စစ်မြေပြင်သို့ ရောက်သော ဆင်ပြောင်ကြီးကို...
မြားလှံကန်တို့ဖြင့် ထိုးဆွသကဲ့သို့ ...
ကိုယ်နှုတ်နှလုံး...မစောင့်စည်းသော လူတို့သည်...
သူတစ်ပါးတို့ကို ...နှုတ်လှံကန်ဖြင့် ထိုးဆွကုန်၏...
ရဟန်းသည် ...
သူတစ်ပါးတို့ ပြောဆိုအပ်သော...ကြမ်းတမ်းသော စကားကို ...
ကြားရသောကြောင့်...ဒေါသစိတ် မရှိဘဲ သည်းခံရာ၏...။

- မိုက်တိုင်စန် မြန်မာနိုင်ငံတွင် သာသနာပြုမည်

ကမ္ဘာ့အဆိုးဆုံး ပုဂ္ဂိုလ်ဟု လူသိများခဲ့ ကြသည့် ဟဲဗီးဝိတ်
ချန်ပီယံဟောင်း မိုက်တိုင်စန်သည် မြန်မာနိုင်ငံသို့ သာသနာပြုရန်
သွားရောက်မည် ဖြစ်ကြောင်း သိရှိရသည်။

“ကျနော့်ရဲ့ လူသားချင်း စာနာ ထောက်ထားမှုကို ပြသဖို့အတွက် အမှန်တကယ် အကူအညီ လိုအပ်နေတဲ့သူတွေကို ကူညီ
သွားမှာပါ။ ပြီးတော့ မြန်မာနိုင်ငံမှာ တဲလေး ထိုးပြီးနေချင်ပါတယ်” ဟု
မိုက်တိုင်စန်က ပြောကြောင်း Express သတင်းစာတွင် ဖော်ပြထားသည်။

Mike-Tyson
မိုက်တိုင်စန်က မြန်မာပြည်တွင် တဲလေးထိုး၍ နေချင်သည်ဟု ဆိုသည်
“သံမဏိ မိုက်” ဟု ကျော်ကြား ခဲ့သည့် လက်ဝှေ့ ချန်ပီယံ ဟောင်းသည် ၎င်း၏ ဘဝတလျှောက် လုံးတွင် ပြဿနာများဖြင့် ရင်ဆိုင်ခဲ့ရသည်။

၁၉၉၂ ခုနှစ်တွင် အလှဘုရင်မ ဒက်စရီ ဝါရှင်တန်ကို မုဒိမ်းပြုကျင့် ခဲ့မှုဖြင့် တရားစွဲဆို ခံရသည်။ တရားခွင် အတွင်း ဂျူရီ လူကြီးများ၏ ၁၀ နာရီကြာ
သုံးသပ်မှု အပြီးတွင် အပြစ်ရှိကြောင်း ထင်ရှား သဖြင့် မိုက်တိုင်စန်သည်
ထောင်ဒဏ် ၃ နှစ် အပြစ်ပေး ခံခဲ့ရသည်။

၁၉၉၇ ခုနှစ်၊ အီဗန်ဒါ ဟိုလီဖီးလ်နှင့် ယှဉ်ပြိုင် ထိုးသတ် ခဲ့ရာတွင် ဟိုလီဖီးလ်၏ ညာဘက်
နားရွက်ကို ကိုက်ဖြတ်ခဲ့မှု ကြောင့်လည်း ဟိုးလေး တကျော်ကျော် ဖြစ်ခဲ့သည်။

မိုက်တိုင်စန်သည် ၎င်း၏ လက်ဝှေ့သမား ဘဝအတွင်း ဝင်ငွေ ယူရို သန်းပေါင်း ၂၆၀ ကျော်ရရှိ ခဲ့ပြီးနောက် ၂၀၀၃ ခုနှစ်တွင် ဒေဝါလီ ခံလိုက်ရသည်။

အသက် ၄၄ နှစ်အရွယ် ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်းသည် ၎င်း၏ လုပ်ဆောင်ခဲ့မှုများ
အတွက် အရှက်ရနေပြီ ဖြစ်ကြောင်း၊ ကောင်းမွန်သည့် အလုပ်များကိုသာ လုပ်ဆောင်
သွားတော့မည် ဖြစ်ကြောင်း ပြောဆိုထား သည်ဟုလည်း သိရှိရသည်။

မိုက်တိုင်စန်က “ဘုရားသခင်ဆီမှာရော၊ တခြားဘာသာတွေမှာရော ကျနော့်နာမည် မပါရင်လည်း
ကိစ္စမရှိပါဘူး။ ဒါပေမယ့် လူ့ဂုဏ်သိက္ခာ ဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့
ကျနော့်နာမည်ကို ကျန်ခဲ့စေချင်ပါတယ်”ဟု Express သတင်းစာတွင် ပြောဆိုထားသည်။

“ကျနော်ဟာ လူရွှင်တော်လို ဖြစ်နေတယ်။ ဟာသလို ဖြစ်နေတယ်။ ကျနော့်ရဲ့ ကလေးတွေဆီက
လေးစားမှုကို ရအောင် ကောင်းရာကောင်းကြောင်းကို လုပ်ချင်ပါတယ်” ဟု
မိုက်တိုင်ဆန်က ဆက်လက်ပြောဆိုထားသည်။

မိုက်တိုင်စန်က ၎င်း၏ တတိယဇနီးဖြစ်သူ ကီကီ သည် သူ့ကို လူကောင်းတယောက် ဖြစ်လာအောင် အဓိက ပြုပြင်ခဲ့သူ ဖြစ်ကြောင်း ပြောသည်။

“ကျနော် ကျန်းမာပျော်ရွှင်နေအောင်၊ တခြားသူတွေ ကျနော့်ကို ပိုပြီး ချစ်လာကြအောင်
လုပ်ဆောင်တဲ့နေရာမှာ ကီကီ က စိတ်ရောကိုယ်ပါ နှစ်မြှုပ် ထားပါတယ်။
သူ့နေရာမှာသာ အခြားတဦးဆိုရင် သေသွားမှာ အသေအချာပါပဲ” ဟု မိုက်တိုင်စန်က
ပြောဆိုထားသည်။

မိုက်တိုင်စန်ကို ၁၉၆၆ ဇွန်လ ၃၀ ရက်နေ့တွင် မွေးဖွားခဲ့ပြီး လက်ဝှေ့သမား ဘဝကို အသက် ၁၅ နှစ်အရွယ်တွင် စတင်ခဲ့သည်။
ကမ္ဘာ့လက်ဝှေ့ကောင်စီ (WBC)၊ ကမ္ဘာ့လက်ဝှေ့အဖွဲ့ချုပ် (WBA) နှင့်
အပြည်ပြည်ဆိုင်ရာ လက်ဝှေ့အဖွဲ့ချုပ် (IBF) တို့တွင် မိုက်တိုင်စန်သည်
ကမ္ဘာ့အသက်ငယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံ အဖြစ် မှတ်တမ်းတင်ခံခဲ့ရသည်။ ပထမဆုံး
ဟဲဗီးဝိတ် ချန်ပီယံဖြစ်ချိန်တွင် မိုက်တိုင်စန်သည် အသက် ၂၀ သာရှိသေးသည်။



More Articals

 
မဟာပါသာဏ ကျောက်လုံးကြီးဓမ္မရိပ်သာ(မြ၀တီ). Design by Wpthemedesigner. Converted To Blogger Template By Anshul Tested by Blogger Templates.