စစ်မြေပြင်သို့ ရောက်သော ဆင်ပြောင်ကြီးကို...
မြားလှံကန်တို့ဖြင့် ထိုးဆွသကဲ့သို့ ...
ကိုယ်နှုတ်နှလုံး...မစောင့်စည်းသော လူတို့သည်...
သူတစ်ပါးတို့ကို ...နှုတ်လှံကန်ဖြင့် ထိုးဆွကုန်၏...
ရဟန်းသည် ...
သူတစ်ပါးတို့ ပြောဆိုအပ်သော...ကြမ်းတမ်းသော စကားကို ...
ကြားရသောကြောင့်...ဒေါသစိတ် မရှိဘဲ သည်းခံရာ၏...။

- ခေတ်မီ ခေတ်စားရာနှင့် ယနေ့လူငယ်များ

             လူငယ်များဟာ အတုယူရာမှာ သူတို့ကို ဘယ်သူမှ မမီပါ။ ကျွန်တော်တို့လည်း ငယ်ရာက ကြီးလာတဲ့ အတွက် ဒီအတိုင်းပါပဲ။ ကျွန်တော်တို့ ငယ်စဉ်အခါကဆိုရင် ရုပ်ရှင်မှာကြည့်ပြီး ဘောင်းဘီအောက်ပိုင်း ပွပွ ကြီး တွေ ခေတ်စားလာပါတယ်။ အခုခေတ်ဆိုလို့ရှိရင် ကိုရီးယားရုပ်ရှင်ကားများကို ကျွန်တော်တို့ ကြည့်နေ တဲ့အတွက် လူငယ်များ အတုယူစရာလေးတွေ ဖြစ်လာပါတယ်။ လူငယ်လေးတွေ အတုယူကြတာဟာ ၀မ်းသာစရာ ဖြစ်ပါတယ်။ အခုလမ်းပေါ်မှာ ကလေးတွေဟာ ယောက်ျားလေးတွေ အတော်များများ နားကွင်း လေးတွေနဲ့ တွေ့ရပါတယ်။ ဆံပင်တွေကိုလည်း အရောင်မျိုးစုံဆိုးပြီး ဆံပင်ကို ကိုရီးယားမင်းသားများစတိုင် ထောင်ထားတာကို တွေ့ရပါလိမ့်မယ်။ ဒါဟာ လူငယ်တွေရဲ့ သဘာဝပါ။ အတုယူတတ်တာဟာ လူငယ်တိုင်းရဲ့ သဘာဝဖြစ်ပါတယ်။ ကျောပိုးအိတ်ကို စလွယ်သိုင်းပြီး ကိုရီးယားဇာတ်လိုက်များကဲ့သို့ သွားလာနေကြတာ တွေ့ရပါလိမ့်မယ်။

         ကျွန်တော်ပြောချင်တာက ၀တ်စားဆင်ယင်မှု တစ်ခုကိုသာ မဟုတ်ဘဲ တခြား အတုနမူနာ ယူစရာ တွေကိုလည်း မမေ့ဖို့ ဖြစ်ပါတယ်။ ဥပမာအားဖြင့်ဆိုရင် ကိုရီးယားမင်းသားတစ်ဦးဟာ အလုပ်သွားတော့ မယ်ဆိုရင် အလုပ်နောက်ကျမှာစိုးလို့ အမြန်သွားရပုံ၊ ရထားကိုမီအောင် အမြန်ပြေးကြပုံ၊ အထက်လူကြီးကို အလုပ်နောက်ကျမှာ ကြောက်ကြပုံတွေဟာ အတုယူသင့်ပါတယ်။ လူငယ်တွေ ဖြစ်ပေမယ့်လည်း အလုပ်ကို တန်ဖိုးထားပြီး သွားကြပုံတွေကို အတုယူသင့်ပါတယ်

          ကားမှတ်တိုင် ရထားမှတ်တိုင်တွေကျရင် တန်းစီပြီးမှ တက်ကြတာတွေဟာလည်း အတုယူ သင့်ပါတယ်။ အစားအသောက်စားပွဲ စတာတွေကို သပ်သပ်ရပ်ရပ် ထားပုံတွေကိုလည်း အတုယူသင့်ပါတယ်။ ကိုယ်ရေးကိုယ်တာ ဘယ်လောက်ပဲရှိရှိ၊ အလုပ်နဲ့ ပတ်သက်လာရင် တလေးတစား လုပ်နေကြတာတွေ အားလုံးဟာ အတုယူသင့်ပါတယ်။ အခုခေတ်လူငယ်များအနေနဲ့ ၀တ်စားဆင်ယင်မှုတစ်ခုတည်းကိုသာ အတုယူပြီး အတုယူသင့်တာတွေကို အတုမယူမိမှာ စိုးပါတယ်။ သင်တန်းတွေ၊ ပညာရေးတွေမှာ တက်တက်ကြွကြွ ပညာကို ရှာဖွေနေတာတွေ အများကြီး တွေ့ရပါလိမ့်မယ်။ ယဉ်ကျေးမှုတွေ တစ်နေရာမှ တစ်နေရာကို ပြောင်းလဲကူးစက်ရာမှာ တန်ဖိုးရှိတဲ့ အရာတွေကို အတုယူတတ်ဖို့ လိုပါတယ်။ ၀တ်စားဆင်ယင်မှုတွေကို အတုယူတတ်ရင် တခြားကောင်းတဲ့အရာများကို အတုယူဖို့ မခက်ကြောင်း တင်ပြလိုက်ပါတယ်။

[ပြည်မြန်မာ၊ အမှတ်-၇၂၇၊ ၂၉-၇-၂၀၁၀၊ မပြောဘဲသိနေရမည့် ယဉ်ကျေးမှုများ၊ အပိုင်း-၇၇၊ ခင်မောင်အေး(နှလုံး)၊ စာမျက်နှာ-၄]

More Articals

 
မဟာပါသာဏ ကျောက်လုံးကြီးဓမ္မရိပ်သာ(မြ၀တီ). Design by Wpthemedesigner. Converted To Blogger Template By Anshul Tested by Blogger Templates.