စစ်မြေပြင်သို့ ရောက်သော ဆင်ပြောင်ကြီးကို...
မြားလှံကန်တို့ဖြင့် ထိုးဆွသကဲ့သို့ ...
ကိုယ်နှုတ်နှလုံး...မစောင့်စည်းသော လူတို့သည်...
သူတစ်ပါးတို့ကို ...နှုတ်လှံကန်ဖြင့် ထိုးဆွကုန်၏...
ရဟန်းသည် ...
သူတစ်ပါးတို့ ပြောဆိုအပ်သော...ကြမ်းတမ်းသော စကားကို ...
ကြားရသောကြောင့်...ဒေါသစိတ် မရှိဘဲ သည်းခံရာ၏...။

( အမေပေးသော ညှင်းပျောက်ဆေး )



            စာရေးသူတို့ ငယ်စဉ်က ညှင်းပေါက်ကြသူတွေကို တွေ့မြင်ခဲ့ရပါသည်၊ မျက်နှာနှင့် ခန္ဓာကိုယ် အထက်ပိုင်းမှာ ဟိုတစု ဒီတစုနှင့် အဖြူအကွက်ကြီး အကွက်ငယ်များ ဖြစ်ပေါ်နေကြသည်၊ အသက်အန္တ ရာယ်မဖြစ်ပေမယ့် အလှပျက်တတ်ပါသည်။

           မွေးရပ်မြေသို့ မရောက်ဖြစ်သည်မှာ ကြာပြီဖြစ်သောကြောင့် မိဘဆရာသမားများကို ကန်တော့ရန် သွားစဉ် ညှင်းပေါက်သူများ မမြင်တွေ့ရသဖြင့် အမေ့ကို မေးမိသည်။

        ဆေးနည်းကောင်း ရ,ထားပြီကွယ့်၊ ညှင်းဆိုတာတော့ ထည့်မစဉ်းစားတော့ဘူး-ဟုပြောဆိုပြီး အမေသည် ညှင်းဆေးကောင်းတလက်ကို ပေးပါသည်။

အမေပေးသော ဆေးနည်းမှာ-
          ဒန့်ကျွဲစေ့များကို မြေအိုးသန့်သန့်၌ ထည့်၍ မီးကျွမ်းအောင် လှော်ပြီး အမှုန့်ထောင်းရသည်၊
          ထိုအမှုန့်ကို နှမ်းဆီစစ်စစ်နှင့် ရောမွှေပြီး တနေ့ မနက် နေ့ ည (၃)ကြိမ် လိမ်းပေးရသည်။
          နှမ်းဆီစစ်စစ် မရနိုင်လျှင် သံပုရာရည်နှင့်လည်း လိမ်းနိုင်ပါသည်၊
         ( ၁၀ )ရက်ခန့် လိမ်းမိလျှင် ညှင်းများ ပျောက်ကင်းပြီး အသားအရေ လှပစိုပြည်နေပါသည်။

သတိပြုရန်မှာ-
            ညှင်းပေါက်နေလျှင် အသားစားခြင်းကို တတ်နိုင်သမျှ ရှောင်ရန်ဖြစ်ပါသည်။

                                                                                                                  ( ကျော်-ရမည်းသင်း )

More Articals

 
မဟာပါသာဏ ကျောက်လုံးကြီးဓမ္မရိပ်သာ(မြ၀တီ). Design by Wpthemedesigner. Converted To Blogger Template By Anshul Tested by Blogger Templates.