုအပ်ပါက သွေးထဲ သွင်းပေးပါ၊
• အဆီ၊ ဆီ လျှော့စားပါ၊
• အရက်၊ မူးယစ်ဆေး၊ ဆေးလိပ်၊ ပြင်းသည့် ဆေးဝါးများ ရှောင်ပါ။ • အသဲအားဆေး သောက်ပါ၊ ထိုးပါ၊

Hepatitis B

Hepatitis B

Hepatitis B virus (HBV) ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည့် ကူးစက်ရောဂါအပြင်းစားဖြစ်တယ်။
အသဲကင်ဆာ၊ အသည်းခြောက် ရောဂါနှင့်၊ အသဲအလုပ် မလုပ်တော့ခြင်းတို့ကို ဆက်ဖြစ်စေနိုင်တယ်။
HIV ကဲ့သို့ သွေး-ဆေးထိုးအပ် မှတဆင့်၎င်း၊ ကိုယ်ကထွက်သော အရည်များက၄င်း၊ မိခင်က ကလေးသို့၎င်း၊ လိင်ဆက်ဆံခြင်းမှ၎င်း ကူးစက်နိုင်တယ်။
ဒါပေမဲ့ HIV ထက် အဆ ၁ဝဝ ပို၍ ကူးစေတယ်...ကူးစက်မြန်တယ်ပေါ့ဗျာ...(ကြော်ငြာဝင်လိုက်အုံးမယ်...1500ထက်ဆိုးတယ်...)
ကလေးများဖြစ်လျှင် ပိုဆိုးနိုင်တယ်။
၆ လ အောက် ရက်တိုနှင့် ၆ လအထက် နာတာရှည် ၂ မျိုးဖြစ်နိုင်တယ်။
Signs and symptoms ရောဂါလက္ခဏာများ လက္ခဏာ မပေါ်ဘဲ ပိုးရှိနေတတ်တယ်။

ပိုးဝင်ပြီး တလခွဲအကြာ လက္ခဏာများ ပေါ်မည်။ အစားပျက်ခြင်း၊ ပျို့အန်ခြင်း၊ အားယုတ်ခြင်း၊ ဗိုက် အသဲနေရာနာခြင်း၊ ဆီးအရောင် ရင့်ခြင်း၊ အသားဝါခြင်း၊ အဆစ်နာခြင်း၊ Hepatitis B surface antigen (HBsAg), Antibody to hepatitis B surface antigen (anti-HBs), Antibody to hepatitis B core antigen (anti-HBc) တို့ကို စမ်းသပ်ခြင်းဖြင့် ရောဂါပိုးရှိ-မရှိ သိနိုင်တယ်။
ပိုးနှင့်တွေ့သည်ဟု သံသယရှိပါက Hepatitis B immune globulin within 24 hours နှင့် Hepatitis B vaccine x 3 doses ဆေးထိုးရမည်။
Interferon, Lamivudine (Epivir-HBV), Adefovir dipivoxil (Hepsera), Entecavir (Baraclude) ဆေးများပေးနိုင်သည်။
Liver transplantation အသဲအစားထိုးခြင်း လုပ်နိုင်သည်။

Hepatitis C

Hepatitis C

(စီ) ပိုးကတော့ လက္ခဏာမပေါ်ဘဲ ပိုးရှိနေတတ်တယ်။
Hepatitis C virus (HCV) ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည့် ကူးစက် ရောဂါ အပြင်းစား ဖြစ်တယ်။
ဥပမာ အသဲကင်ဆာ၊ အသည်းခြောက်ရောဂါနှင့် အသဲအလုပ်မလုပ်တော့ခြင်းတို့ကို ဆက်ဖြစ် စေနိုင်တယ်။
လိင်မှတဆင့် မကူးစက်၊ ဆေးထိုးအပ်ကတဆင့် ကူးစက်နိုင်တယ်။
မိခင်မှ ကလေး ကူးတယ်... ။

အစားပျက်ခြင်း၊ ပျို့-အန်ခြင်း၊ အနည်းငယ် အားယုတ်ခြင်း၊ ဗိုက် အသဲနေရာ နာခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ အသားဝါခြင်း၊ အဆစ်နာခြင်း၊ တုပ်ကွေးလိုဖြစ်ခြင်း၊ သွေးစစ်၍ သိနိုင်တယ်။
နာတာရှည်ရောဂါတမျိုးလည်း ဖြစ်တယ်။
Weekly injections of a drug called pegylated Interferon alfa combined with Ribavirin (Rebetol) BD ဆေးများကို ဆရာဝန်ကြီးများပေးကြတယ်။
အသဲ အစားထိုးခြင်း လုပ်နိုင်တယ်။

Hepatitis D & E

Hepatitis D

(HDV) ဟာ လိင်-သွေးမှတဆင့် ကူးတတ်တယ်။
(B) ပိုးရှိနေမှ (D) ပိုးကူးတတ်တယ်။...upgrade ပေါ့ဗျာ...
အစားပျက်ခြင်း၊ ပျို့-အန်ခြင်း၊ အားယုတ်ခြင်း၊ ဗိုက် အသဲနေရာ နာခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ အသားဝါခြင်း၊ အဆစ်နာခြင်း၊ (B) ပိုး ကာကွယ်ဆေး ထိုးထာသင့်တယ်ဗျ။
Interferon-alfa ဆေးပေးခြင်း၊ အသဲအစားထိုးခြင်း လုပ်ပေးနိုင်တယ်။

Hepatitis E

(E) ဟာ ကြောက်စရာ အကောင်းဆုံးဖြစ်တယ်။နာတာရှည်ဖြစ်စေတယ်။ကင်ဆာ ဖြစ်သွားစေသည်။ ကူးစက်ပုံမတူ၊ HIV-AIDS ကဲ့သို့ ဆေးထိုးအပ်မှ၎င်း၊ ကျား-မ အတူနေ၍၄င်း ကူးတယ်။
မိခင်မှ ကလေးအား ကူးတယ် (B) ပိုးရှိနေမှ (D) ပိုးကူးတယ်။အစားပျက်ခြင်း၊ ပျို့-အန်ခြင်း၊ အားယုတ်ခြင်း၊ ဗိုက် အသဲနေရာ နာခြင်း၊ ဆီးအရောင် ရင့်ခြင်း၊ အသားဝါခြင်း၊ အဆစ်နာခြင်း တို့ဖြစ်တတ်တယ်။
ကိုယ်ဝန်ဆောင်များ၌ အဖြစ်များတယ်။
နာတာရှည်မဖြစ်၊ (A) ကဲ့သို့ အစား-ရေကတဆင့် ကူးစက်တတ်တယ်။

Shortcut ...

Shortcut ...

အသဲရောင်ရောဂါများရဲ့ ကူးစက်ပုံများ၊
• (A) နှင့် (E) တို့သည် (စအို) မှ ထွက်၍ (ပါးစပ်) သို့ ဝင်သည့် လမ်းကြောင်းက ကူးစက်တယ်။
• (B) သည် အတူနေခြင်း၊ လိင်လမ်းကြောင်း၊ သွေး၊ ဆေးထိုးအပ်၊ ကလေးအား မိခင်တို့မှတဆင့် ကူးတယ်။
• (C) သည် ဆေးထိုးအပ်မှ ကူးသည်ကများတယ်။
• (D) သည် ထိတွေ့ခြင်းနှင့် ဆေးထိုးအပ်တို့မှ ကူးတယ်။ (B) ရှိနေလျှင် ဖြစ်တတ်တယ်။
• (စအို) မှထွက်၍ (ပါးစပ်) သို့ဝင်သည့် လမ်းကြောင်းက ကူးစက်သည့် အခြားရောဂါများမှာ ဝမ်းပျက်ခြင်း၊
ဝမ်းကိုက်ခြင်း၊ ကာလဝမ်းရောဂါ၊ အူရောင်ငန်းဖျားခေါ် တိုက်ဖွိုက် (Typhoid) ရောဂါ တို့ဖြစ်တတ်တယ်။

ကုသခြင်း။
• အရက်၊ မူးယစ်ဆေး၊ ဆေးလိပ်၊ ပြင်းသည့် ဆေးဝါးများ ရှောင်ပါ။
• အသဲအားဆေး သောက်ပါ၊ ထိုးပါ၊
• (B) ပိုးနှင့် ထိတွေ့ရပါက Hepatitis B immune globulin injection ကို ၁၄ ရက်အတွင်း ထိုးပါ။ Hepatitis B ကာကွယ်ဆေး ၃ ခါထိုးပါ။
• (C ) ဖြစ်လျှင် (A) ၂ ခါ၊ (B) ၃ ခါ ကာကွယ်ဆေးများ ထိုးပါ။
• (C) အတွက် Pegylated Interferon and Ribavirin ဆေးများပေးတတ်ကြတယ်။
ပရော်ဖက်ဆာ istudent ရဲ့ postကို ကူးယူဖော်ပြပါသည်။ မူရင်း postကို ဖတ်ချင်ရင်တောဒီမှာ ပါ။





- သားအိမ်ခေါင်းကင်ဆာ

(သားအိမ်ခေါင်းကင်ဆာ)


အာရှတွင် သားအိမ်ခေါင်းကင်ဆာကြောင့် (၄) မိနစ်တိုင်း အမျိုးသမီးတစ်ဦး သေဆုံးနေရပြီး မရေမတွက်နိုင်သော မိသားစုဝင်များ ဆုံးရှုံးကြေကွဲမှု ကို ခံစားနေကြရပါတယ် ။

သားအိမ်ခေါင်းကင်ဆာဟာ သေဆုံးမှုနှုန်း ဒုတိယအများဆုံး ကင်ဆာဖြစ်ပါတယ် ။ ဒီအချက်ကို သတိပြုမိမှု တော်တော်နည်းနေသေးတာဟာ အမှန်တကယ် တုန်လှုပ်စရာ ကောင်းလှပါတယ် ။

အမျိုးသမီးများရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ရုံသာမက မသေဘဲ ဝေဒနာ ခံစားနေရသူများမှာလည်း ကိုယ်ရော စိတ်ပါ ခံစားရပါတယ် ။ အသက်အရွယ်မရွေး ၊ အဆင့်အတန်းမရွေး အမျိုးသမီးတိုင်း ဖြစ်ပွားနိုင်ပါတယ် ။

တခြား ကင်ဆာ တွေနဲ့ မတူတာက သားအိမ်ခေါင်းကင်ဆာဟာ HPV ( Human Papolloma Virus ) ( HIV မဟုတ်ပါ ) ပိုးကြောင့် ဖြစ်ပြီး ကာကွယ်လို့ရပါတယ် ။
HPV ပိုးအမျိုးပေါင်း ၁၀၀ ကျော်အနက် က အချို့သာလျှင် ကင်ဆာ ဖြစ်စေပါတယ် ။

ပုံမှန်အားဖြင့် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ virus ပိုးဝင်လာပြီဆိုရင် ပြန်လည်တိုက်ထုတ် ဖို့ ကိုယ်ခံစွမ်းအား တည်ဆောက်လေ့ရှိပါတယ် ။ ဒါပေမဲ့ HPV ကိုတော့ တိုက်မထုတ်နိုင်ပါဘူး ။ ဘာလို့လဲဆိုတော့ ပိုးအမျိုးအစားတွေက များလွန်းတော့ ခန္ဓာကိုယ်က မမှတ်မိတော့ဘဲ အချို့ကိုသာ ကာကွယ်နိုင်ပြီး နောက်ထပ် တစ်မျိုးထပ်ဝင်လာရင် အခက်တွေ့ရပြန်ပါတယ် ။

ဒါကြောင့် အမျိုးသမီးတိုင်းဟာ သားအိမ်ခေါင်းကင်ဆာ အကြောင်း သိထားသင့်ပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားသင့်ပါတယ် ။

လက်ရှိအချိန်ထိ အကောင်းဆုံးကာကွယ်နည်းကတော့ ပုံမှန်စစ်ဆေးပြီး စောစီးစွာ ကုသမှုခံယူရန် ဖြစ်ပါတယ် ။ ပုံမှန်စစ်ဆေးခြင်းဖြင့် ရောဂါ ဖြစ်ပွားမှု နှုန်း သိသိသာသာ လျော့ကျသွားကြောင်း တွေ့ရှိရပါတယ် ။ ပုံမှန်အခြေအနေမှ မည်သည့်ပြောင်းလဲမှု ကို မဆို စောစီးစွာ သတိပြုမိပြီး ထိရောက်စွာ ကုသနိုင်ပါတယ် ။

ကင်ဆာရောဂါအကြောင်း သိလိုသည်များကို ဆရာဝန်အား ပွင့်လင်းစွာ ဆွေးနွေး တိုင်ပင် မေးမြန်းထားသင့်ပါတယ် ။ ကာကွယ်ဆေး ထိုးပါ ။ စောစီးစွာ ကုသမှု ခံယူပါ ။
(SSC ပညာပေးလက်ကမ်း စာစောင်မှ)

- အိပ်ခ်ျအိုင်ဗွီလိုပဲ ဘီပိုးကိုလည်း မျက်ခြည်မပြတ်သင့်ပါ

 အိပ်ခ်ျအိုင်ဗွီလိုပဲ ဘီပိုးကိုလည်း မျက်ခြည်မပြတ်သင့်ပါ 



      ဘီ၊ စီ ရောဂါတွေဖြစ်ပါတယ်။ အသည်းရောင်အသားဝါရောဂါဟာ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ရတာပါ။ကင်ဆာရောဂါတွေထဲကအသည်းကင်ဆာရောဂါနဲ့သေဆုံးရသူဦးရေဟာလည်းမြင့်မားနေဆဲဖြစ်ပါတယ်။
      အသည်းကင်ဆာရောဂါဟာ အရှေ့တောင်အာရှဒေသမှ အဖြစ်အများဆုံးလည်းဖြစ်တယ်လို့ သိရပါ တယ်။ အသည်းကင်ဆာရောဂါဝေဒနာရှင် ၁၀၀မှာ ၈၀ဦးဟာအသည်းရောင်အသားဝါဘီကြောင့်ဖြစ်ရ တာလို့လည်းသိရပါတယ်။ အသည်းရောင်အသားဝါ ဘီဗိုင်းရပ်စ်ပိုးဟာ ဒီအင်န်အေ (DNA) ဗိုင်းရပ်စ်ပိုးဖြစ် ပါတယ်။ အုပ်စုအမည်ကတော့ Hepandna လို့ခေါ်တယ်လို့ သိရပါတယ်။ရောဂါပိုးရဲ့ရောဂါပျိုးချိန်ဟာ လေးပတ်ကနေ၂၀ပတ်ခန့် ဖစ်ပါတယ်။ ဘီပိုးကူးစက်စေနိုင်တဲ့ အနေအထားကလိင်ဆက်ဆံမှုမှကူးစက်နိုင် တယ်၊ တံတွေးကနေကူးစက်နိုင်တယ်။ မိခင်မှ ကလေးသို့ ကူးစက်နိုင်ပါတယ်။ နာတာရှည်လူနာအဖြစ် ရောက်သွားနိုင်တာက၅ရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်းရှိပါတယ်။တူမတစ်ယောက်သဖွယ်ရင်းနှီးတဲ့ သူလေးက မေးလာပါတယ်။
      အသည်းရောင်အသားဝါဘီပိုးရှိတဲ့ လူတစ်ယောက်ဟာ သွေးမလှူရဘူး၊ သွေးအလှူမခံဘူးလို့ သူကြား ဖူးတယ်တဲ့။ အသည်းရောင်အသားဝါဘီဟာ လူတိုင်းမှာဖြစ်နိုင်တယ်၊အဲဒီပိုးက အိပ်ခ်ျအိုင်ဗွီပိုးလိုပဲ ကူးစက်ပုံ သဘာဝချင်းတူတယ်ဆိုတာ ဟုတ်ပါသလားလို့ ဆိုပါတယ်။ ဒါကြောင့် အထက်ကဖော်ပြသလို အသည်း ရောင်အသားဝါဘီရောဂါအကြောင်း အကြမ်းဖျင်းလေးကို ပဏာမတင်ပြလိုက်တာပါ။ အသည်းရောင် အသားဝါ ဘီပိုးရှိသူဟာ သွေးမလှူရဘူးဆိုတာထက် အသည်းရောင်အသားဝါရောဂါ၊ ဘာပဲဖြစ်ဖြစ် ဖြစ်ဖူး သူဟာ တစ်နှစ်အတွင်းသွေးမလှူရပါဘူး၊ သွေးမလှုသင့်ပါဘူးလို့ ကျန်းမာရေးဌာနက ညွှန်ကြားထားပါ တယ်။
        ပြီးတော့အသည်းရောင်အသားဝါဘီကို မကူးစက်အောင် ကာကွယ်ဖို့ဆေးရှိပါတယ်။ အသည်းရောင် အသားဝါဘီပိုးရောဂါဟာအဓိကရောဂါ၏ ပိုးရှိသူနဲ့ လိင်ဆက်ဆံရာကနေ ကူးစက်နိုင်ပါတယ်။ အတိအကျ ပြောရရင်ရောဂါပိုးရှိသူရဲ့သွေး၊တံတွေးမျက်ရည်နဲ့ ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေကနေ တဆင့်ကူးစက် နိုင်ပါတယ်။ ဘီပိုးဝင်ပြီးဆိုတာနဲ့အသားဝါခြင်း၊ မျက်စိဝါခြင်း၊ အသည်းကကောင်းကောင်း အလုပ် မလုပ်နိုင် တော့ခြင်း စတဲ့ လက္ခဏာတွေပြလာပါတယ်။ ရောဂါပိုးရှိသူတိုင်းကနေတဆင့် အခြားသူတွေကို ကူးစက် နိုင်ပါတယ်။ တချို့ဝေဒနာသည်တွေဟာဖော်ပြပါရောဂါ လက္ခဏာတွေမပြပေမယ့်လည်း ရောဂါပိုးသယ် ဆောင်ဖြန့်ဖြူးနေသူဖြစ်နေနိုင်ပါတယ်။ တခါတရံမိမိကိုယ်တိုင် ဘီပိုးရှိလို့ရှိမှန်းတောင် မသိကြပါဘူး။ ဘီပိုး ဟာ ခန္ဓာကိုယ်ထဲမှာ အချိန်ကြာကြာကြီးကို အောင်းနေတတ်ပါတယ်။ အဲဒီလိုအောင်းနေသမျှကာလပတ်လုံး တစ်ဦးမှ တစ်ဦးကို စောစောကပြောတဲ့ နည်းတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ ကူးစက်ဖို့လည်း လွယ် ကူပါတယ်။ ဒီတော့ဘီပိုးကူးစက်ပုံကအိပ်ခ်ျအိုင်ဗွီပိုးကူးစက်ပုံ ကူးစက်နည်းနဲ့ တူနေတယ်ဆိုတာ အဲဒီနည်း တွေကြောင့်လို့ ယူဆရပါတယ်။ ပြီးတော့ရောဂါပိုးရှိသူ အသုံးပြုနေတဲ့ သွားတိုက်တံ၊ မုတ်ဆိတ်ရိပ်ဓား အခြားထိရှစရာ ကိရိယာ တွေကနေလဲ ကူးစက်နိုင်ပါသေးတယ်။ ဒီတော့ ရောဂါပိုးရှိနေတယ်လို့ သိရတာနဲ့ အဲဒီလူရဲ့ အသုံးအဆောင်တွေကို ယူမသုံးမိဖို့အရေးကြီးပါတယ်။
         ဘီပိုးကူးစက်ပုံဟာ အိပ်ခ်ျအိုင်ဗွီပိုးကူးစက်သကဲ့သို့ပဲ စနစ်တကျပိုးသတ်မထားတဲ့ရေပွက်ပွက် ဆူအောင် ပြုတ်မထားတဲ့ ဆေးထိုးအပ်၊ ဆေးထိုးပြွန်တွေနဲ့ ဆေးထိုးကုသခံရရင်လဲ ကူးဆက်နိုင်ပါတယ်။ ဒီလိုပဲ မသန့်ရှင်းတဲ့သွားနုတ်သွားစိုက်ကရိယာတွေကလည်း ကူးစက်နိုင်ပါတယ်။ မူးယစ်ဆေးဝါး အကြော ထဲထိုးသွင်းသုံးဆွဲသူများဟာလည်းရောဂါကူးစက်ခံရနိုင်ပါတယ်။ပြီးတော့အလှအပအတွက်အန္တရာယ်ကြီးတဲ့ နားဖောက်ခြင်း၊ ဆေးမင်ကြောင်းထိုးခြင်း၊ အပ်ဆိုင်ကုသခြင်းတို့မှာသုံးတဲ့ကရိယာတွေမသန့်လို့ (စနစ် တကျပိုးသတ်မထားလို့) လည်းကူးစက်နိုင်ပါသေးတယ်။ဒါကြောင့်မို့ဆေးကုသခံယူတဲ့အခါတစ်ခါသုံးဆေး ထိုးပြွန်၊ ဆေးထိုးအပ်ကိုအသုံးပြုဖို့ အထူးသတိရဖို့လိုပါတယ်။ ဖြစ်နိုင်ရင်တော့ ခဏခဏဆေးထိုးကုသမှုမ ခံယူပဲ သောက်ဆေးများနဲ့သာပျောက်ကင်းအောင်ဆောင်ရွက်ရင်ပိုကောင်းပါတယ်။မတက်သာလို့ဆေးထိုး ကုသမှုခံယူရမယ်ဆိုရင်လည်း (အခြေအနေအရ တစ်ခါသုံးအပ်မရှိ၊ မရနိုင်တဲ့အခါ )ဆေးထိုးအပ်၊ဆေးထိုး ပြွန်ကိုစနစ်တကျပိုးသတ်ပြီး နားလည်တက်ကျွမ်းသူ ကျမ်းမာရေးဝန်ထမ်းများနဲ့သာ ကုသမှုခံ ယူရပါမယ်။ ရောဂါပိုးရှိနေသူဟာ တစ်ချိန် မဟုတ်တစ်ချိန် အခြားသူ တွေကို ရောဂါကူး စက်စေမှာဖြစ်ပါတယ်။ အဲဒီလို ရောဂါကူးစက်တဲ့အခါ အသည်းကင်ဆာဖြစ်ဖို့ အခွင့်အလမ်းဟာလည်းပိုများလာပါတယ်။ ဒီတော့ဘီပိုးရှိသူ အသည်းရောင်ဖူးသူများဟာ နေထိုင်မကောင်းလို့ ဆေးကုသခံယူရင်ဆေးပညာရှင်၊ဆရာဝန်တို့ကိုကြိုတင် အသိပေးထားရပါမယ်။အခုအချိန်မှာအသည်းရောင်အသားဝါဘီရောဂါကာကွယ်ဆေးရှိနေပြီဖြစ်တဲ့အတွက် ကြိုတင်ထိုးနှံထားရင်ပိုပြီးစိတ်ချရမှာဖြစ်ပါတယ်။ ဘီပိုးကူးစက်မခံရအောင်အထူးသတိထားရမည့်အချက်က သွေးသွင်းကုသခံယူတဲ့အခါ သေသေချာချာ စမ်းသပ်စစ်ဆေးထားခြင်းမရှိတဲ့သွေးကိုသွင်းမိခြင်းပါ။ဘီပိုးဟာန္ဓာကိုယ်ထဲမှာအချိန်တော်တော်ကြာကြာကြီးအောင်းနေနိုင်တဲ့အတွက်ပိုးရှိပြီးကျန်းမာနေပေမယ့်လည်း အဲဒီလူရဲ့သွေးကိုမသွင်းသင့်ပါဘူး။ ဒါကြောင့်ဘီပိုးရှိသူ ရောဂါဖြစ်ဖူးသူတို့သွေးမလှူသင့်ပါဘူး။ ဘီရောဂါ ဖြစ်ဖူးသူအနေနဲ့ တစ်နှစ်အတွင်း သွေးလှူခြင်းမပြုလုပ်ဖို့ကိုလည်း တားမြစ်ထားပါသည်။ ဒီတော့ကူး စက်လွယ်တဲ့ အသဲရောင်အသားဝါဘီရောဂါဟာအိပ်ခ်ျအိုင်ဗွီပိုးကဲ့သို့ပဲသဘောထားပြီးအမြဲသတိရှိရှိနဲ့သွား လာနေထိုင်သင့်ကြောင်း အသိပေးလိုက်ပါတယ်ဟု Family Health ဂျာနယ်တွင်ဖေါ်ပြထားပါသည်။
အဆိပ်အတောက် ဖယ်ရှားရေး

     ၂၀၀၀-ပြည့်နှစ် တရုတ်ပြည် ပေကျင်းမြို့နေ လူထု၏ သေဆုံးရခြင်းအကြောင်းကို သုတေသန ပြုရာတွင် ဦးနှောက်သွေးကြောရောဂါ၊ နှလုံးရောဂါနှင့် အများဆုံးသေကြရကြောင်း တွေ့ရှိရသည်။
       ယနေ့ တရုတ်ပြည် နေ့စဉ် လူ ၂၀၀၀-ခန့်သည် ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးကြရသည်။ လူအများတွင် ၆၅-ရာခိုင်နှုန်းခန့်သောလူများသည် ဆေးလိပ်သောက်ခြင်း၏ အန္တရာယ်မှာ မပြော ပလောက်ဟု ယူဆကြသည်။ ၆၀-ရာခိုင်နှုန်းသော လူများသည် ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ် ကင်ဆာရောဂါ ဖြစ်စေနိုင်သည်ကို မသိကြ။ ၉၆-ရာခိုင်နှုန်းသောလူများသည် ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးရောဂါဖြစ်နိုင်သည်ကိုလည်း မသိကြ။ ထိုသို့ မသိကြခြင်းကြောင့် လူပေါင်းများစွာသည် မသေသင့်ဘဲ သေဆုံးနေကြရရှာသည်။

     ၂၀၀၂-ခုနှစ် စက်တင်ဘာလ ၉-ရက်နေ့ထုတ် တရုတ်အလုပ်သမား နေ့စဉ်သတင်းစာအရ တရုတ်ပြည် တွင် လူသန်းပေါင်း ၁၃၀-သည် သွေးတိုးရောဂါ ခံစားနေရသည်။ ဤသွေးတိုးရောဂါရှင်များမှ ထက်ဝက် ကျော်သည် မိမိတို့၌ သွေးတိုးရောဂါရှိနေသည်ကို မသိရှာကြပေ။ ခေတ်သစ်ဆေးပညာရှင်များ၏ သုတေသ နပြုချက်အရ ဦးနှောက်သွေးကြောရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ လေးဖက်နာရောဂါ တို့သည် ရောဂါပိုးမွှားကြောင့် ဖြစ်ရသည်မဟုတ်ပေ။ လူသားတို့၏ ကျန်းမာရေးကို ရန်မူနေသော အဆိပ်အတောက် (Toxin) ကြောင့် ဖြစ်ကြောင်းကို တရုတ်ဆရာကြီး ဒေါက်တာလင် ကွမ်ချန်က ရဲရင့်စွာ ဖော်ထုတ်ပြလိုက်သည်။

    အဆိပ်အတောက် (Toxin) ဆိုသည်မှာ အများနားလည်နေကြသော အဆိပ်မဟုတ်၊ လူတို့၏ အစားအသောက်၊ စိတ်နေစိတ်ထား ပတ်ဝန်းကျင်နှင့် အနေအထိုင်တို့မှ မှားယွင်းသောအပြုအမူတို့ကြောင့် ဖြစ်ပေါ်လာသော အဆိပ်အတောက်ကိုပင် ဆိုလိုလေသည်။

     ထိုအဆိပ်အတောက်တို့ကို ဖယ်ရှားနိုင်ရန်အတွက် အချက်ကြီး ၇-ချက်ကို တင်ပြထားသည်မှာလည်း စိတ်ဝင်စားဖွယ်ကောင်း၍ သတိပြုဆင်ခြင်ဖွယ်ဖြစ်သည်။
ထိုအဆိပ်အတောက်တို့ ကင်းရှင်းနိုင်ရန်အတွက်-
(၁) ညစဉ် ၉-နာရီမှ ၁၁-နာရီအတွင်း အိပ်ရာဝင်ပါ။ အိပ်သောအခါ၌ မီးပိတ်ပြီး အိပ်ပါ။ ကြုံတွေ့ရသ မျှသော ၀မ်းနည်းဖွယ်၊ ပူဆွေးဖွယ်၊ စိတ်ညစ်ဖွယ်ရာမျာအားလုံးကို မေ့ဖျောက်ထား၍ အိပ်ပါ။

(၂) နံနက်အိပ်ရာမှထသောအခါ နေရောင်ခြည်အောက်ရှိ မြက်ခင်း သို့မဟုတ်-မြေ၀ါပေါ်တွင် ဖိနပ်မစီးဘဲ ခြေဗလာဖြင့် ၁၅-မိနစ်မှ ၃၀-မိနစ်ခန့်အထိ လမ်းလျှောက်ပေးပါ။ ထိုသို့ပြုခြင်းဖြင့် ခန္ဓာကိုယ်မှ လျှပ်စစ် အဖိုဓာတ်များကို ထုတ်ပယ်ပစ်နိုင်ပြီး လျှပ်စစ်ဓာတ်မကို ရယူနိုင်ပါသည်။

(၃) အဆိပ်ကို ခုခံနိုင်စွမ်းအား တိုးမြှင့်စေရန်အတွက် တနေ့လျှင် အကြိမ် ၂၀၀-ခန့် သိုင်းမတ်ဂလင်း (Thymus gland) ကို အချိန်အခါမရွေး နှိပ်နယ်ပေးပါ။ (သိုင်းမတ်ဂလင်းသည် ရင်ညွန့်တွင် ရှိသည်)။

(၄) တနေ့လျှင် မကျိုချက်သော ရေစိမ်း၊ ကလိုရင်းကင်းသော ရေကောင်းရေသန့် ၃၀၀၀-မီလီဂရမ်ခန့် သောက်ပါ။

(၅) တနေ့လျှင် အစာသုံးနပ် စားရာတွင် ဆန်းဆန်းပြားပြား မဟုတ်ဘဲ လွယ်ကူစွာရနိုင်သည့် အာဟာရဖြစ်စေသော အစားအသောက်များကို ရွှင်ပျစွာဖြင့် မပြုပါနဲ့။

(၆) မနှစ်မြို့ဖွယ် စိတ်ဓာတ်ကျဖွယ် အတွေးများကို ဖယ်ရှား၍ မကောင်းသောစကားများကို ပြောဆိုခြင်းမပြုပါနဲ့။

(၇) ကျေးဇူးသိတတ်၍ ကျေးဇူးပြုသူများ၏ ကျေးဇူးကို ဖွင့်ဟပြောဆိုပါ။
အကိုး။ ။ အဆိပ်အတောက် ကင်းစေရေးနှင့် ခန္ဓာကိုယ်အရည်အသွေး ပြုပြင်ပြောင်းလဲခြင်း
(ဒေါက်တာ လင်ကွမ်ချန် Ph.D၊ ယေးတက္ကသိုလ်၊ အမေရိကန်)။

                                                                                           ပါမောက္ခဒေါ်ခင်ဖြူ (မြင်းခြံ)

More Articals

 
မဟာပါသာဏ ကျောက်လုံးကြီးဓမ္မရိပ်သာ(မြ၀တီ). Design by Wpthemedesigner. Converted To Blogger Template By Anshul Tested by Blogger Templates.