( ကလေးငယ်များ နှာပိတ် နှာခြောက် ဖြစ်သော် )
ကျောက်ဆည်မြို့ စုကြီးရပ်မှာ ဆုံတွေ့ ခဲ့ရသော အဘွားဒေါ်ညွှန့်အေး ပေးသည့် လက်တွေ့ ဆေးနည်း ဖြစ်ပါသည်။
ကလေးငယ်များ အအေးမိ၍ ဖြစ်စေ, ဆောင်းတွင်းရာသီတွင်ဖြစ်စေ, နှာပိတ်ခြင်း၊ နှာခြောက်ခြင်း ဖြစ်လျှင် ရှူရသောဆေး ဖြစ်သည်၊ အန္တရာယ်မရှိ ပကတိနှာစိုလာမည်-ဟု သိရပါသည်။
ကလေးဟုပြောသော်လည်း လူကြီးလူငယ်များပါ အသုံးပြု နိုင်ကြောင်း သိရပါသည်။
ဆေးနည်းမှာ-
၁။ နံ့သာဖြူ
၂။ နံ့သာနီ
၃။ စန္ဒကူးနီ
၎။ ဇာတိပ္ဇိုလ်သီး
၅။ ဥပသကာ
၆။ လေးညှင်း
၇။ ဇီရာ
၈။ ကရဝေး
၉။ သီရွက်
- ၄င်း ၉-မျိုးကို အမျှစီ စုကြိတ် နေလှန်းပါ၊ ပြီးသော် ရှူပါ။
( ငွေဖြိုးကျော် )