ဒါရိုက်တာ ဂျိမ်စ်း ကင်မရွန် ရိုက်ကူးသော အော်စကာဆုရ ကမ္ဘာကျော် တိုင်တန်းနစ် ရုပ်ရှင်ဇတ်ကားကြီး၏ ရုပ်ကြွ 3-D ဗားရှင်း သည် တိုင်တန်းနစ် သင်္ဘောကြီး
နှစ်မြုပ်သည့် နှစ် ၁၀၀ ပြည့် နှစ်ပါတ်လည် အမှတ်တရ အဖြစ် လာမည့် ၂၀၁၂ တွင်
ထွက်ရှိမည်ဟု မီဒီယာများက ဖော်ပြခဲ့ကြသည်။
RMS “Titanic” ဟု အမည်ရသော သင်္ဘောကြီးသည် ပထမဆုံး အပျိုစင် ခရီးစဉ်ကို အင်္ဂလန်မှ နယူးယောက်သို့ ၁၉၁၂ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ထွက်ခွာလာရာ ၄ ရက်အကြာ ၁၉၁၂ ခုနှစ် ဧပြီလ ၁၄ ရက်နေ့တွင် ပင်လယ်ထဲမျောနေသော ရေခဲတောင်နှင့်
တိုက်မိပြီး နှစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ သင်္ဘောကြီး နှစ်မြုပ်မှုကို ဇတ်အိမ်တည်ထားသော တိုင်တန်းနစ် ဇတ်ကားတွင် သင်္ဘောနှစ်မြုပ်ရာတွင် အသက်မသေဘဲ ကျန်ရှိခဲ့သည့် အသက် ၁၀၀ ရှိပြီဖြစ်သော အမျိုးသမီးကြီး Rose DeWitt Bukator က တိုင်တန်းနစ်
သင်္ဘောစတင် ထွက်ခွာစဉ်မှစ၍ နှစ်မြုပ်သည့် အချိန်အထိ အောက်မေ့ဖွယ်
အဖြစ်အပျက်မျာကို နောက်ကြောင်းပြန် ပြောပြသော ပုံစံဖြင့် ရိုက်ကူးထားသည်။
တိုင်တန်းနစ် ရုပ်ရှင်ဇတ်ကားတွင် Rose ၏ အဖွားအို ဇတ်ရုပ်ကို သရုပ်ဆောင်သော မင်းသမီးကြီး Gloria Stuart မှာ ပြီးခဲ့သော ၂၀၁၀ ဇူလိုင်လ ၄ ရက်နေ့က အမှန်တစ်ကယ်ပင် အသက် ၁၀၀ ပြည့်ခဲ့ပြီ ဖြစ်သည်။
မြို့တော်ပုသိမ် သတင်းစဉ် | PatheinCity News